ပအိုဝ်းရှင်ပြုအလှူမှာ ချစ်စရာကောင်းတဲ့ ပအိုဝ်းကွမ်းတောင်ကိုင်မလေးအဖြစ်နဲ့ ပါ၀င်ကုသိုလ်ယူခဲ့တဲ့ အေးမြတ်သူ

Posted on

ရှုတိုင်းရင်အေးပြီး ကျက်သရေရှိတဲ့အလှတရားပိုင်ရှင်လေးအေးမြတ်သူဟာ အခုတစ်ခါမှာ ပအိုဝ်းတိုင်းရင်းသားတွေပြုလုပ်တဲ့ ပအိုဝ်းရှင်ပြုအလှူလေးမှာ ကွမ်းတောင်ကိုင်မလေးအဖြစ်နဲ့ ပါ၀င်ပြီးလုပ်အားဒါနပြုခဲ့ပါတယ်နော်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ မြင်သူငေးတဲ့အပြုံးလှလှလေးတွေကြောင့် ပရိသတ်တွေရဲ့ နှလုံးသားကိုပိုင်ဆိုင်ထားခဲ့ရတဲ့သူမကို ပအိုဝ်းတိုင်းရင်းသူလေးတွေကြားမှာ ချစ်စရာကောင်းတဲ့ ပအိုဝ်းကွမ်းတောင်‌ကိုင်မလေးအဖြစ်တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။

အေးမြတ်သူဟာ ခရီး‌တွေထွက်ရတာ အပန်းဖြေရတာက်ု အရမ်းလည်းသဘောကျပြီးတော့ အားလပ်ချိန်တွေရတဲ့အခါတိုင်းမှာ သူမရဲ့ BFFတွေဖြစ်တဲ့ ခင်လေးနွယ် ၊ ယုသန္တာတင်တို့နဲ့အတူ အမြဲတမ်းခရီးလေးတွေထွက်ဖြစ်ပါတယ်။ အခုလည်း ပအိုဝ်းတိုင်းရင်းသားတွေနဲ့ဆုံတုန်း သူတို့ရဲ့ ယဉ်ကျေးမှုတွေကို‌လေ့လာရင်းနဲ့ ဒီရှင်ပြုပွဲလေးမှာပါ၀င်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအလှူပွဲလေးနဲ့ ပတ်သတ်ပြီးတော့လည်း သူမရဲ့လူမှုစာမျက်နှာပေါ်မှာ သူမရဲ့အမြင်ကို ရေးသားထားခဲ့ပါသေးတယ်။

အေးမြတ်သူက “အရမ်းကို ချစ်စရာကောင်းတဲ့ ပအိုဝ်းရှင်ပြုအလှူလေးမှာ ပအိုဝ်းကွမ်းတောင်ကိုင်မလေး…….ချစ်စရာကောင်းပြီးမတူညီတဲ့… ရိုးရာဓလေ့ကုသိုလ်ပွဲလေးကို …. ကုသိုလ်ပြုရင်းလေ့လာခွင့်ရခဲ့ပါတယ်ရှင့်….ကိုယ်ပိုင်စာ…. ကိုယ်ပိုင်စကား… ကိုင်ပိုင်ယဉ်ကျေးမှု့တွေ ကို ခုချိန်ထိအမြတ်တနိုးထိန်းသိမ်းနေတဲ့ … ပအိုဝ်းတိုင်းရင်းသားတွေ အရမ်းချစ်စရာကောင်းတယ်ရှင့်…” ဆိုပြီးတော့ သူမရဲ့ လူမှုစာမျက်နှာပေါ်မှာရေးသားထားခဲ့ပါတယ်။ သူမရဲ့ ပအိုဝ်းအလှူပွဲကပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက်မျှဝေရင်း အမှတ်တရလည်းတင်ပေးခဲ့ပါတယ်။ ကဲ… ပအိုဝ်းတိုင်းရင်းသူလေးအဖြစ်နဲ့ တိုင်းရင်းသားအလှူလေးမှာပါ၀င်ကုသ်ုယူခဲ့တဲ့ အေးမြတ်သူရဲ့ ပုံရိပ်လေးတွေကို CeleZoneပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Aye Myat Thu
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ပအိုဝ္းရွင္ျပဳအလႉမွာ ခ်စ္စရာေကာင္းတဲ့ ပအိုဝ္းကြမ္းေတာင္ကိုင္မေလးအျဖစ္နဲ႔ ပါ၀င္ကုသိုလ္ယူခဲ့တဲ့ ေအးျမတ္သူ

 

ရႈတိုင္းရင္ေအးၿပီး က်က္သေရရွိတဲ့အလွတရားပိုင္ရွင္ေလးေအးျမတ္သူဟာ အခုတစ္ခါမွာ ပအိုဝ္းတိုင္းရင္းသားေတြျပဳလုပ္တဲ့ ပအိုဝ္းရွင္ျပဳအလႉေလးမွာ ကြမ္းေတာင္ကိုင္မေလးအျဖစ္နဲ႔ ပါ၀င္ၿပီးလုပ္အားဒါနျပဳခဲ့ပါတယ္ေနာ္။ ပါးခ်ိဳင့္ေလးႏွစ္ဖက္နဲ႔ ျမင္သူေငးတဲ့အၿပဳံးလွလွေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕ ႏွလုံးသားကိုပိုင္ဆိုင္ထားခဲ့ရတဲ့သူမကို ပအိုဝ္းတိုင္းရင္းသူေလးေတြၾကားမွာ ခ်စ္စရာေကာင္းတဲ့ ပအိုဝ္းကြမ္းေတာင္‌ကိုင္မေလးအျဖစ္ေတြ႕ျမင္ခဲ့ရတာပဲျဖစ္ပါတယ္။

ေအးျမတ္သူဟာ ခရီး‌ေတြထြက္ရတာ အပန္းေျဖရတာက္ု အရမ္းလည္းသေဘာက်ၿပီးေတာ့ အားလပ္ခ်ိန္ေတြရတဲ့အခါတိုင္းမွာ သူမရဲ႕ BFFေတြျဖစ္တဲ့ ခင္ေလးႏြယ္ ၊ ယုသႏၲာတင္တို႔နဲ႔အတူ အၿမဲတမ္းခရီးေလးေတြထြက္ျဖစ္ပါတယ္။ အခုလည္း ပအိုဝ္းတိုင္းရင္းသားေတြနဲ႔ဆုံတုန္း သူတို႔ရဲ႕ ယဥ္ေက်းမႈေတြကို‌ေလ့လာရင္းနဲ႔ ဒီရွင္ျပဳပြဲေလးမွာပါ၀င္ျဖစ္ခဲ့တာပဲျဖစ္ပါတယ္။ ဒီအလႉပြဲေလးနဲ႔ ပတ္သတ္ၿပီးေတာ့လည္း သူမရဲ႕လူမႈစာမ်က္ႏွာေပၚမွာ သူမရဲ႕အျမင္ကို ေရးသားထားခဲ့ပါေသးတယ္။

ေအးျမတ္သူက “အရမ္းကို ခ်စ္စရာေကာင္းတဲ့ ပအိုဝ္းရွင္ျပဳအလႉေလးမွာ ပအိုဝ္းကြမ္းေတာင္ကိုင္မေလး…….ခ်စ္စရာေကာင္းၿပီးမတူညီတဲ့… ႐ိုးရာဓေလ့ကုသိုလ္ပြဲေလးကို …. ကုသိုလ္ျပဳရင္းေလ့လာခြင့္ရခဲ့ပါတယ္ရွင့္….ကိုယ္ပိုင္စာ…. ကိုယ္ပိုင္စကား… ကိုင္ပိုင္ယဥ္ေက်းမႈ႕ေတြ ကို ခုခ်ိန္ထိအျမတ္တႏိုးထိန္းသိမ္းေနတဲ့ … ပအိုဝ္းတိုင္းရင္းသားေတြ အရမ္းခ်စ္စရာေကာင္းတယ္ရွင့္…” ဆိုၿပီးေတာ့ သူမရဲ႕ လူမႈစာမ်က္ႏွာေပၚမွာေရးသားထားခဲ့ပါတယ္။ သူမရဲ႕ ပအိုဝ္းအလႉပြဲကပုံရိပ္ေလးေတြကိုလည္း ခ်စ္ပရိသတ္ေတြအတြက္မွ်ေဝရင္း အမွတ္တရလည္းတင္ေပးခဲ့ပါတယ္။ ကဲ… ပအိုဝ္းတိုင္းရင္းသူေလးအျဖစ္နဲ႔ တိုင္းရင္းသားအလႉေလးမွာပါ၀င္ကုသ္ုယူခဲ့တဲ့ ေအးျမတ္သူရဲ႕ ပုံရိပ္ေလးေတြကို CeleZoneပရိသတ္ေတြအတြက္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။