နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတွေအလား ထင်မှတ်သွားရလောက်တဲ့မင်းသမီး (၅) ယောက်

Posted on

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကြီးမင်းသမီး ငါးယောက်ဖြစ်တဲ့ မိုးယုစံ ၊ ပိုင်ဖြိုးသု ၊ မေမြင့်မိုရ် ၊ ခြူးလေး နဲ့ ပိုးမမီသာတို့ ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားတဲ့ မင်းသမီးတွေဆိုတာ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။ သူမတို့ (၅) ယောက်ကတော့ လတ်တလောမှာ ရွှေလွန်းလိပ်ပြာ ဒီဇိုင်းသစ်အတွက် ကြော်ငြာ ရိုက်ကူးခဲ့ပါတယ် ။ ကြော်ငြာ ရိုက်ကွင်းပေါ်က နတ်မိမယ်လေးတွေအလား လှပကျော့ရှင်းနေတဲ့ မင်းသမီး ငါးယောက်ရဲ့ ပုံရိပ်တွေကို ဂျွန်လွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။

 

 

ရွှေလွန်းလိပ်ပြာရဲ့ အမိုက်စား ဒီဇိုင်းတွေနဲ့ နတ်သမီးလေးတွေ လိုလှပတဲ့ မင်းသမီး (၅) ယောက်ရဲ့ အလှတွေကတော့ တကယ်ကို အသက်ရှူးမှားလောက်ပါတယ်ပရိသတ်ကြီးရေ ..။ မြန်မာအမျိုးသမီးတွေရဲ့ အလှကို ပေါ်လွင်စေပြီး နန်းဆန်လွန်းတဲ့ ဝတ်စုံဒီဇိုင်းလေးတွေနဲ့ အလှကြီးလှနေကြတဲ့ သူမတို့ ငါးယောက်ကို နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတွေ လို့တောင် တင်စားလိုက်ချင်ပါတယ်နော် ။ သူမတို့ရဲ့ ပရိသတ်တွေ အမာခံဖန်တွေကတော့ အရမ်းကိုလှတဲ့ ဒီပုံလေးတွေအောက်မှာ အားပေးဝန်းရံနေကြတာတွေ့ရပါတယ် ။

 

 

Cele Zone ပရိသတ်ကြီးအတွက်လည်း နတ်သမီးလေးတွေ အလား လှပနေကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး (၅) ယောက်ရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ Cele Zone ပရိသတ်ကြီးကရော ဘယ်မင်းသမီးလေးကို အချစ်ဆုံးလဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

 

 

Source : Jhon Lwin
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Jhon Lwin
Emily ( Cele Zone )