မဟုတ်တာလုပ်ထားတဲ့ သူတွေကို ပညာသားပါပါ စကားတစ်ခွန်းဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်

Posted on

စွဲမက်ဖွယ် ခန္ဓာကိုယ်ကောက်ကြောင်း နဲ့ ပုရိသတိုင်း စွဲလမ်းသွားလောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့သူကတော့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ပါ ။ သူမရဲ့ သူမတူတဲ့ ဖက်ရှင်တွေနဲ့ အမိုက်စား ဓာတ်ပုံတွေကြောင့် ပရိသတ်အချို့က ဝေဖန်ရှုံ့ချနေကြပေမယ့် သင်ဇာကတော့ သမာအာဇီဝအလုပ်ဖြစ်တဲ့အတွက်လိပ်ပြာသန့်သန့်ပဲ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေဆဲပါ ။ သင်ဇာရဲ့ အမိုက်စား ပွဲတက်ဖက်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး ဖက်ရှင်တွေ ဖြစ်ခဲ့တယ်လို့တောင်ဆိုရမှာပါ ။

 

 

သင်ဇာကတော့ သူမ မှန်တယ်ထင်တဲ့အရာတွေကို နောက်မဆုတ်တမ်းရဲရဲဝံ့ဝံ့လုပ်ဆောင်တတ်သူလေးလို့ ပြောရင်လည်းမမှားပါဘူး ။ သူမကြိုက်တဲ့အဝတ်စားတွေကို သူစိတ်ကြိုက် ဝတ်ဆင်တတ်သလိုပဲ ပြောချင်တဲ့စကားကိုလည်း ဒဲ့ပြောတတ်တဲ့ သူတစ်ယောက်ပါ ။ လတ်တလောမှာတော့ သူမ ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ” အမှားမလုပ်ထားတဲ့သူကဘာမှဝမ်းနည်းနေစရာလဲမလိုဘူး…ကြောက်နေစရာမလိုဘူး မဟုတ်တာလုပ်ထားတဲ့သူကမှ သူပြန်ဝဋ်လည်မည့်အချိန်ကိုပဲ စောင့်ရင်းကြောက်ရမှာ… အိုခနော် ” ဆိုတဲ့စာသားလေးနဲ့အတူ မဟုတ်တာလုပ်ထားတဲ့သူတွေကို ပညာသားပါပါ ရေးသားခဲ့ပါတယ် ။

 

သင်ဇာရဲ့ ပရိသတ်တွေကတော့ သင်ဇာစကားကို ဝိုင်းဝန်းထောက်ခံနေကြပြီး ဝန်းရံနေကြတာတွေ့ရပါတယ် ။ သင်ဇာရဲ့ ပွင့်လင်းတဲ့ အပြုအမူ အပြောအဆိုလေးတွေကတော့ ပရိသတ်တွေ အချစ်ပိုနေရတဲ့အဓိက အကြောင်းရင်းပါပဲနော် ။ သင်ဇာကိုချစ်ကြတဲ့ Cele Zone ချစ်ပရိသတ်ကြီးကလည်း သင်ဇာ့စကားကို လက်ခံကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Thin Zar Wint Kyaw
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Emily ( Cele Zone)