(၄) နှစ်တာအတွင်း အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ တိုင်ရွန်

Posted on

မြန်မာပြည်အဝင်းလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး တိုင်ရွန်ကတော့ သူ့ရဲ့အမိုက်စား ဘော်ဒီနဲ့ ချောမောတဲ့ရုပ်ရည်သွင်ပြင်ကြောင့် မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ နာမည်ကျော် မော်ဒယ်လ်မင်းသားတစ်ယောက်ပဲဖြစ်ပါတယ် ။ အခုဆို ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေလည်းရိုက်ကူးနေပြီး အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှုတွေရရှိနေပြီပဲဖြစ်ပါတယ် ။ အဝင်းရဲ့ အဓိက ဆွဲဆောင်မှုရှိတဲ့ အချက်ကတော့ သူ့ရဲ့ အမိုက်စား ဘော်ဒီကြောင့်ဖြစ်ပြီး ယောက်ျားလေး ပရိသတ်တွေက အားကျနေရသလို မိန်းကလေးပရိသတ်တွေကလည်း ကြွေနေရတာပါ ။

 

 

လတ်တလောမှာတော့ တိုင်ရွန်က သူအခုလိုအမိုက်စား ဘော်ဒီမရခင် လွန်ခဲ့တဲ့ လေးနှစ်ခန့်က သူ့ရဲ့ ပုံကို မိုင်ဒေးကနေတဆင့် ပရိသတ်တွေကိုမျှဝေထားတာတွေ့ရပါတယ် ။ လွန်ခဲ့တဲ့လေးနှစ်က ပိန်ပိန်လေးနဲ့ အဝင်းကတော့ အခုဆို လူတိုင်းငေးကြည့်ရတဲ့ အမိုက်စားဘော်ဒီနဲ့ ဆော်ကြည် မင်းသားလေးဖြစ်လာပါပြီနော် ။ အခုလို အမိုက်စား ဘော်ဒီနဲ့ လွန်ခဲ့တဲ့ လေးနှစ်က ပုံကအရမ်းကို ကွာခြားနေတာကိုကြည့်ခြင်းအားဖြင့် အဝင်းတစ်ယောက် ဘယ်လောက်တောင် ကြိုးစားထားလဲဆိုတာ ပရိသတ်တွေလည်း ခန့်မှန်းမိမှာပါ ။ အခုလို ဘော်ဒီရဖို့ လေ့ကျင့်ခန်းတွေ လုပ် Gym တွေဆော့ပြီး ပြင်းပြင်းထန်ထန်ကြိုးစားထားရတာ ဖြစ်ပြီး ကြိုးစားရကျိုးနပ်တယ်လို့တောင် ဆိုရမှာပါ ။

 

 

အဝင်းကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက် လွန်ခဲ့တဲ့ လေးနှစ်က အဝင်းရဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ အဝင်းကိုချစ်တဲ့ပရိသတ်ကြီးကလည်း အဝင်းရဲ့ အခုပုံနဲ့ လွန်ခဲ့တဲ့ လေးနှစ်က ပုံကို ယှဉ်ကြည့်ပြီးအရမ်းကိုအံ့သြနေကြမယ်ထင်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း အဝင်းရဲ့ ပြောင်းလဲမှုလေးအတွက် မှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော် ။

Source : Tyron Bejay
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Tyron Bejay
Emily ( Cele Zone )