ခေတ်သစ်ဖောင်ဒေးရှင်းကြောင့် ကျန်းမာလာသူတွေရဲ့ မျက်ရည်ကြောင့် ဆုံးဖြတ်ချက်တွေခိုင်မာလာခဲ့တယ်ဆိုတဲ့ လင်းလင်း

ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ တစ်နှစ်ပြည့်ပွဲလေးကို ချစ်သုဝေနဲ့လင်းလင်းတို့ ဇနီးမောင်နှံက ပြုလုပ်ကျင်းပခဲ့ပြီး အနုပညာရှင်ပေါင်းများစွာနဲ့ အလှူရှင်တွေ လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ် ။ လင်းလင်းက ဒီနေ့က သူ့အတွက် ပီတိ နေ့ရက်လေးဖြစ်ပြီး ခတ်သစ်ကမ္ဘာပရိုဂရမ်ကနေ ရရှိတဲ့ ကျပ်သိန်းပေါင်း ထောင့်ခြောက်ရာကျော်ကိုလဲ အားလုံးအလှူအဖြစ် လှူနိုင်ခဲ့တယ်လို့သိရပါတယ် ။ အလှူရှင်ပေါင်းများစွာရဲ့ မေတ္တာအလှူ၊ငွေအလှူကြောင့် ကလေးလေးတွေရဲ့မိဘများနှင့်အတူ ပီတိမျက်ရည်ဖြာရခဲ့ရတယ်လို့လည်း လင်းလင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ထက်ကနေ ရေးသားခဲ့ပါတယ် ။

 

 


ဒီနှစ်မှာ ကလေးတွေရဲ့ကျန်းမာရေးအပြင် ပညာရေးဘက်ကိုလဲ အလှူစတင်မှာဖြစ်တဲ့အတွက် မုံရွာ ပုလဲနယ်မှာ အခြေခံပညာ မူလတန်းကျောင်းဆောင်တစ်ခုကို ပုလဲနယ်ပညာရေးမှူးနှင့် ညှိနှိုင်း၍ ဖောင်ဒေးရှင်းမှ အပြီးအစီးဆောက်လုပ်လှူဒါန်းမှာ ဖြစ်တယ်လို့လည်းသိရပါတယ် ။ ခေတ်သစ်ဖောင်ဒေးရှင်းကနေ နှလုံးခွဲစိတ်ကုသပေးလိုက်တဲ့ ကလေးလေးတွေအချို့လဲ လာကြပြီး ဝမ်းသာပီတိနဲ့ငိုကြတဲ့သူတို့ရဲ့မိဘတွေကိုကြည့်ပြီး ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေပိုခိုင်မာလာပါတယ်။မွေးခြင်းနဲ့သေခြင်း ကြားမှာ ပီတိကိုစားပြီး အသက်ရှင်ဖို့ကြိုးစားမယ် ဆိုတဲ့စာသားလေးနဲ့အတူ မွန်မြတ်တဲ့အလှူလေးအတွက် ဝမ်းသာပီတိဖြစ်နေတဲ့အကြောင်းကို လည်းရေးသားထားတာတွေ့ရပါတယ် ။

 

 

လင်းလင်းနဲ့ ချစ်သုဝေတို့ဦးစီးဦးဆောင်လုပ်နေတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းလေးမှာ အလှူရှင်တွေများများရရှိပြီး တကယ်လိုအပ်နေတဲ့ ရောဂါခံစားနေရတဲ့ ကလေးလေးတွေအများကြီးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ ချစ်စရာကောင်းတဲ့မိသားစုလေးကို ချစ်ခင်ကြတဲ့ ပရိသတ်ကြီးအတွက် အလှူပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

 

Source : Htwe Lynn Ko
Emily (Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ေခတ္သစ္ေဖာင္ေဒးရွင္းေၾကာင့္ က်န္းမာလာသူေတြရဲ႕ မ်က္ရည္ေၾကာင့္ ဆံုးျဖတ္ခ်က္ေတြခိုင္မာလာခဲ့တယ္ဆိုတဲ့ လင္းလင္း

ေဖေဖာ္ဝါရီလ (၁၇) ရက္ေန႕က ေခတ္သစ္ေဖာင္ေဒးရွင္းရဲ႕ တစ္ႏွစ္ျပည္႕ပြဲေလးကို ခ်စ္သုေ၀နဲ႕လင္းလင္းတို႕ ဇနီးေမာင္ႏွံက ျပဳလုပ္က်င္းပခဲ့ၿပီး အႏုပညာရွင္ေပါင္းမ်ားစြာနဲ႕ အလွဴရွင္ေတြ လည္း တက္ေရာက္ဂုဏ္ျပဳခဲ့ၾကပါတယ္ ။ လင္းလင္းက ဒီေန႕က သူ႕အတြက္ ပီတိ ေန႔ရက္ေလးျဖစ္ၿပီး ခတ္သစ္ကမာၻပ႐ိုဂရမ္ကေန ရရွိတဲ့ က်ပ္သိန္းေပါင္း ေထာင့္ေျခာက္ရာေက်ာ္ကိုလဲ အားလုံးအလႉအျဖစ္ လႉႏိုင္ခဲ့တယ္လို႕သိရပါတယ္ ။ အလႉရွင္ေပါင္းမ်ားစြာရဲ႕ ေမတၱာအလႉ၊ေငြအလႉေၾကာင့္ ကေလးေလးေတြရဲ႕မိဘမ်ားႏွင့္အတူ ပီတိမ်က္ရည္ျဖာရခဲ့ရတယ္လို႕လည္း လင္းလင္းက သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာ ထက္ကေန ေရးသားခဲ့ပါတယ္ ။

ဒီႏွစ္မွာ ကေလးေတြရဲ႕က်န္းမာေရးအျပင္ ပညာေရးဘက္ကိုလဲ အလႉစတင္မွာျဖစ္တဲ့အတြက္ မုံ႐ြာ ပုလဲနယ္မွာ အေျခခံပညာ မူလတန္းေက်ာင္းေဆာင္တစ္ခုကို ပုလဲနယ္ပညာေရးမႉးႏွင့္ ညႇိႏႈိင္း၍ ေဖာင္ေဒးရွင္းမွ အၿပီးအစီးေဆာက္လုပ္လႉဒါန္းမွာ ျဖစ္တယ္လို႕လည္းသိရပါတယ္ ။ ေခတ္သစ္ေဖာင္ေဒးရွင္းကေန ႏွလုံးခြဲစိတ္ကုသေပးလိုက္တဲ့ ကေလးေလးေတြအခ်ိဳ႕လဲ လာၾကၿပီး ဝမ္းသာပီတိနဲ႔ငိုၾကတဲ့သူတို႔ရဲ႕မိဘေတြကိုၾကည့္ၿပီး က်ေနာ္တို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြပိုခိုင္မာလာပါတယ္။
ေမြးျခင္းနဲ႔ေသျခင္း ၾကားမွာ ပီတိကိုစားၿပီး အသက္ရွင္ဖို႔ႀကိဳးစားမယ္ ဆိုတဲ့စာသားေလးနဲ႕အတူ မြန္ျမတ္တဲ့အလွဴေလးအတြက္ ၀မ္းသာပီတိျဖစ္ေနတဲ့အေၾကာင္းကို လည္းေရးသားထားတာေတြ႕ရပါတယ္ ။

လင္းလင္းနဲ႕ ခ်စ္သုေ၀တို႕ဦးစီးဦးေဆာင္လုပ္ေနတဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းေလးမွာ အလွဴရွင္ေတြမ်ားမ်ားရရွိၿပီး တကယ္လိုအပ္ေနတဲ့ ေရာဂါခံစားေနရတဲ့ ကေလးေလးေတြအမ်ားႀကီးရဲ႕ အသက္ကို ကယ္တင္ေပးႏိုင္ပါေစလို႕ Cele Zone မွဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ ။ ခ်စ္သုေ၀နဲ႕ လင္းလင္းတို႕ရဲ႕ ခ်စ္စရာေကာင္းတဲ့မိသားစုေလးကို ခ်စ္ခင္ၾကတဲ့ ပရိသတ္ႀကီးအတြက္ အလွဴပံုရိပ္ေလးေတြကိုလည္း ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ ။

Source : Htwe Lynn Ko
Emily (Cele Zone )