ပရိသတ်တွေလုံးဝမသိသေးတဲ့ လျှို့ဝှက်ကျွမ်းကျင်မှုတစ်ခုကို ထုတ်ပြလိုက်တဲ့ အေးမြတ်သူ

Posted on

ပရိသတ်တို့ရေ… ပြည်တော်ချစ်မင်းသမီးချောလေး အေးမြတ်သူဟာ လက်ရှိမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းက နာမည်ကျော် ဟိုပုံးမြို့လေးကိုရောက်ရှိလို့နေပါတယ်။ ဒီမြို့လေးဟာ ပအိုဝ်းတိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထား‌တဲ့နေရာလေးမို့ အေးမြတ်သူတစ်ယောက်ကတော့ ထူးခြားတဲ့ယဉ်ကျေးမှုတွေ ရိုးရာဓလေ့တွေရှိတဲ့ ဟိုပုံးမြို့လေး ကိုလေ့လာရင်းနဲ့ ပျော်ရွှင်လို့နေခဲ့ပါတယ်။

 

 

ဒါကြောင့်လည်း သူမဟာ ဒီရက်ပိုင်းဟိုပုံးမှာပြုလုပ်ခဲ့တဲ့ ပအိုဝ်းရှင်ပြုအလှူလေးမှာလည်း ပါ၀င်ကုသိုလ်ယူခဲ့ပါသေးတယ်။ ပအိုဝ်းတိုင်းရင်းသူလေးလို ၀တ်ဆင်ပြီးတော့ ကွမ်းတောင်ကိုင်မလေးအဖြစ်နဲ့ ပါ၀င်ခဲ့တာဖြစ်ပြီး တကယ့် ပအိုဝ့်တိုင်းရင်သူလေးလိုချစ်ဖို့ကောင်းနေတာကြောင့် သူမရဲ့ ပရိသတ်တွေလည်း အသည်းယားပြီး အချစ်ပိုခဲ့ရပါတယ်။ အခုလည်း သူမဟာ ဟိုပုံးက မြင်းစီးကလပ်လေးမှာ ကိုင်တိုင်မြင်းစီးရင် ပျော်ရွှင်လို့နေတာကိုတွေ့ရပါတယ်။

 

 

သူမဟာ ဒီမြင်းစီးအားကစားနဲ့ ပတ်သတ်ပြီးတော့ ” ဒီထက်ပိုပြီး နည်းစနစ်ကြအောင် သင်ယူပြီး … မြေပြန့်တွေ နဲ့ တောင်တန်းတွေ ဘက် သွားစီး ဖို့ ကျမ မှာ အိမ်မက်တွေထပ်ရှိလာခဲ့ပြီ… မြင်းစီးအားကစားနည်း က စိတ်လွတ်လပ်ခွင့်အပြည်ရပြီး …. စိတ်ဖိစီးမှု့တွေ ကို လည်း ထွက်ပေါက်တခုပေးတယ်လို့ … မမြတ်လေး ခံစားမိတယ်ရှင့်….. ချစ်ရသူတွေအားလုံး …. ကျန်းမာပျော်ရွှင်ပြီး အလုပ်တွေအားလုံးအဆင်ပြေကြပါစေရှင့် ….ခုတော့ ဟိုပုံးလေး မြင်းစီးကလပ် မှာ ကျမ ပျော်နေပါသည်…” ဆိုပြီးသူမရဲ့ လူမှုစာမျက်နှာပေါ်မှာရေးသားထားခဲ့ပါတယ်။ ကဲ… အေးမြတ်သူတစ်ယောက် ဘယ်လိုတောင်မြင်းစီးကျွမ်းကျင်လဲသိရအောင် CeleZoneပရိသတ်တွေအတွက် ပုံရိပ်လေးတွေကို အခုပဲမျှဝေပေးလိုက်ပါတယ်နော်။

 

Source : Aye Myat Thu
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

ပရိသတ္ေတြလုံးဝမသိေသးတဲ့ လွ်ိဳ႕ဝွက္ကြၽမ္းက်င္မႈတစ္ခုကို ထုတ္ျပလိုက္တဲ့ ေေအးျမတ္သူ

 

 

ပရိသတ္တို႔ေရ… ျပည္ေတာ္ခ်စ္မင္းသမီးေခ်ာေလး ေအးျမတ္သူဟာ လက္ရွိမွာေတာ့ ရွမ္းျပည္နယ္ေတာင္ပိုင္းက နာမည္ေက်ာ္ ဟိုပုံးၿမိဳ႕ေလးကိုေရာက္ရွိလို႔ေနပါတယ္။ ဒီၿမိဳ႕ေလးဟာ ပအိုဝ္းတိုင္းရင္းသားေတြ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရထား‌တဲ့ေနရာေလးမို႔ ေအးျမတ္သူတစ္ေယာက္ကေတာ့ ထူးျခားတဲ့ယဥ္ေက်းမႈေတြ ႐ိုးရာဓေလ့ေတြရွိတဲ့ ဟိုပုံးၿမိဳ႕ေလး ကိုေလ့လာရင္းနဲ႔ ေပ်ာ္႐ႊင္လို႔ေနခဲ့ပါတယ္။

ဒါေၾကာင့္လည္း သူမဟာ ဒီရက္ပိုင္းဟိုပုံးမွာျပဳလုပ္ခဲ့တဲ့ ပအိုဝ္းရွင္ျပဳအလႉေလးမွာလည္း ပါ၀င္ကုသိုလ္ယူခဲ့ပါေသးတယ္။ ပအိုဝ္းတိုင္းရင္းသူေလးလို ၀တ္ဆင္ၿပီးေတာ့ ကြမ္းေတာင္ကိုင္မေလးအျဖစ္နဲ႔ ပါ၀င္ခဲ့တာျဖစ္ၿပီး တကယ့္ ပအိုဝ့္တိုင္းရင္သူေလးလိုခ်စ္ဖို႔ေကာင္းေနတာေၾကာင့္ သူမရဲ႕ ပရိသတ္ေတြလည္း အသည္းယားၿပီး အခ်စ္ပိုခဲ့ရပါတယ္။ အခုလည္း သူမဟာ ဟိုပုံးက ျမင္းစီးကလပ္ေလးမွာ ကိုင္တိုင္ျမင္းစီးရင္ ေပ်ာ္႐ႊင္လို႔ေနတာကိုေတြ႕ရပါတယ္။

သူမဟာ ဒီျမင္းစီးအားကစားနဲ႔ ပတ္သတ္ၿပီးေတာ့ ” ဒီထက္ပိုၿပီး နည္းစနစ္ၾကေအာင္ သင္ယူၿပီး … ေျမျပန္႔ေတြ နဲ႔ ေတာင္တန္းေတြ ဘက္ သြားစီး ဖို႔ က်မ မွာ အိမ္မက္ေတြထပ္ရွိလာခဲ့ၿပီ… ျမင္းစီးအားကစားနည္း က စိတ္လြတ္လပ္ခြင့္အျပည္ရၿပီး …. စိတ္ဖိစီးမႈ႕ေတြ ကို လည္း ထြက္ေပါက္တခုေပးတယ္လို႔ … မျမတ္ေလး ခံစားမိတယ္ရွင့္….. ခ်စ္ရသူေတြအားလုံး …. က်န္းမာေပ်ာ္႐ႊင္ၿပီး အလုပ္ေတြအားလုံးအဆင္ေျပၾကပါေစရွင့္ ….ခုေတာ့ ဟိုပုံးေလး ျမင္းစီးကလပ္ မွာ က်မ ေပ်ာ္ေနပါသည္…” ဆိုၿပီးသူမရဲ႕ လူမႈစာမ်က္ႏွာေပၚမွာေရးသားထားခဲ့ပါတယ္။ ကဲ… ေအးျမတ္သူတစ္ေယာက္ ဘယ္လိုေတာင္ျမင္းစီးကြၽမ္းက်င္လဲသိရေအာင္ CeleZoneပရိသတ္ေတြအတြက္ ပုံရိပ္ေလးေတြကို အခုပဲမွ်ေဝေပးလိုက္ပါတယ္ေနာ္။