အားလပ်ရက်လေးမှာ မိသားစု‌နဲ့အတူ အပန်းဖြေခရီးလေးထွက်ရင်း ပျော်ရွှင်နေတဲ့ လင်းဇာနည်ဇော်

Posted on

ချစ်ပရိသတ်ကြီးရေ… တစ်ခေတ်တစ်ခါက သူမတူအောင် လျှမ်းလျှမ်းတောက်နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ လင်းဇာနည်ဇော်ကို ပရိတ်သတ်ကြီးတို့လည်းသိမယ်ထင်ပါတယ်နော်။ သူမဟာ ဒီရက်ပိုင်းမှာတော့ သူမချစ်ရတဲ့ မိသားစုလေး‌နဲ့ အတူ ပျော်ပျော်ပါးပါးနဲ့ ကမ်းခြေကို အပန်းဖြေခရီးထွက်ဖြစ်နေတာကိုတွေ့ရပါတယ်။

သူမဟာ အရင်ကလောက်အနုပညာအလုပ်တွေမလုပ်ဖြစ်တော့ပေမယ့် သူမကိုချစ်တဲ့ အားပေးတဲ့ ပရိတ်သတ်တွေက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့အခိုင်အမာရှိနေပြီး အချစ်တွေလည်းလျော့မသွားခဲ့ပါဘူး။ အနုပညာနယ်ပင်ထဲကိုသိပ်အခြေမချမိတဲ့နောက်ပိုင်းမှာတော့ အလှူအတန်းနဲ့ဘာသာရေးတွေကိုအရင်ကထက်ပိုပြီးလုပ်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ဒါပေမယ့် သူမဟာ အခုတစ်ခါမှာတော့ အလုပ်တွေကိုရော ကုသိုလ်ရေးလေးတွေကို ခေတ္တအနားပေးကာ မိသားစုလေးကို ဒီရက်ပိုင်းအချိန်ပေးနေခဲ့ပါတယ်။

သူမဟာ အရင်ကတည်းက မိသားစုနဲ့အတူ ကမ်းခြေကို အပန်းဖြေခရီးလေးထွက်ဖို့ စိတ်ကူးထား‌ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မအားမလပ်ဖြစ်ကာမထွက်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ” ခရီးထွက်ချင်နေတဲ့ဆန္ဒလေးး…ပြည့်သွားပါပြီဗျို့…” ဆိုပြီးတော့ သူမတို့မိသားစုလိုက်ပျော်ရွှင်စွာအပန်းပြေနေတဲ့ ပုံရိပ်လေးတွေကို လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့်တင်ထားပေးခဲ့ပါတယ်။ ကဲ… ဒီတော့ CeleZoneပရိသတ်ကြီးလည်းအပျော်တွေကူးစက်နိုင်ကြစေဖို့ပြန်လည်မျှဝေ‌ေ့းလိုက်ပါတယ်နော်…

Source : Lin Zarni Zaw
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 


