ညီမဖြစ်သူ သံစဉ်မောင်ရဲ့မွေးနေ့မှာ ထူးထူးခြားခြား ဆုတောင်းစကားဆိုလိုက်တဲ့ ဘေဘီမောင်

Posted on

ပရိသတ်ကြီးရေ ဒီနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ကတော့ မော်ဒယ်လ် မင်းသမီးချောလေး သံစဉ်မောင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ သံစဉ်မောင်ကတော့ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားတဲ့ မော်ဒယ်လ်မင်းသမီးချောလေး ဘေဘီမောင်ရဲ့ ညီမဆိုတာကိုတော့ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။ အစ်မကြီး အမိရာဆိုတဲ့ အတိုင်း မောင်လေး ညီမလေးတွေကို အရမ်းချစ်တတ် ပြီး အမြဲရှေ့က ကာကွယ်ပေးတတ်တဲ့ ဘေဘီမောင်က ဒီနေ့မှာ ညီမလေး သံစဉ်မောင်အတွက် မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားတာ တွေ့ရပါတယ် ။

 

 


” ကျွန်မရဲ့ချစ်ညီမလေးကျဲလေးတောင် 12 နာရီကျော်ရင်အသက်တစ်နှစ်ကြီးတော့မယ်ချစ်ရတဲ့ညီမလေးရေ Happybirthdayပါကွယ်မွေးနေ့မှစပြီး ကံကောင်းခြင်းတွေအမြန်ဆုံးရောက်ပါစေညီမလေး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ပူပင်ဒုက္ခပေးသူများနဲ့လည်းကင်ဝေးပါစေ လူယုတ်မာများနဲ့လည်းကင်းဝေးပြီးလူတော်လူကောင်းတွေနဲ့လည်းအမြန်ဆုံးတွေ့ပါစေ ဆန္နနဲ့ဘဝတစ်ထပ်တည်းကျပါစေလို့ မကြီးနာဆုတောင်းပေးပါတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ မွေးနေ့မရောက်ခင်ညထဲက အစောဆုံး မွေးနေ့ဆုတောင်းလေးပေးခဲ့တာဖြစ်ပါတယ် ။

 

သံစဉ်မောင်က အခုချိန်မှာ သူမရဲ့ချစ်သူဟောင်းနဲ့ပတ်သက်ပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ် ။ ဒါကြောင့် ဘေဘီမောင်က မွေးနေ့ဆုတောင်းအနေနဲ့ထူးထူးခြားခြား လူတော် လူကောင်းတွေနဲ့ တွေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးထားဟန်တူပါတယ် ။ သံစဉ်မောင်တစ်ယောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ပရိသတ်ချစ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Baby Maung
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Baby Maung
Emily ( Cele Zone)