ရောက်လေရာအရပ်မှာထူးခြားတဲ့ တိုက်ဆိုင်မှုလေးတစ်ခုရှိတဲ့အကြောင်း ပြောပြလာတဲ့ ယဉ်လတ်

Posted on

အက်ရှင်နဲ့ ပရိသတ်ရင်ထဲကိုထိုးဖောက်လာတဲ့ မင်းသမီးချောလေး ယဉ်လတ်ကတော့ စစ်ကိုမုန်း၍ တိုက်ခဲ့သည်ကားနဲ့ ပရိသတ်အားပေးလက်ခံမှုတခဲနက်ရရှိလာသူလေးပါ ။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သွက်သွက်လက်လက် ချစ်စဖွယ်အပြုမူလေးတွေကြောင့် ပရိသတ်တွေ အသည်းစွဲချစ်နေရသူလေးဆိုလည်းမှားမယ်မထင်ပါဘူး ။ ဒါ့အပြင် သွားလေရာ ဓာတ်ပုံလိုက်ရိုက်ပေးတတ်တဲ့ ယဉ်လတ်ရဲ့ ဖေဖေကြောင့် ပရိသတ်တွေက သူမရဲ့ပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်အားပေးနေရတယ်လို့ဆိုရမှာပါ ။

 

 


ဒီနေ့မှာလည်း ယဉ်လတ်တစ်ယောက် ဖေဖေရိုက်ပေးတဲ့ ဓာတ်ပုံလှလှလေးတွေ နဲ့အတူ ရောက်လေရာအရပ်မှာ ဝတ်ထားတဲ့အင်္ကျီအရောင်နဲ့ကွက်တိတူတဲ့ ပန်းလေးတစ်ပွင့် အမြဲလိုလို ပန်ဆင်ခွင့်ရတာလည်း ကုသိုလ်တစ်မျိုးပဲ အားလုံးကိုလည်း မေတ္တာပို့ပေးပါတယ်ေ မတ္တာတွေလည်းပြန်လည်ရရှိရပါတယ်ကျွန်မ ချစ်ရတဲ့သူတွေစိတ်ချမ်းသာ အေးချမ်းမှုတွေ ပြည့်စုံနိုင်ကြပါစေ.. ဆိုတဲ့စာသားလေးကို ရေးသားပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။ ဝတ်ထားတဲ့အင်္ကျီအရောင်နဲ့အမြဲဆင်တူတဲ့ ပန်းလေးတွေ ပန်ခွင့်ရတာကတော့ ထူးထူးခြားခြား တိုက်ဆိုင်မှုလား သူမရဲ့ကုသိုလ်ကံလားဆိုတာကတော့ စိတ်ဝင်စားစရာပဲနော် ။

 

 

ဖိုက်တာမလေး အဖြစ်အမြဲ မြင်တွေ့နေရတဲ့ ယဉ်လတ်လေးကို အခုတော့ မိန်းကလေး ဆန်ဆန် မြန်မာ ဝတ်စုံ ယဉ်စစလေးနဲ့ မိန်းမဆန်ဆန် မြင်တွေ့ရတာ တကယ်ကို ထူးထူးခြားခြား ဖြစ်သလို အရမ်းကိုလှနေတယ်ဆိုတာကတော့အသေချာပါပဲ ။ ယဉ်လတ်ကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက် ယဉ်လတ်ရဲ့ ချစ်စဖွယ် မြန်မာဆန်ဆန် ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော် ။

 

 

Source : Yin Latt
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Yin Latt
Emily ( Cele Zone )