ချစ်သူများနေ့မှာ ချစ်ရတဲ့မွေးစားကလေးတွေနဲ့ ဘုရားအတူဖူးခဲ့တဲ့ ခိုင်နှင်းဝေ

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်နေတဲ့ ပရဟိတမင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ် ။ သူမရဲ့ အနုပညာကို ပရိသတ်တွေက ချစ်ကြသလို သူမရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျိုးမကြည့်ဘဲ ကူညီလှူဒါန်းမှုတွေကြောင့် ပရိသတ်တွေက ချစ်ခြင်းထက် လေးစားခြင်းက ပိုနေရတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူး ။ မိဘမဲ့ လူမမယ် ကလေးငယ်လေးတွေကို ကျောင်းဆောက်ပေးပြီး ကိုယ့်သွေးသားရင်းပမာ ပြုစုစောင့်ရှောက်ပေးနေတယ်ဆိုတာတော့ ပရိသတ်ကြီးလည်း သိပြီးဖြစ်မှာပါ ။

 

 


လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ချစ်သူများနေ့တုန်းက သူမ ချစ်တဲ့ သူမရဲ့ သားသမီးတွေနဲ့ အတူ ရွှေတိဂုံစေတီတော်ကြီးမှာ သွားရောက်ဖူးမျှော်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ ” ကလေးတွေအကုန်တော့ မခေါ်လာနိုင်ဘူးပေါ့..လမ်းလျှောက်တတ်တဲ့ အကြီးလေးတွေနဲ့ ကျမသမီးလေး ခေါ်သွားတယ်..အပြင်ကိုမလိုက်ဖူးကြတော့ ကလေးတွေပျော်နေကြတယ်လေ..ကိုယ့်ပရိသတ် ထက် သူတို့ ပရိသတ်ကပိုများနေတယ်…သူတို့လေးတွေကို ချစ်ပေးကြလို့ ရင်မှာပီတိတွေနဲ့ အပျော်ကြီးပျော်ခဲ့ရတဲ့ နေ့လေးတနေ့ဖြစ်ခဲ့ပါတယ်ရှင် ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ကလေးတွေကို ပရိသတ်တွေကပါ ဝိုင်းချစ်ပေးကြလို့ ကြည်နူးနေရတဲ့အကြောင်းကိုလည်း ရေးသားထားပါသေးတယ် ။

 

 

ပရိသတ်အချို့ကလည်း ဒီပုံလေးတွေကြည့်ပြီး ပီတိတွေဖြစ်ပြီး ဝမ်းနည်းလို့မျက်ရည်တောင်ကျမိတယ်လို့ မှတ်ချက်တွေပေးထားကြပါသေးတယ် ။ သွေးမတော်သားမစပ်ပေမယ့် လူသားဆန်တဲ့ စိတ်ဓာတ်တစ်ခုထဲနဲ့ သားသမီးတွေရှေ့ကနေ ရဲရဲဝံ့ဝံံရပ်တည်ပေးနေတဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေပေါ်လွင်နေတဲ့ သူမတို့ရဲ့ ပုံရိပ်လေးတွေကို Cele Zone ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော် ။

 

 

Source : Khin Hnin Wai
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ခ်စ္သူမ်ားေန႔မွာ ခ်စ္ရတဲ့ေမြးစားကေလးေတြနဲ႔ ဘုရားအတူဖူးခဲ့တဲ့ ခိုင္ႏွင္းေ၀

 

နာမည္ေက်ာ္မင္းသမီးတစ္လက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကေတာ့ အႏုပညာအလုပ္ေတြအျပင္ ပရဟိတအလုပ္ေတြကို ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ် လုပ္ေဆာင္ေနတဲ့ ပရဟိတမင္းသမီးတစ္ေယာက္ပဲျဖစ္ပါတယ္ ။ သူမရဲ႕ အႏုပညာကို ပရိသတ္ေတြက ခ်စ္ၾကသလို သူမရဲ႕ မြန္ျမတ္တဲ့ စိတ္ဓာတ္နဲ႔ ကိုယ္က်ိဳးမၾကည့္ဘဲ ကူညီလႉဒါန္းမႈေတြေၾကာင့္ ပရိသတ္ေတြက ခ်စ္ျခင္းထက္ ေလးစားျခင္းက ပိုေနရတဲ့ အႏုပညာရွင္တစ္ေယာက္ဆိုလည္းမွားမယ္မထင္ပါဘူး ။ မိဘမဲ့ လူမမယ္ ကေလးငယ္ေလးေတြကို ေက်ာင္းေဆာက္ေပးၿပီး ကိုယ့္ေသြးသားရင္းပမာ ျပဳစုေစာင့္ေရွာက္ေပးေနတယ္ဆိုတာေတာ့ ပရိသတ္ႀကီးလည္း သိၿပီးျဖစ္မွာပါ ။

လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလ (၁၄) ရက္ေန႔ ခ်စ္သူမ်ားေန႔တုန္းက သူမ ခ်စ္တဲ့ သူမရဲ႕ သားသမီးေတြနဲ႔ အတူ ေ႐ႊတိဂုံေစတီေတာ္ႀကီးမွာ သြားေရာက္ဖူးေမွ်ာ္ခဲ့ၾကတဲ့ ပုံရိပ္ေလးေတြကို ခိုင္ႏွင္းေဝက သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန တဆင့္ ပရိသတ္ေတြကို မွ်ေဝေပးခဲ့ပါတယ္ ။ ” ကေလးေတြအကုန္ေတာ့ မေခၚလာႏိုင္ဘူးေပါ့..လမ္းေလွ်ာက္တတ္တဲ့ အႀကီးေလးေတြနဲ႔ က်မသမီးေလး ေခၚသြားတယ္..အျပင္ကိုမလိုက္ဖူးၾကေတာ့ ကေလးေတြေပ်ာ္ေနၾကတယ္ေလ..ကိုယ့္ပရိသတ္ ထက္ သူတို႔ ပရိသတ္ကပိုမ်ားေနတယ္…သူတို႔ေလးေတြကို ခ်စ္ေပးၾကလို႔ ရင္မွာပီတိေတြနဲ႔ အေပ်ာ္ႀကီးေပ်ာ္ခဲ့ရတဲ့ ေန႔ေလးတေန႔ျဖစ္ခဲ့ပါတယ္ရွင္ ” ဆိုတဲ့စာသားေလးနဲ႔အတူ သူမရဲ႕ကေလးေတြကို ပရိသတ္ေတြကပါ ဝိုင္းခ်စ္ေပးၾကလို႔ ၾကည္ႏူးေနရတဲ့အေၾကာင္းကိုလည္း ေရးသားထားပါေသးတယ္ ။

ပရိသတ္အခ်ိဳ႕ကလည္း ဒီပုံေလးေတြၾကည့္ၿပီး ပီတိေတြျဖစ္ၿပီး ဝမ္းနည္းလို႔မ်က္ရည္ေတာင္က်မိတယ္လို႔ မွတ္ခ်က္ေတြေပးထားၾကပါေသးတယ္ ။ ေသြးမေတာ္သားမစပ္ေပမယ့္ လူသားဆန္တဲ့ စိတ္ဓာတ္တစ္ခုထဲနဲ႕ သားသမီးေတြေရွ႕ကေန ရဲရဲဝံ့ဝံံရပ္တည္ေပးေနတဲ့ မိခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာေတြေပၚလြင္ေနတဲ့ သူမတို႔ရဲ႕ ပုံရိပ္ေလးေတြကို Cele Zone ပရိသတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : Khin Hnin Wai
Emily ( Cele Zone )