အလုပ်တွေအရမ်းကြိုးစားပြီး တစ်နေ့ကိုအိပ်ချိန် (၄) နာရီလောက်ပဲရတယ်ဆိုတဲ့ ခေးဆက်သွင်

အရိပ်ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ လူသိများလာတဲ့ တက်သစ်စ မင်းသမီးချောလေး ခေးဆက်သွင် ဟာ MRTV-4 ကရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်သိလာတဲ့ သရုပ် ဆောင်ကောင်းသူ မင်းသမီးချောလေးဘဲ ဖြစ်ပါတယ် ။ သူမဟာ ဆွဲဆောင်မှု ရှိတဲ့အလှ တရားကို ပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင်ကောင်းသူလေးလဲဖြစ်ပါတယ် ။”ဥယျာဉ်မှူးဖြစ် ဖူးချင်သည် ” ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ် ။

 

 

သူမဟာ လက်ရှိ ဇာတ်လမ်းတွဲတွေမှာအောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ချစ်ရတဲ့ ပရိသတ်အတွက် အရမ်းကိုကြိုးစားလုပ်ဆောင်နေတယ်လို့ သိရပါတယ် ။ လတ်တလောမှာလည်း ရုပ်ရှင်ကားကြီး နှစ်ကား ရိုက်ကူးနေရတဲ့ ကြားက ရှုတင်သေးသေးလေး တွေ နဲ့ ဓာတ်ပုံရိုက်ကူးရေးတွေပါ ဆက်တိုက်လက်ခံပြီး တစ်နေ့ကို အိပ်ချိန် (၄) နာရီလောက်ပဲရှိတော့တဲ့အကြောင်းကို သူမရဲ့ မိုင်ဒေးကနေတဆင့် ပရိသတ်တွေကို အသိပေးမျှဝေပေးထားတာဖြစ်ပါတယ် ။

 

 

 

ခေးကို ချစ်ကြတဲ့ ဖန်တွေကတော့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်နေကြပေမယ့် ခေးကတော့ အနုပညာအလုပ်တွေကို မနားမနေကြိုးစာနေတာပါ ။ အိပ်ချိန်နည်းပေမယ့် ပရိသတ်တွေကို အကောင်းဆုံးတွေပဲ ချပြချင်တဲ့ သူဖြစ်တဲ့အတွက် Cele Zone ပရိသတ်ကြီးကလည်း ခေးကို အားပေးလိုက်ကြပါဦးနော် ။

Source : Khay Sett Thwin
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Khay Sett Thwin
Emily ( Cele Zone )