ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့အတွက် ကြက်တူရွေးသံလေးနဲ့ သီချင်းဆိုပြလိုက်တဲ့ ဖြူဖြူထွေး

အနုပညာလောကကို အသက်ငယ်ငယ်နဲ့ ဝင်ရောက်လာခဲ့တဲ့ ပရိသတ်တွေသိကြတဲ့ ကြော်ငြာမင်းသမီးလေး ဖြူဖြူထွေးက ပွင့်လင်းရိုးသားတဲ့ အနုပညာဝါသနာအိုးလေးတစ်ယောက်ပါ။ မြန်မာဝတ်စုံလေးတွေကို မြတ်မြတ်နိုးနိုးဝတ်တတ်ပြီး ပွင့်လင်းရိုးသားလွန်းတဲ့ သူမရဲ့ စိတ်ဓာတ်လေးကြောင့် ပရိသတ်တွေမှာ အမုန်းမပွားနိုင်ပဲ အချစ်တွေတိုးနေရသူလေးဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ကြော်ငြာရိုက်ကူးမှုများစွာကို လက်ခံရိုက်ကူးပေးလျက်ရှိပြီး တခါတရံဆိုရင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ ဟာသTiktokလေးတွေ ရိုက်တတ်ပါသေးတယ်။ ချစ်စရာကောင်းပြီး ရိုးသားဖြူစင်တဲ့ သူမရဲ့ ဟန်ပန် အပြုအမူလေးတွေကြောင့် ပရိသတ်တွေကြားမှာ တဖြည်းဖြည်းနာမည်ကြီးလာခဲ့ပြီး အခုဆိုရင် အမာခံပရိသတ်တွေနဲ့ အားပေးမှုတွေများစွာ ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်နေပါပြီ။

အခုတလောမှာ အလုပ်တွေအရမ်းရှုပ်နေတဲ့ ဖြူဖြူထွေးက သူမရဲ့ ကြော်ငြာရိုက်ကူးနေတဲ့ ဗီဒီယိုလေးတွေကိုသာ ပရိသတ်တွေမြင်တွေ့ကြရမှာပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ Tiktok ဗီဒီယိုအသစ်လေးတွေကို မျှော်နေတဲ့ ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ ကြက်တူရွေးသံနဲ့ သီချင်းဆိုပြထားတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်နေရင်းနဲ့ ရယ်ရတဲ့ ဗီဒီယိုလေးမို့ CeleZone ပရိသတ်ကြီး ရေသောက်ရင်း မကြည့်ဖို့တော့ မှာလိုက်ပါရစေ‌နော်။

 

Source:Phyu Phyu Htwe

NORA:CeleGabar

(Zawgyi  ြဖင့်ဖတ်ရန်)



