ဖေဖေ ဦးခင်လှိုင်နဲ့အတူတူဂိမ်းဆော့တဲ့ ဗီဒီယိုလေး ကြည့်ရှုသူ ၁သန်းကျော်ခဲ့လို့ ပျော်နေတဲ့ သဇင်ထူးမြင့်

ပရိသတ်တွေချစ်ခင် အားပေးနေတဲ့ ဟာသ လူရွှင်တော် သရုပ်ဆောင် ခင်လှိုင်ကတော့ ဆယ်စုနှစ်တစ်ခုကြာအောင် ပရိသတ်တွေကို ဟာသတွေ နဲ့ တင်ဆက်နေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်သလို ဟာသ ဒရမ်မာ အားလုံးပိုင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ် ။ လက်ရှိမှာတော့ သူ့ရဲ့အနုပညာအမွေကို ဆက်ခံတော့မယ့် သမီးလေး သဇင်ထူးမြင့်နဲ့ သားနေရဲတို့နဲ့အတူ အနုပညာအလုပ်တွေကို အတူတူ ပျော်ရွှင်စွာလုပ်ဆောင်နေပြီဖြစ်ပါတယ် ။ ပရိသတ်တွေကို အမြဲတမ်း ရယ်မောပျော်ရွှင်စေနဲ့ ဦးခင်လှိုင်ကတော့ သားသမီးတွေကိုလည်း အချိန်ပေးပြီး အမြဲပျော်ပျော်နေတတ်တဲ့ ဖခင်ကောင်းတစ်ယောက်လို့ဆိုရမှာပါ ။

 

 

လတ်တလောမှာ သဇင်ထူးမြင့်နဲ့အတူ သူငယ်ချင်းအမြွှာနှစ်ယောက်ပေါင်းပြီး Page လေးတစ်ခု နဲ့အတူ သူတို့ရဲ့ဟာသ ဗီဒီယိုလေးတွေကို ပရိသတ်တွေကိုတင်ဆက်ပေးနေတာဖြစ်ပြီး မကြာသေးမီကမှ ဖေဖေဦးခင်လှိုင်နဲ့အတူ မိုဘိုင်းလီဂျန့် ဂိမ်းကို အတူတူ ဆော့ခဲ့တဲ့ ဗီဒီယိုလေးကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ ဒါပေမယ့် သားသမီးတွေနဲ့အတူ ပျော်ရွှင်စွာ စနောက်ရယ်မောရင်း ဂိမ်းဆော့နေတဲ ဒီဗီဒီယိုလေးက တခဏအတွင်းမှာပဲ ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့ပါတယ် ။ ဒီဗီဒီယိုလေးကို ကြည့်ရှုသူတစ်သန်းကျော်သွားတဲ့အတွက် ချစ်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စာသားလေးနဲ့အတူ သဇင်ထူးမြင့်က သူမရဲ့ မိုင်ဒေးကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးထားတာတွေ့ရပါတယ် ။

 

 

ပရိသတ်ကြီးရေ ဦးခင်လှိုင်ကတော့ သားသမီးတွေကို အရမ်းချစ်တတ်တဲ့ ဖခင်တစ်ယောက်ဖြစ်သလို အနုပညာအလုပ်တွေ မအားလပ်တဲ့ကြားက မိသားစုကို အချိန်ပေးတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ ဒီဗီဒီယိုလေးက သက်သေပြလိုက်တာပါ ။ ဗီဒီယိုလေးကို မကြည့်ရသေးတဲ့ Cele Zone ပရိသတ်ကြီးအတွက်လည်း တဖန်ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။

Source : Thazin Htoo Myint
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 

ေဖေဖ ဦးခင္လိႈင္နဲ႕အတူတူဂိမ္းေဆာ့တဲ့ ဗီဒီယိုေလး ၾကည္႕ရႈသူ ၁သန္းေက်ာ္ခဲ့လို႕ ေပ်ာ္ေနတဲ့ သဇင္ထူးျမင့္

 

ပရိသတ္ေတြခ်စ္ခင္ အားေပးေနတဲ့ ဟာသ လူရႊင္ေတာ္ သ႐ုပ္ေဆာင္ ခင္လိႈင္ကေတာ့ ဆယ္စုႏွစ္တစ္ခုၾကာေအာင္ ပရိသတ္ေတြကို ဟာသေတြ နဲ႕ တင္ဆက္ေနတဲ့ အႏုပညာရွင္ေကာင္းတစ္ေယာက္ျဖစ္သလို ဟာသ ဒရမ္မာ အားလံုးပိုင္ႏိုင္တဲ့ ဝါရင့္ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္ ။ လက္ရွိမွာေတာ့ သူ႕ရဲ႕အႏုပညာအေမြကို ဆက္ခံေတာ့မယ့္ သမီးေလး သဇင္ထူးျမင့္နဲ႕ သားေနရဲတို႕နဲ႕အတူ အႏုပညာအလုပ္ေတြကို အတူတူ ေပ်ာ္ရႊင္စြာလုပ္ေဆာင္ေနၿပီျဖစ္ပါတယ္ ။ ပရိသတ္ေတြကို အၿမဲတမ္း ရယ္ေမာေပ်ာ္ရႊင္ေစနဲ႕ ဦးခင္လိႈင္ကေတာ့ သားသမီးေတြကိုလည္း အခ်ိန္ေပးၿပီး အၿမဲေပ်ာ္ေပ်ာ္ေနတတ္တဲ့ ဖခင္ေကာင္းတစ္ေယာက္လို႕ဆိုရမွာပါ ။

လတ္တေလာမွာ သဇင္ထူးျမင့္နဲ႕အတူ သူငယ္ခ်င္းအႁမႊာႏွစ္ေယာက္ေပါင္းၿပီး Page ေလးတစ္ခု နဲ႕အတူ သူတို႕ရဲ႕ဟာသ ဗီဒီယိုေလးေတြကို ပရိသတ္ေတြကိုတင္ဆက္ေပးေနတာျဖစ္ၿပီး မၾကာေသးမီကမွ ေဖေဖဦးခင္လိႈင္နဲ႕အတူ မိုဘိုင္းလီဂ်န္႕ ဂိမ္းကို အတူတူ ေဆာ့ခဲ့တဲ့ ဗီဒီယိုေလးကို ပရိသတ္ေတြကို မွ်ေ၀ေပးခဲ့ပါတယ္ ။ ဒါေပမယ့္ သားသမီးေတြနဲ႕အတူ ေပ်ာ္ရႊင္စြာ စေနာက္ရယ္ေမာရင္း ဂိမ္းေဆာ့ေနတဲ ဒီဗီဒီယိုေလးက တခဏအတြင္းမွာပဲ ၾကည္႕ရႈသူ တစ္သန္းေက်ာ္သြားခဲ့ပါတယ္ ။ ဒီဗီဒီယိုေလးကို ၾကည္႕ရႈသူတစ္သန္းေက်ာ္သြားတဲ့အတြက္ ခ်စ္ေပးတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္ဆိုတဲ့ စာသားေလးနဲ႕အတူ သဇင္ထူးျမင့္က သူမရဲ႕ မိုင္ေဒးကေနတဆင့္ ပရိသတ္ေတြကိုမွ်ေ၀ေပးထားတာေတြ႕ရပါတယ္ ။

ပရိသတ္ႀကီးေရ ဦးခင္လိႈင္ကေတာ့ သားသမီးေတြကို အရမ္းခ်စ္တတ္တဲ့ ဖခင္တစ္ေယာက္ျဖစ္သလို အႏုပညာအလုပ္ေတြ မအားလပ္တဲ့ၾကားက မိသားစုကို အခ်ိန္ေပးတတ္တဲ့ ဖခင္ေကာင္းတစ္ေယာက္ျဖစ္တယ္ဆိုတာ ဒီဗီဒီယိုေလးက သက္ေသျပလိုက္တာပါ ။ ဗီဒီိယိုေလးကို မၾကည္႕ရေသးတဲ့ Cele Zone ပရိသတ္ႀကီးအတြက္လည္း တဖန္ျပန္လည္မွ်ေ၀ေပးလိုက္ပါရေစေနာ္ ။

Source : Thazin Htoo Myint
Emily ( Cele Zone)