မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသမီးချောလေး ခြူးလေးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်လမ်းတွဲ တွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ထားပြီး အမာခံ ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိထားသူလေးပါ။ ချစ်စရာမျက်နှာထားလေးနဲ့ ပရိသတ်တွေရင်ကို အေးစေတဲ့ မင်းသမီးလေးမို့ ချစ်မွှေးပါတယ်လို့ ပြောရလောက်အောင် ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်း ခံရသူလေးပါ။
ထိုအတူပဲ အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်လှိုင်ရဲ့ သားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် နေရဲ ကလည်း တက်သစ်စ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ သူတစ်ဦးပါ။ ပျော်ပျော်နေတတ်တဲ့ ခြူးလေးနဲ့ အခွီလေးတွေလုပ်တတ်တဲ့ နေရဲတို့ နှစ်ယောက်တွေ့ဆုံတဲ့ ခဏလေးမှာ ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်ရအောင် Tiktokဗီဒီယိုလေးတစ်ခုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
ခြူးလေးရဲ့ အခွီလေးတွေဆော့ထားတဲ့ Tiktok ဗီဒီယိုလေးတွေက ပရိသတ်တွေနဲ့ မစိမ်းတော့ပေမယ့် အခု တစ်ခေါက်မှာတော့ ပရိသတ်တွေကြားမှာ အရမ်းကို ခေတ်စားနေတဲ့ ကိုကြီးသီချင်းလေးနဲ့ နှစ်ယောက်သား အခွီလေး ဆော့ထားတာကိုမြင်တွေ့ရမှာပါ။ ဒီတော့ CeleZone ပရိသတ်ကြီးလည်း သူတို့နှစ်ယောက် ဘယ်လိုတွေ ရယ်မောရအောင် Tiktokလေးဆော့ထားလဲ ဆိုတာကိုတော့ အောက်က ဗီဒီယိုလေးကို ဆက်ကြည့်လိုက်ပါအုံးနော်။
Source:Chue Chue
NORA:CeleZone
(Zawgyi ြဖင့်ဖတ်ရန်)
ကိုကြီးသီချင်းကို အခွီပုံစံ ဟန်လုပ်ပြီး အူတက်ရလောက်အောင်Tiktokဆော့ပြလိုက်တဲ့ နေရဲ နဲ့ ခြူးလေး