ဇနီးဖြစ်သူကို ဒေါ်ငွေသိမ်းလို့ စနောက်လိုက်တဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်

Posted on

ပရိသတ်ကြီးရေ.. ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စရာ ဟာသတွေနဲ့ တင်ဆက်ပေးနေတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ခင်လှိုင်ကို အားလုံးချစ်ကြမယ်ထင်ပါတယ်နော် ။ ဦးခင်လှိုင်ကတော့ ရုပ်ရှင်ထဲမှာသာမက အပြင်လောကမှာလည်း ချစ်ရတဲ့ ဇနီး ၊ သားသမီးတွေနဲ့အတူ အမြဲပျော်ပျေ်ာရွှင်ရွှင်နေတတ်တဲ့ သူတစ်ယောက်ပါ ။ သူ့ရဲ့အနုပညာအမွေကို ဆက်ခံကြတဲ့ သားနဲ့သမီးအတွက် အမြဲဂုဏ်ယူပြီး ချစ်ဇနီးဖြစ်သူလည်း အရိပ်တကြည့်ကြည့်ချစ်တတ်သူကြီးပါ ။

 

 

ခင်လှိုင်တို့ ဇနီးမောင်နှံကတော့ သူတို့ရဲ့အမှတ်တရနေ့တွေမှာ သားတွေ သမီးတွေပါ ပြန်အားကျရလောက်အောင် တအားကို ရိုကြတဲ့ သူတွေပါ ။ အသက်တွေကြီးပြီး သားသမီးမြေးတွေရနေပြီဆိုပေမယ့် အချစ်တွေ နုပျိုလတ်ဆက်နေဆဲဆိုတာကို အမြဲသက်သေပြနေကြတဲ့ သူတွေလို့တောင်ဆိုရမှာပါ ။ လတ်တလောမှာလည်း ဒေါ်ငွေသိမ်းဘယ်လောက်ပဲ ခိုင်းခိုင်း သားသား ပြုံးနေဆဲ ပါဆိုတဲ့ စာသားလေးနဲ့အတူ ချစ်ဇနီးကို အရွှန်းဖောက်ပြီး စနောက်ထားတဲ့ ပုံလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးထားတာတွေ့ရပါတယ် ။

 

ပရိသတ်တွေကလည်း ကိုငွေရှာနဲ့ မငွေသိမ်းလို့ စနောက်နေကြပြီး ချစ်ဖို့ကောင်းတဲ့ အနုပညာရှင် စုံတွဲလို့မှတ်ချက်တွေပေးထားကြပါတယ် ။ ဦးခင်လှိုင်ကို ဟိုးအရင်ထဲက နေ အခုချိန်ထိ ချစ်ခင်အားပေးနေဆဲ Cele Zone ပရိသတ်ကြီးအတွက် ကိုငွေရှာကြီးရဲ့ မငွေသိမ်းတို့ရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khin Hlaing
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ဇနီးျဖစ္သူကို ေဒၚေငြသိမ္းလို႕ စေနာက္လိုက္တဲ့ ဟာသ သ႐ုပ္ေဆာင္ ခင္လိႈင္

 

ပရိသတ္ႀကီးေရ.. ပရိသတ္ေတြကို အၿမဲရယ္ေမာေပ်ာ္ရႊင္စရာ ဟာသေတြနဲ႕ တင္ဆက္ေပးေနတဲ့ ဟာသ သ႐ုပ္ေဆာင္ လူရႊင္ေတာ္ ခင္လိႈင္ကို အားလံုးခ်စ္ၾကမယ္ထင္ပါတယ္ေနာ္ ။ ဦးခင္လိႈင္ကေတာ့ ႐ုပ္ရွင္ထဲမွာသာမက အျပင္ေလာကမွာလည္း ခ်စ္ရတဲ့ ဇနီး ၊ သားသမီးေတြနဲ႕အတူ အၿမဲေပ်ာ္ေပ်္ာရႊင္ရႊင္ေနတတ္တဲ့ သူတစ္ေယာက္ပါ ။ သူ႕ရဲ႕အႏုပညာအေမြကို ဆက္ခံၾကတဲ့ သားနဲ႕သမီးအတြက္ အၿမဲဂုဏ္ယူၿပီး ခ်စ္ဇနီးျဖစ္သူလည္း အရိပ္တၾကည္႕ၾကည္႕ခ်စ္တတ္သူႀကီးပါ ။

ခင္လိႈင္တို႕ ဇနီးေမာင္ႏွံကေတာ့ သူတို႕ရဲ႕အမွတ္တရေန႕ေတြမွာ သားေတြ သမီးေတြပါ ျပန္အားက်ရေလာက္ေအာင္ တအားကို ႐ိုၾကတဲ့ သူေတြပါ ။ အသက္ေတြႀကီးၿပီး သားသမီးေျမးေတြရေနၿပီဆိုေပမယ့္ အခ်စ္ေတြ ႏုပ်ိဳလတ္ဆက္ေနဆဲဆိုတာကို အၿမဲသက္ေသျပေနၾကတဲ့ သူေတြလို႕ေတာင္ဆိုရမွာပါ ။ လတ္တေလာမွာလည္း ေဒၚေငြသိမ္းဘယ္ေလာက္ပဲ ခိုင္းခိုင္း သားသား ျပံဳးေနဆဲ ပါဆိုတဲ့ စာသားေလးနဲ႕အတူ ခ်စ္ဇနီးကို အရႊန္းေဖာက္ၿပီး စေနာက္ထားတဲ့ ပံုေလးကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကိုမွ်ေ၀ေပးထားတာေတြ႕ရပါတယ္ ။

ပရိသတ္ေတြကလည္း ကိုေငြရွာနဲ႕ မေငြသိမ္းလို႕ စေနာက္ေနၾကၿပီး ခ်စ္ဖို႕ေကာင္းတဲ့ အႏုပညာရွင္ စံုတြဲလို႕မွတ္ခ်က္ေတြေပးထားၾကပါတယ္ ။ ဦးခင္လိႈင္ကို ဟိုးအရင္ထဲက ေန အခုခ်ိန္ထိ ခ်စ္ခင္အားေပးေနဆဲ Cele Zone ပရိသတ္ႀကီးအတြက္ ကိုေငြရွာႀကီးရဲ႕ မေငြသိမ္းတို႕ရဲ႕ ပံုရိပ္ေတြကို ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။

Source : Khin Hlaing
Emily ( Cele Zone )