မထင်မှတ်ထားတဲ့ ခင်ပွန်းသည်ဆီက Surprise ကြောင့် မျက်ရည်ကျခဲ့ရတဲ့ စမိုင်းလ်

Posted on

ပရိသတ်တွေကြားမှာ တခေတ်တခါက နာမည်ကြီးခဲ့တဲ့ မော်ဒယ်လ်မင်းသမီးချောလေး စမိုင်းလ် ကတော့ အခုဆိုတော့ အောင်မြင်သာယာတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားပြီး သူမကို တုန်နေအောင်ချစ်တဲ့ ခင်ပွန်းသည်ကြောင့် အမြဲကို ပျော်ရွှင်နေရတာပါ ။ သူမတို့နှစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ တစ်ယောက်ကို တစ်ယောက် Surprise အပြန်အလှန်လုပ်ရင်း ရိုမန့်ဆန်စွာအမြဲဖြတ်သန်းလာကြတဲ့ စိတ်တူကိုယ်တူ တကယ်ကိုချစ်ကြတဲ့ နာမည်ကြီးဆယ်လီစုံတွဲလို့တောင် ဆိုရမှာပါ ။

 

 

လတ်တလောမှာလည်း ထုံးစံအတိုင်း တစ်ယောက်ကို တစ်ယောက် Surprise လုပ်ဖို့ကြိုးစားရင်း ဒီတစ်ခါမှာတော့ စမိုင်းလ်တစ်ယောက် ခံလိုက်ရပါပြီပရိသတ်ကြီးရေ ..။ ” တစ်နေကုန်ကားပိတ်စိတ်ညစ် သူငယ်ချင်းတွေမလာ သူ့ကိုစပရိုက်လုပ်ဖို့ငှါးထားတဲ့ band ကအချိန်မှီမလာနိုင်ဘူးဆိုပြီးပွဲဖျက်လို့ စိတ်အရမ်းညစ်ပြီးငိုချင်နေတာ….တစ်ကယ်တော့ကိုယ့်ကိုသူကစပရိုက်လုပ်ဖို့တမင်အကုန်လိုက်ဖျက်နေတာခုမှသိတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ သူမ မထင်မှတ်ထားတဲ့ ခင်ပွန်းသည်ဆီက Surprise ကြောင့် မျက်ရည်တွေကြားမှာ ကြည်နူးနေတဲ့ သူမတို့စုံတွဲရဲ့အမှတ်တရ ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

 

 

သူမအတွက် အကြိုက်ဆုံး Band နဲ့အတူ ဘင်ခရာတီးဝိုင်းတွေပါ ငှားပြီး ပန်းခင်းကြီးအလယ်မှာ ရိုမန့်ဆန်စွာ Surprise လုပ်ခဲ့တာဖြစ်ပါတယ် ။ အိမ်ထောင်သက်တွေကြာပြီး သမီးနှစ်ယောက်ရှိနေပြီဖြစ်ပေမယ့် မနေ့တစ်နေ့မှချစ်သူစဖြစ်ကြတဲ့သူတွေလို အချစ်တွေကတော့ အမြဲသစ်လွင်လန်းဆန်းနေတုန်းပဲဆိုတာကို ဒီ Surprise လေးက သက်သေပြလိုက်တာပါနော် ။ Cele Zone ပရိသတ်ကြီးအတွက်လည်း စမိုင်းတို့ဇနီးမောင်နှံရဲ့ အမှတ်တရနေ့လေးရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။

 

 

Source : Smile
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 


 

 


 

 


Source : Smile
Emily ( Cele Zone )