ပုဂံရောက်တုန်းလေး သောက်ကျထန်းရည်ချိုချို‌လေးတွေကို ၀င်သောက်ခဲ့တဲ့ မေမြင့်မိုရ်

Posted on

ကျက်သရေရှိရှိနဲ့ ထင်ပေါ်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးကတော့ မေမြင့်မိုရ်ပဲဖြစ်ပါတယ်နော်။ သူမဟာMRTV-4ရုပ်သံဇာတ်လမ်းတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ ရင်ထဲကို၀င်ရောက်လာသူလေးတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာဆိုရင် အောင်မြင်နေတဲ့မြန်မာနိုင်ငံက စတားအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါပြီနော်။

 

သူမဟာလက်ရှိမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကိုလက်ခံရိုက်ကူးလျက်ရှိပါတယ်။ ဒီရက်ပိုင်းမှာဆိုရင်တော့ သူမဟာ ခရီးလေးတွေကို စိတ်အေးလက်အေးနဲ့ ထွက်ဖြစ်နေတာကိုလည်းတွေ့ရပြန်ပါတယ်။ အခုလည်း စေတီပုထိုးတွေ ထန်းပင် ထန်းရိပ်လေးတွေနဲ့ အေးချမ်းလှပလွန်းလှတဲ့ ပုဂံမြေပေါ်ကို ရောက်ရှိလည်ပတ်နေခဲ့တာကိုတွေ့ပါတယ်။

ဒါကြောင့် သူမဟာ အမြဲလိုလို သူမပုဂံရောက်ပြီဆိုတာနဲ့ လုပ်နေကျဖြစ်တဲ့အရာလေးတစ်ခုနဲ့ ပတ်သတ်ပြီးပရိသတ်တွေကိုပြောပြခဲ့ပါတယ်။ သူမဟာ ထန်းရည်ချိုချိုလေးတွေကို ကြိုက်နှစ်သက်သူလေးတစ်ယောက်ဖြစ်တဲ့အတွက် ” ပုဂံရောက်ရင်မသောက်မဖြစ်မေလေးအကြိုက် ထန်းရည်လေးသောက်ပါဦးရှင့်…” ဆိုတဲ့ စာသားလေးနဲ့အတူ သူမထန်း‌ရည်ငှဲ့နေတဲ့ ဗီဒိုဖိုင်အတိုလေးကို သူမရဲ့ လူမှုစာမျက်နှာပေါ်မှာတင်ထယးခဲ့ပါတယ်။ ကဲ… ဒီတော့ CeleZoneပရိတ်သတ်ကြီးရော မေလေးလိုပုဂံရောက်တာနဲ့ ထန်းရည်အပြေးလေးသွားသောက်ဖူးကြလား ပြောခဲ့ပါအုန်းနော်။

Source : May Myint Mo
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 


