အားပေးတဲ့ဖန်တွေကို တဖြုတ်ဖြုတ်ကြွေအောင် လုပ်လိုက်တဲ့ အောင်မင်းခန့်
Posted on
မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်း ခံနေရတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်တဲ့ မင်းသားချောလေး အောင်မင်းခန့်ကတော့ ထာဝရ မန္တလေး ဇာတ်လမ်းတွဲကနေ ပရိသတ်တေသတိထားမိလာတဲ့မင်းသားချောလေး ဖြစ်ပါတယ် ။ ကိုရီးယားမင်းသားလေးလို့ ချောမောတဲ့ အောင်မင်းခန့်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ ဝန်းရံမှုကို အပြည့်ဝရရှိထားတဲ့မင်းသားချောလေး ဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ဆက်လက်ရိုက်ကူးနေပြီး သူ့ကိုချစ်တဲ့ဖန်တွေအတွက် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက် ပါ ။
We Love Aung Min Khant ဂရုထဲက သူ့ရဲ့အမာခံ ဖန်လေးတွေကိုလည်း အမြဲတမ်းဂရုတစိုက်နဲ့ တလေးတစားဆက်ဆံတတ်သလို သူ့ကိုချစ်တဲ့ဖန်တွေကို အမြဲနွေးနွေးထွေးထွေးဆက်ဆံတတ်တဲ့ အောင်မင်းခန့်ကတော့ ဖန်တွေ တဖြုတ်ဖြုတ်ကြွေသွားစေမယ့် ကိစ္စလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။ သူ့ကိုအမြဲအားပေးနေတဲ့ အမာခံဖန်လေးတွေအတွက် ဘုရားမှာ ဆည်းလည်းလေး လှူဒါန်းခဲ့ပြီး ဆည်းလည်းရဲ့အလှူရှင်နေရာမှာ For My Fan ဆိုတဲ့စာသားလေးကို ရေးထိုးခဲ့တာဖြစ်ပါတယ် ။ အခုလို ချစ်ရတဲ့ဖန်တွေအတွက် လှူဒါန်းပေးခဲ့တာကို သူ့ရဲ့ မိုင်ဒေးကနေ ပရိသတ်တွေကိုမျှေ၀ ပေးခဲ့တာဖြစ်ပါတယ် ။
အခုလို ကိုယ့်ကိုချစ်တဲ့ဖန်တွေကို တလေးတစား ပြန်လည်ဆက်ဆံတတ်သလို ရောက်ရာအရပ်မှာ ဖန်တွေအတွက် မမေ့မလျော့ လှူဒါန်းပေးတဲ့ အောင်မင်းခန့်ရဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကိုလေးစားစရာပါပဲနော် ။ အောင်မင်းခန့်ကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက် မင်းသားချောလေးအောင်မင်းခန့်ရဲ့အလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Aung Min Khant
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်
Source : Aung Min Khant
Emily ( Cele Zone )