သူမကိုလိုချင်လို့ အောက်လမ်းဆရာကိုအကူညီတောင်းနေတဲ့ ပရိသတ်ကို စနောက်လိုက်တဲ့ အိချောပို
Posted on
ပရိသတ်ကြီးရေ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ မြန်မာဆန်တဲ့အလှတွေကို ပိုင်ဆိုင်ထားတဲ့ အိချောပိုကတော့ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာကို ရိုက်ကူးနေတဲ့ မင်းသမီးတစ်ယောက်ပါ ။ ပရိသတ်တွေက သူမကို ချစ်စနိုးနဲ့ စူစူ လို့ခေါ်ကြပြီး ပုရိသ ပရိသတ်တွေ အားပေးကြမ်းလောက်တဲ့ အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်လို့ဆိုရမှာပါ ။ စူစူကတော့ သူမရဲ့နေ့စဉ်လှုပ်ရှားမှု တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲမျှဝေပေးနေကြပါ ။
လတ်တလောမှာတော့ စူစူ တစ်ယောက် စနောက်တတ်တဲ့ သူရဲ့ပရိသတ်တစ်ယောက်ကို အရွှန်းဖောက်ပြီး မိုင်ဒေးလေးတစ်ခုတင်ခဲ့ပါတယ် ။ အောက်လမ်းဆရာကြီး ဦးဒေ၀ ဆိုတဲ့ ပေ့ချ ်မှာ သူမရဲ့ ပရိသတ်တစ်ယောက်က အိချောပိုကို ရချင်လို့ လုပ်ပေးပါ ဆိုပြီး အရွှန်းဖောက်ကာ ကွန်မန့်ရေးခဲ့တာဖြစ်ပါတယ် ။ စူစူကလဲ သူမရဲ့ ပရိသတ်လေးကို စနောက်ပြီး ဟဲ့ဘယ်လို… ဆိုတဲ့ အာမေဍိတ်သံလေးနဲ့ ပြန်လည်စနောက်ရေးသားထားတာဖြစ်ပါတယ် ။ စူစူကတော့ သူမကိုစ နောက်တဲ့ ပရိသတ်တွေကိုတောင် အပြစ်မယူဘဲ ပြန်လည်စနောက်နေတဲ့ သဘောကောင်းတဲ့ မင်းသမီးလေးတစ်ယောက်ဆိုတာပေါ်လွင်နေပါတယ်နော် .။
အနေအေး ပြီး ပရိသတ်တွေကိုချစ်တတ်တဲ့ သူမရဲ့အပြုမူလေးတွေကြောင့် ပရိသတ်တွေကလည်း စူစူကို အရမ်းချစ်နေကြတာဖြစ်ပါတယ် ။ Cele Zone ပရိသတ်ကြီးကလည်း သဘောကောင်းပြီးချစ်ဖို့ကောင်းတဲ့ စူစူလေးကို ချစ်ကြရဲ့လားမှတ်ချက်ပေးခဲ့ပါဦးနော် ။
Source : Ei Chaw Po
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်
Source : Ei Chaw Po
Emily ( Cele Zone )