မွေးနေ့လေးမှာ လောကကြီးကနေသင်ယူခဲ့ရတဲ့ ခက်ခဲတဲ့အကြောင်းအရာတွေကို ဖွင့်ချလိုက်တဲ့ မြတ်ကေသီအောင်

Posted on

ချစ်ပရိသတ်‌တို့ရေ…. ဒီနေ့ဟာဆိုရင် ပရိသတ်ချစ်မင်းသမီးချော မြတ်ကေသီအောင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်နော်။ သူမဟာ မွေးနေ့လေးမှာ သူမအသက်အရွယ်နဲ့ရခဲ့တဲ့ လူ့လောကကြီးအကြောင်းကို  ” Happy Birthday to me….. အချိန်ကာလတခုမှာဘဝ ဆိုတာကြီးကို အနိမ့်အမြင့် တွေနဲ့ ခံစားခဲ့ရသလို လောကဓံအလှည့်အပြောင်းများစွာလည်း ကြုံခဲ့ဖူးတယ်” ဆိုပြီးတော့ ပြောပြထားခဲ့ပါတယ်။

အချစ်အမုန်းဆိုတာတွေ ကြားမှာလည်း မျက်နှာဖုံးလေးတွေ ကိုယ်စီတပ်ပြီး စကားပြောလာချိန်မှာတော့ ရေခဲတုန်းလေးတွေ နေထိလို့အရည်ပျော်သလို ပျောက်ကွယ်သွားတဲ့ ချစ်ခြင်း မုန်းခြင်းတွေကို တအံ့တဩ ငေးကြည့်ခဲ့မိတယ်။ ပျော်ရွှင်စရာ ဝမ်းနည်းမှုတွေ ခံစားနာကြင်ခြင်းတွေ ဟာ နောက်တဘဝရောက်သွားလည်း ကြုံချင်ကြုံနေအုန်းမှာမို့ သိပ်မထူးဆန်းတဲ့ အရာလို့ သတ်မှတ်လိုက်တဲ့အခါမှာတော့ ရင်ထဲ ဘာမှ သိပ်မရှိတော့ဘူး။ လူ့ဘဝရဲ့ သက်တမ်းအရဆို ၃ ပုံမှာ ၂ ပုံဖြစ်နေတဲ့ ကိုယ့်အရွယ်မှာ လောဘလည်း မကြီးမိအောင် ရောင့်ရဲနိင်တဲ့စိတ်မွေးထားတယ်။ဒေါသလည်း မဖြစ်ချင်ဘူး.တကယ်တော့ ဒေါသဖြစ်နေတယ်ဆိုတာ ဒုက္ခရောက်နေတာပါ။ကိုယ်ကဒုက္ခရောက်မှာကို ကြောက်လို့ ဘယ်သူ့အကြောင်းမှလည်း စိတ်မဝင်စားဘူး။မောဟလည်းမဖြစ်ချင်လို့ လက်ရှိအချိန်လေးကိုပဲစဉ်းစားတယ်” လို့ ဆိုထားခဲ့ပါတယ်။

ပြီးတော့သူမက “ကိုယ်အသက်ရှင်နေတဲ့ အချိန်မှာကိုယ့်ဘေးမှာရှိတဲ့သူတွေအတွက် ကိုယ်ဟာအသုံးဝင်တဲ့သူတယောက်ဖြစ်အောင်ကြိုးစားတယ်။ (သေသွားရင် ဘာမှ အသုံးမဝင်တော့ဘူးလေ)လူတွေအားလုံးအတွက်မပေးဆပ်နိုင်ရင်တောင် ကိုယ့်အနီးနားက ကိုယ်ချစ်တဲ့သူတွေအတွက်ဘယ်လိုပေးဆပ်ရမလဲပဲ စဉ်းစားဖြစ်တယ်။ ဘယ်ချိန်သေမယ်မှန်းမသိတဲ့ ဘဝမှာအကုသိုလ်ဆိုတဲ့ အရာမျိုးကို မြူမှုံတမှုံမျှလောက်တောင်မယူသွားချင်လို့ ကိုယ်နဲ့ မဆိုင်ဘူးထင်တဲ့ အရာဝတ္ထုတွေကို မမြင်ချင်ယောင် မကြားချင်ယောင် မသိချင်ယောင်ဆောင်ပြီးဥပက္ခာ ထားတတ်အောင်ကြိုးစားတယ်။ ကျမ အပါအဝင် မွေးနေ့ဆိုရင် ပျော်စရာဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေကြပေမဲ့ တကယ်တော့ မွေးနေ့ဆိုတာ မွေးပြီးရင် သေဖို့ရှိသေးတယ်လို့ သတိပေးလိုက်တဲ့ နေ့စွဲလေးတခုပါ။ အဲ့ဒါကြောင့် ခုအချိန်ကစပြီး ကိုယ့်ကျန်းမာရေးကိုပိုဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုသာ ပိုချစ်လိုက်ပါတော့ မြတ်ကေသီအောင်ရေ….” ဆိုပြီးလောကကြီးကနေ သူမသင်ယူခဲ့ရတာတွေကို အခုလိုပဲမျှဝေပေးခဲ့ပါတယ်။

Source : Myat Kay This Aung
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ေမြးေန႔ေလးမွာ ေလာႀကီးကေနသင္ယူခဲ့ရတဲ့ ခက္ခဲတဲ့အေၾကာင္းအရာေတြကို ဖြင့္ခ်လိုက္တဲ့ ျျမတ္ေကသီေအာင္

 

ခ်စ္ပရိသတ္‌တို႔ေရ…. ဒီေန႔ဟာဆိုရင္ ပရိသတ္ခ်စ္မင္းသမီးေခ်ာ ျမတ္ေကသီေအာင္ရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္ေနာ္။ သူမဟာ ေမြးေန႔ေလးမွာ သူမအသက္အ႐ြယ္နဲ႔ရခဲ့တဲ့ လူ႔ေလာကႀကီးအေၾကာင္းကို ” Happy Birthday to me….. အခ်ိန္ကာလတခုမွာဘဝ ဆိုတာႀကီးကို အနိမ့္အျမင့္ ေတြနဲ႔ ခံစားခဲ့ရသလို ေလာကဓံအလွည့္အေျပာင္းမ်ားစြာလည္း ႀကဳံခဲ့ဖူးတယ္” ဆိုၿပီးေတာ့ ေျပာျပထားခဲ့ပါတယ္။

“အခ်စ္အမုန္းဆိုတာေတြ ၾကားမွာလည္း မ်က္ႏွာဖုံးေလးေတြ ကိုယ္စီတပ္ၿပီး စကားေျပာလာခ်ိန္မွာေတာ့ ေရခဲတုန္းေလးေတြ ေနထိလို႔အရည္ေပ်ာ္သလို ေပ်ာက္ကြယ္သြားတဲ့ ခ်စ္ျခင္း မုန္းျခင္းေတြကို တအံ့တဩ ေငးၾကည့္ခဲ့မိတယ္။ ေပ်ာ္႐ႊင္စရာ ဝမ္းနည္းမႈေတြ ခံစားနာၾကင္ျခင္းေတြ ဟာ ေနာက္တဘဝေရာက္သြားလည္း ႀကဳံခ်င္ႀကဳံေနအုန္းမွာမို႔ သိပ္မထူးဆန္းတဲ့ အရာလို႔ သတ္မွတ္လိုက္တဲ့အခါမွာေတာ့ ရင္ထဲ ဘာမွ သိပ္မရွိေတာ့ဘူး။ လူ႔ဘဝရဲ႕ သက္တမ္းအရဆို ၃ ပုံမွာ ၂ ပုံျဖစ္ေနတဲ့ ကိုယ့္အ႐ြယ္မွာ ေလာဘလည္း မႀကီးမိေအာင္ ေရာင့္ရဲနိင္တဲ့စိတ္ေမြးထားတယ္။ေဒါသလည္း မျဖစ္ခ်င္ဘူး.တကယ္ေတာ့ ေဒါသျဖစ္ေနတယ္ဆိုတာ ဒုကၡေရာက္ေနတာပါ။ကိုယ္ကဒုကၡေရာက္မွာကို ေၾကာက္လို႔ ဘယ္သူ႔အေၾကာင္းမွလည္း စိတ္မဝင္စားဘူး။ေမာဟလည္းမျဖစ္ခ်င္လို႔ လက္ရွိအခ်ိန္ေလးကိုပဲစဥ္းစားတယ္” လို႔ ဆိုထားခဲ့ပါတယ္။

ၿပီးေတာ့သူမက “ကိုယ္အသက္ရွင္ေနတဲ့ အခ်ိန္မွာကိုယ့္ေဘးမွာရွိတဲ့သူေတြအတြက္ ကိုယ္ဟာအသုံးဝင္တဲ့သူတေယာက္ျဖစ္ေအာင္ႀကိဳးစားတယ္။ (ေသသြားရင္ ဘာမွ အသုံးမဝင္ေတာ့ဘူးေလ)လူေတြအားလုံးအတြက္မေပးဆပ္ႏိုင္ရင္ေတာင္ ကိုယ့္အနီးနားက ကိုယ္ခ်စ္တဲ့သူေတြအတြက္ဘယ္လိုေပးဆပ္ရမလဲပဲ စဥ္းစားျဖစ္တယ္။ ဘယ္ခ်ိန္ေသမယ္မွန္းမသိတဲ့ ဘဝမွာအကုသိုလ္ဆိုတဲ့ အရာမ်ိဳးကို ျမဴမႈံတမႈံမွ်ေလာက္ေတာင္မယူသြားခ်င္လို႔ ကိုယ္နဲ႔ မဆိုင္ဘူးထင္တဲ့ အရာဝတၳဳေတြကို မျမင္ခ်င္ေယာင္ မၾကားခ်င္ေယာင္ မသိခ်င္ေယာင္ေဆာင္ၿပီးဥပကၡာ ထားတတ္ေအာင္ႀကိဳးစားတယ္။ က်မ အပါအဝင္ ေမြးေန႔ဆိုရင္ ေပ်ာ္စရာဘာလုပ္ရင္ေကာင္းမလဲစဥ္းစားေနၾကေပမဲ့ တကယ္ေတာ့ ေမြးေန႔ဆိုတာ ေမြးၿပီးရင္ ေသဖို႔ရွိေသးတယ္လို႔ သတိေပးလိုက္တဲ့ ေန႔စြဲေလးတခုပါ။ အဲ့ဒါေၾကာင့္ ခုအခ်ိန္ကစၿပီး ကိုယ့္က်န္းမာေရးကိုပိုဂ႐ုစိုက္ၿပီး ကိုယ့္ကိုယ္ကိုသာ ပိုခ်စ္လိုက္ပါေတာ့ ျမတ္ေကသီေအာင္ေရ….” ဆိုၿပီးေလာကႀကီးကေန သူမသင္ယူခဲ့ရတာေတြကို အခုလိုပဲမွ်ေဝေပးခဲ့ပါတယ္။