မြမြရုပ်ရှင်ကားကြီးကို သွားကြည့်ပြီး ချီးကျူးစကားဆိုလိုက်တဲ့ နေမင်း

Posted on

မြမြဆိုတဲ့ ဝိဉာဉ်ကောင်မလေး စက်ရုံလုပ်သားတွေကို ဝင်ရောက်ပူးကပ်ပြီးအကူညီတောင်းခံခဲ့တဲ့ ဖြစ်ရပ်လေးကို အခြေခံပြီး ဒါရိုက်တာညိုမင်းလွင်က မြမြဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့ပါတယ် ။ ဇာတ်ကားရုံမတင်ခင်က ဝေဖန်မှုတွေ အများကြီးရှိခဲ့ပေမယ့်တကယ်တမ်းရုံတင်ချိန်မှာတော့ ပရိသတ်တွေဆီက ချီးကျူးစကားသံတွေ ထွက်ပေါ်လာခဲ့သလို အနုပညာသမားအချင်းချင်းလည်း ဒီကားလေးကို ဝန်းရံအားပေးခဲ့ကြပါတယ် ။ မြမြ ရုပ်ရှင်ကားကြီးကို နှစ်ခြိုက်သဘောကျတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်နေမင်းလည်းအပါဝင်ပါပဲ ။

 

 

နေမင်းက တွေးထားတာထက် တွေးမထားတဲ့ ဇာတ်ကွက်တွေအပြည့် နဲ့ ဇာတ်လမ်းလေးဟာ စဖွင့်တဲ့အချိန်ကတည်းက ရုပ်ရှင်မှန်းသတိမေ့သွားစေခဲ့တယ်လို့ဆိုလာပါတယ် ။ တကယ့် လက်တွေ့ဘဝထဲကို ကြည့်နေတဲ့သူကိုေ ခါ်သွားခဲ့ပြီး ဇာတ်လမ်းတစ်ခုလုံးပြီးသွားတဲ့အထိ ကိုယ်ထင်ထားသလိုမဟုတ်ဘဲ သူပြသလိုသာ မျက်တောင်မခတ်ဘဲအဆုံးထိကြည့်မိအောင် ဆွဲဆောင်သွားပြန်တယ် ကိုယ်ထင်ထားတဲ့ မြမြထက် သနားစရာ ချစ်ခင်ဖွယ်ရာမြမြလေး ဖြစ်နေပြန်တယ်မြမြကို ရေလောင်းသွားပြီးတစ်ခြမ်းလေး စိုသွားတဲ့ အဖြူ အမဲပြကွက်လေး ကမျက်လုံးလေးထဲကခုထိမထွက်သေးဘူးလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့ပါတယ် ။\

 

 


ရေလောင်းသူလေးနဲ့ ဇာတ်ကိုသိမ်းသွား သောအခါ ငယ်ငယ်က ကြိုက်လွန်းခဲ့တဲ့ ကိုညို့ Nyo Min Lwin. ကို ပြန်မြင်တွေ့လိုက်ရလို့ ကျွန်တော် အလွန်ပျော်မိသလို ပီတိ လည်း ဖြစ်မိ စေခဲ့တယ်လို့လည်း ဒါရိုက်တာညိုမင်းလွင်ကို ချီးကျူးစကားဆိုခဲ့ပါသေးတယ် ။ ကြည့်တဲ့ပရိတ်သတ်တွေအတွက်ပေးရတဲ့အချိန် နဲ့ငွေအတွက် အဆပေါင်းများစွာကျေနပ်စေမဲ့မြမြ ဖြစ်မှာပါလို့လည်း နေမင်းက ဒီကားလေးကိုကြည့်မယ့်ပရိသတ်တွေကိုအကြံပေးထားပါသေးတယ် ။ Cele Zone ပရိသတ်ကြီးလည်း ဒီလောက်မှတ်ချက်ကောင်းတွေရထားတဲ့ မြမြရုပ်ရှင်ကားကြီးကို သွားကြည့်လိုက်ကြပါဦးနော် ။

Source : Nay Min
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ျမျမ႐ုပ္ရွင္ကားႀကီးကို သြားၾကည့္ၿပီး ခ်ီးက်ဴးစကားဆိုလိုက္တဲ့ ေနမင္း

ျမျမဆိုတဲ့ ဝိဉာဥ္ေကာင္မေလး စက္႐ုံလုပ္သားေတြကို ဝင္ေရာက္ပူးကပ္ၿပီးအကူညီေတာင္းခံခဲ့တဲ့ ျဖစ္ရပ္ေလးကို အေျခခံၿပီး ဒါ႐ိုက္တာညိဳမင္းလြင္က ျမျမဆိုတဲ့ ႐ုပ္ရွင္ကားႀကီးကို ႐ိုက္ကူးပုံေဖာ္ခဲ့ပါတယ္ ။ ဇာတ္ကား႐ုံမတင္ခင္က ေဝဖန္မႈေတြ အမ်ားႀကီးရွိခဲ့ေပမယ့္တကယ္တမ္း႐ုံတင္ခ်ိန္မွာေတာ့ ပရိသတ္ေတြဆီက ခ်ီးက်ဴးစကားသံေတြ ထြက္ေပၚလာခဲ့သလို အႏုပညာသမားအခ်င္းခ်င္းလည္း ဒီကားေလးကို ဝန္းရံအားေပးခဲ့ၾကပါတယ္ ။ ျမျမ ႐ုပ္ရွင္ကားႀကီးကို ႏွစ္ၿခိဳက္သေဘာက်တဲ့ အႏုပညာရွင္ေတြထဲမွာ သ႐ုပ္ေဆာင္ေနမင္းလည္းအပါဝင္ပါပဲ ။

ေနမင္းက ေတြးထားတာထက္ ေတြးမထားတဲ့ ဇာတ္ကြက္ေတြအျပည့္ နဲ႔ ဇာတ္လမ္းေလးဟာ
စဖြင့္တဲ့အခ်ိန္ကတည္းက ႐ုပ္ရွင္မွန္းသတိေမ့သြားေစခဲ့တယ္လို႔ဆိုလာပါတယ္ ။ တကယ့္ လက္ေတြ႕ဘဝထဲကို ၾကည့္ေနတဲ့သူကိုေ ခၚသြားခဲ့ၿပီး ဇာတ္လမ္းတစ္ခုလုံးၿပီးသြားတဲ့အထိ ကိုယ္ထင္ထားသလိုမဟုတ္ဘဲ သူျပသလိုသာ မ်က္ေတာင္မခတ္ဘဲအဆုံးထိၾကည့္မိေအာင္ ဆြဲေဆာင္သြားျပန္တယ္ ကိုယ္ထင္ထားတဲ့ ျမျမထက္ သနားစရာ ခ်စ္ခင္ဖြယ္ရာျမျမေလး ျဖစ္ေနျပန္တယ္ျမျမကို ေရေလာင္းသြားၿပီးတစ္ျခမ္းေလး စိုသြားတဲ့ အျဖဴ အမဲျပကြက္ေလး ကမ်က္လုံးေလးထဲကခုထိမထြက္ေသးဘူးလို႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာေရးသားခဲ့ပါတယ္ ။

ေရေလာင္းသူေလးနဲ႔ ဇာတ္ကိုသိမ္းသြား ေသာအခါ ငယ္ငယ္က ႀကိဳက္လြန္းခဲ့တဲ့ ကိုညိဳ႕ Nyo Min Lwin. ကို ျပန္ျမင္ေတြ႕လိုက္ရလို႔ ကြၽန္ေတာ္ အလြန္ေပ်ာ္မိသလို ပီတိ လည္း ျဖစ္မိ ေစခဲ့တယ္လို႔လည္း ဒါ႐ိုက္တာညိဳမင္းလြင္ကို ခ်ီးက်ဴးစကားဆိုခဲ့ပါေသးတယ္ ။ ၾကည့္တဲ့ပရိတ္သတ္ေတြအတြက္ေပးရတဲ့အခ်ိန္ နဲ႔ေငြအတြက္ အဆေပါင္းမ်ားစြာေက်နပ္ေစမဲ့ျမျမ ျဖစ္မွာပါလို႔လည္း ေနမင္းက ဒီကားေလးကိုၾကည့္မယ့္ပရိသတ္ေတြကိုအႀကံေပးထားပါေသးတယ္ ။ Cele Zone ပရိသတ္ႀကီးလည္း ဒီေလာက္မွတ္ခ်က္ေကာင္းေတြရထားတဲ့ ျမျမ႐ုပ္ရွင္ကားႀကီးကို သြားၾကည့္လိုက္ၾကပါဦးေနာ္ ။

Source : Nay Min
Emily ( Cele Zone )