ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဇာတ်ဝင်တေးတပုဒ်

Posted on

ဂီတ လောကမှာ ဆယ်စုနှစ်တစ်ခုကြာအောင် အောင်မြင်မှုကို အချိန်တော်ကြာထိန်းသိမ်းထားနိုင်ခဲ့တဲ့ နာမည်ကျော် ဟစ်ဟော့ အဆိုရှင်ဆိုတာနဲ့ စိုင်းစိုင်းခမ်းလှိုင်ကို ပြေးမြင်မိကြမှာအသေချာပါပဲ ။ ဝေဖန်တဲ့ ပရိသတ်တွေကိုပါ သူ့ရဲ့ပရိသတ်တွေဖြစ်လာအောင် ကြိုးပမ်းနိုင်တဲ့ တကယ့်ကို ပရိသတ်ချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ စိုင်းစိုင်းရဲ့ ထွက်ရှိသမျှသီချင်းတိုင်းက လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျပြီး ဖီးလို့ကောင်းတဲ့ သီချင်းလေးတွေဖြစ်လို့ တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်ကြားမှာရေပန်းစားတဲ့အချက်ကိုတော့ ငြင်းလို့မရပါဘူး ။

 

 

အခုလတ်တလောမှာလည်း ငါနင့်ကိုမုန်းတယ် ဆိုတဲ့သီချင်းကို Feat. အမရာဘုဏ်း နဲ့အတူ 2020 February 1 မှာကျင်းပခဲ့တဲ့ City Fm ဆုပေးပွဲမှာ သီဆိုခဲ့ပြီး ပရိသတ်တွေ အားပေးကြမ်းခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။ ထူးခြားမှုတစ်ခုကတော့ ဒီသီချင်းဟာ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတစ်ပုဒ်လည်းဖြစ်ပါတယ် ။ ဒီဇာတ်ကားလေးကိုလည်း ပရိသတ်တွေက မျှော်လင့် စောင့်စားနေကြသလို သီချင်းလေးကိုလည်း အရမ်းကိုအားပေးခဲ့ကြပါတယ် ။ ပရိသတ်တွေကလည်း Live ဆိုတော့ အစပိုင်း Intro မှာ ကီးပြောင်းထားတော့ ဝင်ရခက်ပီ ကင်မရာတွေကလည်း အမရာကို ဝိုင်းထားတဲ့အတွက် အမရာကို အရမ်းစိတ်ပူခဲ့ပေမယ့် နောက်ဆုံးတော့ … အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတဲ့မှတ်ချက်ကောင်းလေးတွေ ပေးထားတာကိုလည်းတွေ့မြင်ရပါတယ် ။

 

အမိုက်စား အမုန်းတွေ ပါ တဲ့ သီချင်းစာသားတွေကိုတော့ လူငယ်ပရိသတ်တွေက အရမ်းကိုနှစ်ခြိုက်သဘောကျခဲ့ပြီး အမုန်းတွေနဲ့ လမ်းခွဲလိုက်ကြတဲ့ ချစ်သူတွေအတွက်တော့ ဒီသီချင်းလေးက ဟတ်ထိသွားစေမယ်လို့ထင်ပါတယ် ။ Cele Zone ပရိသတ်ကြီးလည်း ခံစားနားဆင်နိုင်ဖို့ စိုင်းစိုင်းရဲ့ နင့်ကိုမုန်းတယ်ဆိုတဲ့ သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Sai Sai Kham Leng
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ပရိသတ္ေတြ တခဲနက္အားေပးခဲ့ၾကတဲ့ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ ဇာတ္ဝင္ေတးတပုဒ္

 

ဂီတ ေလာကမွာ ဆယ္စုႏွစ္တစ္ခုၾကာေအာင္ ေအာင္ျမင္မႈကို အခ်ိန္ေတာ္ၾကာထိန္းသိမ္းထားႏိုင္ခဲ့တဲ့ နာမည္ေက်ာ္ ဟစ္ေဟာ့ အဆိုရွင္ဆိုတာနဲ႔ စိုင္းစိုင္းခမ္းလႈိင္ကို ေျပးျမင္မိၾကမွာအေသခ်ာပါပဲ ။ ေဝဖန္တဲ့ ပရိသတ္ေတြကိုပါ သူ႔ရဲ႕ပရိသတ္ေတြျဖစ္လာေအာင္ ႀကိဳးပမ္းႏိုင္တဲ့ တကယ့္ကို ပရိသတ္ခ်စ္ရတဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။ စိုင္းစိုင္းရဲ႕ ထြက္ရွိသမွ်သီခ်င္းတိုင္းက လူငယ္ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ထပ္တူက်ၿပီး ဖီးလို႔ေကာင္းတဲ့ သီခ်င္းေလးေတြျဖစ္လို႔ တစ္ပုဒ္ဆို ဆိုသေလာက္ ပရိသတ္ၾကားမွာေရပန္းစားတဲ့အခ်က္ကိုေတာ့ ျငင္းလို႔မရပါဘူး ။

အခုလတ္တေလာမွာလည္း ငါနင့္ကိုမုန္းတယ္ ဆိုတဲ့သီခ်င္းကို Feat. အမရာဘုဏ္း နဲ႔အတူ 2020 February 1 မွာက်င္းပခဲ့တဲ့ City Fm ဆုေပးပြဲမွာ သီဆိုခဲ့ၿပီး ပရိသတ္ေတြ အားေပးၾကမ္းခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္ ။ ထူးျခားမႈတစ္ခုကေတာ့ ဒီသီခ်င္းဟာ ပိေတာက္ကတဲ့ဂီတ ႐ုပ္ရွင္ရဲ႕ ဇာတ္ဝင္ေတးတစ္ပုဒ္လည္းျဖစ္ပါတယ္ ။ ဒီဇာတ္ကားေလးကိုလည္း ပရိသတ္ေတြက ေမွ်ာ္လင့္ ေစာင့္စားေနၾကသလို သီခ်င္းေလးကိုလည္း အရမ္းကိုအားေပးခဲ့ၾကပါတယ္ ။ ပရိသတ္ေတြကလည္း Live ဆုိေတာ့ အစပုိင္း Intro မွာ ကီးေျပာင္းထားေတာ့ ဝင္ရခက္ပီ ကင္မရာေတြကလည္း အမရာကုိ ဝုိင္းထားတဲ့အတြက္ အမရာကို အရမ္းစိတ္ပူခဲ့ေပမယ့္ ေနာက္ဆုံးေတာ့ … အေကာင္းဆုံးလုပ္ခဲ့တယ္ဆိုတဲ့မွတ္ခ်က္ေကာင္းေလးေတြ ေပးထားတာကိုလည္းေတြ႕ျမင္ရပါတယ္ ။

အမိုက္စား အမုန္းေတြ ပါ တဲ့ သီခ်င္းစာသားေတြကိုေတာ့ လူငယ္ပရိသတ္ေတြက အရမ္းကိုနွစ္ျခိဳက္သေဘာက်ခဲ့ျပီး အမုန္းေတြနဲ႕ လမ္းခြဲလုိက္ၾကတဲ့ ခ်စ္သူေတြအတြက္ေတာ့ ဒီသီခ်င္းေလးက ဟတ္ထိသြားေစမယ္လို႕ထင္ပါတယ္ ။ Cele Zone ပရိသတ္ၾကီးလည္း ခံစားနားဆင္နုိင္ဖို႕ စိုင္းစိုင္းရဲ႕ နင့္ကိုမုန္းတယ္ဆိုတဲ့ သီခ်င္းေလးကို ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။

Source : Sai Sai Kham Leng
Emily ( Cele Zone )