နာမည်ကြီး ဓာတ်ပုံဆရာရဲ့ မင်္ဂလာပွဲကို တက်ရောက်၀န်းရံခဲ့ကြတဲ့ ပြည်တော်ချစ်အနုပညာရှင် မောင်နှမများ

Posted on

ဒီရက်ပိုင်းများ ကျင်းပခဲ့တဲ့ နာမည်ကြီး Professionalဓာတ်ပုံဆရာ “အေးဇော်မိုး”ရဲ့ မင်္ဂလာပွဲကြိ ပရိသတ်ချစ်ဒိတ်ဒိတ်ကြဲအနုပညာရှင်များစွာခဲ့ကြပါတယ်။ ဒီပွဲလေးမှာ ခင်၀င့်ဝါမေမြင့်မိုရ်၊ရွှေသမီး၊ နန်းစန္ဒာလှထွန်းနဲ့ စံထိပ်ထားဦးတို့က ပန်းကြဲ၊ ဗန်းကိုင် နဲ့ သတို့သမီးအရံတွေအဖြစ် ပါ၀င်အား‌ဖြည့်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် ပရိသတ်ချစ် လူပျိုကြီးခန့်စည်သူကလည်း ‌တက်ရောက်အားဖြည့်ပေးခဲ့တာကိုတွေ့ရပါတယ်။

ပါ၀င်ကူညီခဲ့ကြတဲ့ အနုပညာရှင်ပျိုမဒီလေးတွေရဲ့ ဖက်ရှင်လေးတွေကလည်း ကျက်သရေအရမ်းရှိပြီး မြင်သူတကာငေးရလောက်အောင်လှရက်လွန်းနေတဲ့အတွက် ပရိသတ်အပေါင်းရင်အခုန်မြန်ခဲ့ရပါတယ်နော်။ ဒါ့အပြင် ရွှေလက်တွဲလိုက်ပြီဖြစ်တဲ့ မင်္ဂလာစုံတွဲလေးအတွက်လည်း အနုပညာရှင်မောင်နှမတွေက ဂုဏ်ပြုစကားလေးတွေကို လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့်အသီးသီးပြောကြာထားခဲ့ကြပါတယ်။ ဒီပွဲလေးဟာလည်း အောင်အောင်မြင်မြင်နဲ့ မင်္ဂလာရှိရှိပြီးဆုံးခဲ့ပြီးအမှတ်တရဓာတ်ပုံများစွာကိုလည်း ရိုက်ကူးခဲ့ပါတယ်။

ဒီမင်္ဂလာပွဲလေးမှာ ပန်းကြဲနေရာကနေ အားဖြည့်ပေးခဲ့တဲ့ မင်းသမီးချောလေး ခင်၀င့်ဝါကတော့ ” ဓါတ်ပုံရိုက် ဆုံတိုင်း လူပျိုကြီး ရေ ဘယ်တော့ စားရမလဲ လို့ မေးမေး နေတာ ခု တော့ တကယ် စားရပြီပေါ့နော် Big Congratulations ကိုကြီး အေးဇော်မိုး နဲ့ အမ မအေးမွန် ၊ယနေ့ မှ စ ပြီး နှစ်ပေါင်း များစွာချစ်ရသောသူတွေ နဲ့ ရာသက်ပန်ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းဖက် နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ” ဆိုပြီးတော့ သူမရဲ့ လူမှုစာမျက်နှာပေါ်ကနေဆုတောင်းစကားဆိုခဲ့ပါတယ်။ နာမည်ကြီးအနုပညာရှင်တွေနဲ့အတူ စည်စည်ကားကားလေးကျင်းပခဲ့တဲ့ ဓာတ်ပုံဆရာ “အေးဇော်မိုး”ရဲ့ မင်္ဂလာဦးအမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Khin Wint Wah
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 

 


