ချစ်သူဘေဘီမောင်နဲ့အတူ ကြည်နူးစွာသရုပ်ဆောင်ထားတဲ့ သားဂန်းရဲ့သီချင်းအသစ်

Posted on

ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ဆယ်လီစုံတွဲတွေထဲမှာ ဘေဘီမောင်နဲ့သားဂန်းတို့စုံတွဲလေးကိုလည်း မေ့ထားလို့မရပါဘူးနော် ။ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ အာင်မြင်တဲ့မော်ဒယ်လ်မင်းသမီးလေး ဘေဘီမောင်နဲ့ အိမ်မက်ဆုံရာ ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ အဆိုတော် သားဂန်းတို့ ဟာ မမ နဲ့မောင် စုံတွဲလေးဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတယ်ဆိုတာကိုတော့ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါနော် ။ အနေအေးတဲ့ သားဂန်းနဲ့ သွက်သွက်လက်လက်ရှိတဲ့ ဘေဘီမောင်တို့အတွဲလေးကတော့ ပရိသတ်တွေ အားကျအောင် အမြဲကိုရိုပြနေတဲ့ စုံတွဲလေးပါ ။

 

 

လတ်တလောမှာတော့ သားဂန်းက သူ့ရဲ့သီချင်းအသစ်ကို လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ထူးခြားမှုတစ်ခုကတော့ ဒီသီချင်းလေးကို ချစ်သူ ဘေဘီမောင် နဲ့အတူ သရုပ်ဆောင်ထားပြီး သီချင်းနာမည်လေးကတော့ မင်းသဘော လို့အမည်ပေးထားပါတယ် ။ ဒီသီချင်းလေးကို သားဂန်းက ကိုယ်တိုင်ရေးစပ်ထားပြီး မင်းအလှအပနဲ့ မင်းခန္ဓာကိုယ်ထက် မင်းအချစ်ကိုပဲလိုချင်တာပါဆိုတဲ့ စာသားလေးတွေကတော့ တကယ်ကိုရင်ထဲ ခံစားသွားရစေပါတယ် ပရိသတ်ကြီးရေ ..။ အပြင်မှာလည်း ပရိသတ်အားကျရတဲ့ စုံတွဲလေးဖြစ်သလို MTV မှာလည်း အရမ်းချစ်ကြတဲ့ စုံတွဲလေးအဖြစ်သရုပ်ဆောင်ထားပြီး Happy Ending လေးနဲ့အဆုံးသတ်ထားတာ တကယ်ကို ကြည့်ရသူတိုင်း ကြည်နူးသွားစေမယ်လို့ထင်ပါတယ် ။

 

ပရိသတ်တွေကလည်း စာသားတွေကိုကြွေပြီး သရုပ်ဆောင်ထားတာလေးက ကြည်နူးစရာကောင်းတယ်လို့မှတ်ချက်တွေပေးထားကြတာတွေ့ရပါတယ် ။ Cele Zone ပရိသတ်ကြီးအတွက် လည်း သားဂန်းနဲ့ ဘေဘီမောင်တို့သရုပ်ဆောင်ထားတဲ့ မင်းသဘော ဆိုတဲ့ Music Video လေးကို အခုပဲပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Thar Gan
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Thar Gan
Emily ( Cele Zone )