မိခင်ဖြစ်သူရဲ့မွေးနေ့ကို Surprise လုပ်ပေးခဲ့တဲ့ မေမီကိုကို

Posted on

မြိုင်လို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ရတဲ့ မေမီကိုကိုကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်ရင်ထဲရောက်လာခဲ့သူလေးပါ ။ ပျားရည်အိုင် ဆိုတဲ့ ဇာတ်လမ်းတွဲမှာ မြိုင်ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်အားပေးလက်ခံမှု တခဲနက်ရရှိခဲ့တဲ့ မင်းသမီးလေးလို့ပြောလည်းမမှားပါဘူး ။ နောက်ပိုင်းမှာလည်း တခြားဇာတ်လမ်းတွဲတွေ အများကြီးရိုက်ကူးနေတယ်လို့လည်းသိရပါတယ် ။ မေမီကိုကို အခုလို နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်လာဖို့ မိသားစုကလည်း အများကြီး ပံ့ပိုးကူညီပေးခဲ့တယ် ဆိုတာ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။

 

 

ဒီနေ့ဖေဖော်ဝါရီလ (၁၇) ရက်နေ့ကတော့ မြိုင့်ရဲ့ မေမေ မွေးနေ့ပါတဲ့ ပရိသတ်ကြီးရေ ..။ မိခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးမှာ မိခင်ကိုမွေးနေ့ကိတ်နဲ့ ည (၁၂) ကျော်မှာ Surprise လုပ်ခဲ့တာဖြစ်ပါတယ် ။ ဒီမွေးနေ့ ဗီဒီယိုလေးကို မြိုင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးကိုကြည့်ခြင်းအားဖြင့် မြိုင်တို့မိသားစုလေး တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ထိ ချစ်ခင်နွေးထွေးလည်းဆိုတာကို ပရိသတ်ကြီးလည်း ခံစားမိမယ်ထင်ပါတယ်နော် ။

 

 

မြိုင်ရဲ့ မေမေလည်း မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့ ခင်ပွန်း ၊ သမီးတွေနဲ့အတူ ပျော်ရွှင်စွာ အသက်ထက်ဆုံးနေသွားနိုင်ပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ မြိုင့်ကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက်လည်း မွေးနေ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : May Mi Ko Ko
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

မိခင္ျဖစ္သူရဲ႕ေမြးေန႕ကို Surprise လုပ္ေပးခဲ့တဲ့ ေမမီကိုကို

 

ၿမိဳင္လို႕ ပရိသတ္ေတြခ်စ္စႏိုးနဲ႕ေခၚရတဲ့ ေမမီကိုကိုကေတာ့ MRTV-4 ဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္ရင္ထဲေရာက္လာခဲ့သူေလးပါ ။ ပ်ားရည္အိုင္ ဆိုတဲ့ ဇာတ္လမ္းတြဲမွာ ၿမိဳင္ဆိုတဲ့ ကာ႐ိုက္တာနဲ႕ ပရိသတ္အားေပးလက္ခံမႈ တခဲနက္ရရွိခဲ့တဲ့ မင္းသမီးေလးလို႕ေျပာလည္းမမွားပါဘူး ။ ေနာက္ပိုင္းမွာလည္း တျခားဇာတ္လမ္းတြဲေတြ အမ်ားႀကီး႐ိုက္ကူးေနတယ္လို႕လည္းသိရပါတယ္ ။ ေမမီကိုကို အခုလို နာမည္ႀကီးမင္းသမီးတစ္ေယာက္ျဖစ္လာဖို႕ မိသားစုကလည္း အမ်ားႀကီး ပံ့ပိုးကူညီေပးခဲ့တယ္ ဆိုတာ ပရိသတ္ေတြသိၿပီးျဖစ္မွာပါ ။

ဒီေန႕ေဖေဖာ္ဝါရီလ (၁၇) ရက္ေန႕ကေတာ့ ၿမိဳင့္ရဲ႕ ေမေမ ေမြးေန႕ပါတဲ့ ပရိသတ္ႀကီးေရ ..။ မိခင္ျဖစ္သူရဲ႕ ေမြးေန႕ရက္ျမတ္ေလးမွာ မိခင္ကိုေမြးေန႕ကိတ္နဲ႕ ည (၁၂) ေက်ာ္မွာ Surprise လုပ္ခဲ့တာျဖစ္ပါတယ္ ။ ဒီေမြးေန႕ ဗီဒီယိုေလးကို ၿမိဳင္က သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကိုမွ်ေ၀ေပးခဲ့တာျဖစ္ပါတယ္ ။ ဒီဗီဒီယိုေလးကိုၾကည္႕ျခင္းအားျဖင့္ ၿမိဳင္တို႕မိသားစုေလး တစ္ေယာက္ကို တစ္ေယာက္ ဘယ္ေလာက္ထိ ခ်စ္ခင္ေႏြးေထြးလည္းဆိုတာကို ပရိသတ္ႀကီးလည္း ခံစားမိမယ္ထင္ပါတယ္ေနာ္ ။

ၿမိဳင္ရဲ႕ ေမေမလည္း ေမြးေန႕မွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာထိ ခ်စ္တဲ့ ခင္ပြန္း ၊ သမီးေတြနဲ႕အတူ ေပ်ာ္ရႊင္စြာ အသက္ထက္ဆံုးေနသြားႏိုင္ပါေစလို႕ Cele Zone မွဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။ ၿမိဳင့္ကိုခ်စ္ၾကတဲ့ Cele Zone ပရိသတ္ႀကီးအတြက္လည္း ေမြးေန႕ဗီဒီယိုေလးကို ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။

Source : May Mi Ko Ko
Emily ( Cele Zone )