ဗိုလ်ချုပ်ကြေးရုပ်ထု ဖွင့်ပွဲကိုတက်ရောက်ခွင့်ရခဲ့လို့ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကော်နီ

Posted on

မြန်မာနိုင်ငံသားတိုင်း ချစ်ခင်လေးစားရတဲ့ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီနေ့ထိ အားလုံးရဲ့ရင်ထဲမှာ ကဗ္ဗည်းတွင်နေဆဲ သူရဲကောင်းကြီးတစ်ယောက် ပါ ။ ယနေ့ထိ လူတိုင်းရဲ့ရင်မှာ ကျန်ရစ်နေဆဲ လွတ်လပ်ရေးဖခင်ကြီးရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ရောက်တိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ အထိမ်းမှတ်ပွဲတွေ ကျင်းပပြီး ဗိုလ်ချုပ်ကို ဂုဏ်ပြုလာကြတာတော့ နှစ်စဉ်နှစ်တိုင်းပါပဲ ။

 

 

ဒီနှစ်မှာတော့ ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုဖွင့်ပွဲကို နေပြည်တော်မှာကျင်းပ ပြုလုပ်ခဲ့ပါတယ် ။ ဒီပွဲကို နိုင်ငံကျော်တေးသံရှင်တစ်ယောက်ဖြစ်တဲ့ ပရိသတ်တွေချစ်ခင်ရတဲ့ ကော်နီက တက်ရောက်ခဲ့တယ်လို့သိရပါတယ် ။ ” ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုဖွင့်ပွဲ အကြီးကြီးကျေနပ် ပျော်ရွှင်ကြည်နူးမှုတွေက အားလုံးရဲ့ရင်ထဲမှာအတိုင်းမသိ ဝမ်းသာဂုဏ်ယူလို့,ကိုမဆုံးနိုင်ဘူး ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဂုဏ်ယူစွာ ရေးသားဖော်ပြခဲ့ပါတယ် ။

 

 

ကော်နီ ရဲ့ ပရိသတ်တွေကလည်း သူမနဲ့ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်ကြောင်းမှတ်ချက်လေးတွေ ရေးသားထားကြတာ တကယ်ကိုကြည်နူးစရာပါပဲ ။ Cele Zone ပရိသတ်ကြီး လည်း ကြည့်ရှုနိုင်ဖို့ ကော်နီတက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုဖွင့်ပွဲ အခမ်းအနား ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

 

 

Source : Tun Connie
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Tun Connie
Emily ( Cele Zone)