အိမ်မှာကလေးထိန်းရင်းကျန်နေခဲ့ရတဲ့ လင်းလင်းကို အမဖြစ်သူချစ်သူဝေနဲ့ရိုက်ထားတဲ့ ပုံလေးတင်ပြီး စနောက်ခဲ့တဲ့ G Fatt

Posted on

နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုကိုတစ်ခဲနက်ဆိုသလိုရရှိထားတဲ့ အဆိုတော် G Fattဟာ လက်ရှိဂီတလောကမှာအောင်မြင်နေတဲ့ လူငယ် Rapperတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ထူးခြားတဲ့အသံရှရှလေးကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပြီးတော့ သူမတူတဲ့ ကာရံတွေကို အချိတ်အဆက်မိမိသီဆိုနိုင်တာကြောင့် လူကြီးရောလူငယ်ရော ကြိုက်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေခဲ့ရပါတယ်။

 

သူဟာလတ်တလောမှာလည်း Undergroundက အရည်အချင်းရှိတဲ့ လူငယ်တွေကို သူနဲ့အတူသီဆိုခိုင်းပြီး ပွဲထုတ်မိတ်ဆက်ပေးနေတာကိုလည်းတွေ့ရပါတယ်။ အခုတစ်ခါမှာတော့ G fattဟာ Popသီချင်းချိုချိုလေးတွေကို ရင်ထဲစွဲအောင်သီဆိုတတ်တဲ့ အဆိုတော်မလေး ချစ်သုဝေနဲ့အတူ Beauty City နှစ်ပတ်လည်နေ့လေးမှာဆုံတွေ့ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ချစ်သုဝေရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းကို သူတို့မောင်နှမနှစ်ယောက်ပွဲမှာ အမှတ်တရယှဉ်တွဲရိုက်ထားတဲ့ ပုံရိပ်လေးနဲ့စနောက်ခဲ့ပြန်ပါတယ်။

 

” Beauty City 1st Anniversary ပွဲမှာ ​တွေ့လာတာ ကိုလင်းလင်း​ရော ဆို​တော့ ခ​လေးထိန်းနေတယ်တဲ့ ကိုကြီး​ရေ ” ဆိုပြီး ချစ်သုဝေပြန်ဖြေတဲ့စကားလေးနဲ့ လင်းလင်းကိုနောက်ပြောင်ခဲ့တာပဲဖြစ်ပါတယ်။ G fattက ချစ်သုဝေနဲ့အတူ ပွဲမှာအမှတ်တရရိုက်ထားတဲ့ ပုံရိပ်လေးနဲ့အတူ စာလေးရေးပြီး လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာပါ။ လင်းလင်းက အိမ်မှာကလေးထိန်းနေတယ်ဆိုတာလေးနဲ့ ပတ်သတ်ပြီးလည်း သူ့ရဲ့ ပရိသတ်တွေကလည်း လင်းလင်းကို ဝိုင်းပြီးစနောက်ခဲ့ကြပါသေးတယ်။ကဲ… မောင်နှမနှစ်ယောက်စုံ‌တုန်းလေး လင်းလင်းကိုဘယ်လိုတောင်ဝိုင်းစထားကြလဲ ဆိုတာကြည့်လိုက်ကြပါအုန်းနော်….

 

Source : G Fatt
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

” အိမ္မွာကေလးထိန္းရင္းက်န္ေနခဲ့ရတဲ့ လင္းလင္းကို အမျဖစ္သူခ်စ္သူေဝနဲ႔႐ိုက္ထားတဲ့ ပုံေလးတင္ၿပီး စေနာက္ခဲ့တဲ့ G Fatt ”

 

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အားေပးမႈကိုတစ္ခဲနက္ဆိုသလိုရရွိထားတဲ့ အဆိုေတာ္ G Fattဟာ လက္ရွိဂီတေလာကမွာေအာင္ျမင္ေနတဲ့ လူငယ္ Rapperတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ထူးျခားတဲ့အသံရွရွေလးကိုပိုင္ဆိုင္ထားသူလည္းျဖစ္ၿပီးေတာ့ သူမတူတဲ့ ကာရံေတြကို အခ်ိတ္အဆက္မိမိသီဆိုႏိုင္တာေၾကာင့္ လူႀကီးေရာလူငယ္ေရာ ႀကိဳက္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္လို႔ေနခဲ့ရပါတယ္။

သူဟာလတ္တေလာမွာလည္း Undergroundက အရည္အခ်င္းရွိတဲ့ လူငယ္ေတြကို သူနဲ႔အတူသီဆိုခိုင္းၿပီး ပြဲထုတ္မိတ္ဆက္ေပးေနတာကိုလည္းေတြ႕ရပါတယ္။ အခုတစ္ခါမွာေတာ့ G fattဟာ Popသီခ်င္းခ်ိဳခ်ိဳေလးေတြကို ရင္ထဲစြဲေအာင္သီဆိုတတ္တဲ့ အဆိုေတာ္မေလး ခ်စ္သုေဝနဲ႔အတူ Beauty City ႏွစ္ပတ္လည္ေန႔ေလးမွာဆုံေတြ႕ခဲ့ပါတယ္။ ဒါေၾကာင့္ သူဟာ ခ်စ္သုေဝရဲ႕ ခင္ပြန္းျဖစ္သူ အဆိုေတာ္လင္းလင္းကို သူတို႔ေမာင္ႏွမႏွစ္ေယာက္ပြဲမွာ အမွတ္တရယွဥ္တြဲ႐ိုက္ထားတဲ့ ပုံရိပ္ေလးနဲ႔စေနာက္ခဲ့ျပန္ပါတယ္။

” Beauty City 1st Anniversary ပြဲမွာ ​ေတြ႕လာတာ ကိုလင္းလင္း​ေရာ ဆို​ေတာ့ ခ​ေလးထိန္းေနတယ္တဲ့ ကိုႀကီး​ေရ ” ဆိုၿပီး ခ်စ္သုေဝျပန္ေျဖတဲ့စကားေလးနဲ႔ လင္းလင္းကိုေနာက္ေျပာင္ခဲ့တာပဲျဖစ္ပါတယ္။ G fattက ခ်စ္သုေဝနဲ႔အတူ ပြဲမွာအမွတ္တရ႐ိုက္ထားတဲ့ ပုံရိပ္ေလးနဲ႔အတူ စာေလးေရးၿပီး လူမႈစာမ်က္ႏွာေပၚမွာတင္ထားခဲ့တာပါ။ လင္းလင္းက အိမ္မွာကေလးထိန္းေနတယ္ဆိုတာေလးနဲ႔ ပတ္သတ္ၿပီးလည္း သူ႔ရဲ႕ ပရိသတ္ေတြကလည္း လင္းလင္းကို ဝိုင္းၿပီးစေနာက္ခဲ့ၾကပါေသးတယ္။ကဲ… ေမာင္ႏွမႏွစ္ေယာက္စုံ‌တုန္းေလး လင္းလင္းကိုဘယ္လိုေတာင္ဝိုင္းစထားၾကလဲ ဆိုတာၾကည့္လိုက္ၾကပါအုန္းေနာ္….