မာရသွန်ပြေးပွဲမှာ ပရိသတ်တွေနဲ့အတူ ကိုယ်တိုင်၀င်ပြေးရင်းနဲ့ ပျော်ရွှင်နေတဲ့ သင်ဇာ၀င့်ကျော်

Posted on

သင်ဇာ၀င့်ကျော်ဟာ လက်ရှိလူငယ်တွေကြားမှာရေပန်းစားနေတဲ့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်စု‌ကျော် ကြာအောင် ပရိသတ်တွေပေးတဲ့နေရာတစ်နေရာက်ုပိုင်ပိုင်နိုင်နိုင်ရရှိထားခဲ့ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ သူမပါ၀င်သရုပ်ဆောင်ထားတဲ့ “မြမြ”ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသလျက်ရှိပါတယ်နော်။

 

 

ဒီရက်ပိုင်းမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ” SME Development Bank”ရဲ့ ၂၄နှစ်ပြည့် မာရသွန်အပြေးပြိုင်ပွဲ‌မှာဆိုရင်တော့ သင်ဇာဟာမာရသွန်ပြေးပြီးတော့ ပါ၀င်ဆင်နွှဲခဲ့တာကိုတွေ့ပါတယ်။ သူမဟာ ချစ်ပရိသတ်တွေနဲ့အတူတူ မာရသွန်ပြေးခဲ့တာဖြစ်ပြီး ဆုရတဲ့ သူတွေကိုလည်း သူမကိုယ်တိုင်ပဲ ဆုချီးမြှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ သင်ဇာဟာ အားကစားရလုပ်ရတာကိုနှစ်သက်သူလေးဖြစ်တဲ့အတွက် ဒီပွဲမှာပါ၀င်ရတာ အရမ်းကိုပျော်နေပုံပါပဲ။

 

 

သင်ဇာဟာ SME Development Bankမိသားစုနဲ့အတူ အမှတ်တရပုံရိပ်လေးများစွာကိုလည်း ရိုက်ခဲ့ပြီးတော့ သူမရဲ့လူမှုစာမျက်နှာပေါ်ကနေတဆင့်မျှဝေပေးထားတာကိုတွေ့ရပြန်ပါတယ်။ အဆိုပါပုံရိပ်လေးတွေနဲ့အတူ ” SME Development Bank 24th year anniversary marathon Congratulations ” ဆိုပြီးတော့လည်း ဂုဏ်ပြုစကားပြောထားပြန်ပါသေးတယ်။ ကဲ… ပရိသတ်တွေနဲ့အတူ မာရသွန်ပြိုင်ပွဲမှာ အမှတ်တရရိုက်ထားခဲ့တဲ့ သင်ဇာရဲ့ပုံရိပ်လေးတွေကို CeleZoneက သူမရဲ့ချစ်ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်….

 

 

Source : Thin Zar Wint Kyaw
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

မာရသြန္ေျပးပြဲမွာ ပရိသတ္ေတြနဲ႔အတူ ကိုယ္တိုင္၀င္ေျပးရင္းနဲ႔ ေပ်ာ္႐ႊင္ေနတဲ့ သင္ဇာ၀င့္ေက်ာ္

 

သင္ဇာ၀င့္ေက်ာ္ဟာ လက္ရွိလူငယ္ေတြၾကားမွာေရပန္းစားေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ဒိတ္ဒိတ္ႀကဲမင္းသမီးေတြထဲကတစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ အႏုပညာေလာကထဲမွာ ဆယ္စုႏွစ္တစ္စု‌ေက်ာ္ ၾကာေအာင္ ပရိသတ္ေတြေပးတဲ့ေနရာတစ္ေနရာက္ုပိုင္ပိုင္ႏိုင္ႏိုင္ရရွိထားခဲ့ပါတယ္။ လတ္တေလာအႏုပညာလႈပ္ရွားမႈအေနနဲ႔ကေတာ့ သူမပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ “ျမျမ”႐ုပ္ရွင္ဇာတ္ကားႀကီးဟာ ႐ုံတင္ျပသလ်က္ရွိပါတယ္ေနာ္။

ဒီရက္ပိုင္းမွာ က်င္းပျပဳလုပ္သြားခဲ့တဲ့ ” SME Development Bank”ရဲ႕ ၂၄ႏွစ္ျပည့္ မာရသြန္အေျပးၿပိဳင္ပြဲ‌မွာဆိုရင္ေတာ့ သင္ဇာဟာမာရသြန္ေျပးၿပီးေတာ့ ပါ၀င္ဆင္ႏႊဲခဲ့တာကိုေတြ႕ပါတယ္။ သူမဟာ ခ်စ္ပရိသတ္ေတြနဲ႔အတူတူ မာရသြန္ေျပးခဲ့တာျဖစ္ၿပီး ဆုရတဲ့ သူေတြကိုလည္း သူမကိုယ္တိုင္ပဲ ဆုခ်ီးျမႇင့္ေပးခဲ့တာပဲျဖစ္ပါတယ္။ သင္ဇာဟာ အားကစားရလုပ္ရတာကိုႏွစ္သက္သူေလးျဖစ္တဲ့အတြက္ ဒီပြဲမွာပါ၀င္ရတာ အရမ္းကိုေပ်ာ္ေနပုံပါပဲ။

သင္ဇာဟာ SME Development Bankမိသားစုနဲ႔အတူ အမွတ္တရပုံရိပ္ေလးမ်ားစြာကိုလည္း ႐ိုက္ခဲ့ၿပီးေတာ့ သူမရဲ႕လူမႈစာမ်က္ႏွာေပၚကေနတဆင့္မွ်ေဝေပးထားတာကိုေတြ႕ရျပန္ပါတယ္။ အဆိုပါပုံရိပ္ေလးေတြနဲ႔အတူ ” SME Development Bank 24th year anniversary marathon Congratulations ” ဆိုၿပီးေတာ့လည္း ဂုဏ္ျပဳစကားေျပာထားျပန္ပါေသးတယ္။ ကဲ… ပရိသတ္ေတြနဲ႔အတူ မာရသြန္ၿပိဳင္ပြဲမွာ အမွတ္တရ႐ိုက္ထားခဲ့တဲ့ သင္ဇာရဲ႕ပုံရိပ္ေလးေတြကို CeleZoneက သူမရဲ႕ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္….