ငယ်ငယ်ထဲက နာမည်ကြီး မင်းသမီးတစ်ယောက်နဲ့ရုပ်ချင်းဆင်တယ်လို့ အမြဲပြောခံရတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင်လေး ယွန်းယွန်းအဖြစ် ပရိသတ်တွေချစ်ခင်ခဲ့ရတဲ့ ကောင်မလေးကတော့ အခုဆိုရင်အပျိုပေါက်အရွယ်ကိုရောက်ပြီး လူကြီးလေးဖြစ်နေခဲ့ပါပြီ ။ ငယ်ငယ်ထဲက သရုပ်ဆောင်ကောင်းလွန်းတဲ့ ယွန်းယွန်းရဲ့ အနုပညာတွေကို ပရိသတ်တွေက ထပ်မံမြင်တွေ့ချင်နေကြပေမယ့် ယွန်းယွန်းကတော့ ဇာတ်ကားတွေကို စီစစ်ပြီးရွေးချယ်နေတဲ့အတွက် ရုပ်ရှင်ကားကြီးတွေမှာထပ်မံ တွေ့မြင်ရခြင်းမရှိပါဘူး ။ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ မနေ့ကဖြစ်သည်ကတော့ သူမအတွက်နောက်ဆုံး အနုပညာလှုပ်ရှားမှုလို့တောင်ဆိုရမှာပါ ။

 

ယွန်းရဲ့ ထူးခြားမှုတစ်ခုကတော့ ပါးချိုင့်လေးနဲ့ လှပတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတာပါ ။ သူမရဲ့ ဆံနွယ်ရှည်ရှည် ပါးချိုင့်ခွက်ခွက်လေးနဲ့ နန်းဆန်တဲ့အလှတွေကတော့ ပရိသတ်ရင်ကို လွှမ်းမိုးထားတဲ့ အဓိက အချက်လို့တောင်ဆိုရမှာပါ ။ ယွန်းနဲ့ငယ်ငယ်ထဲက ရုပ်ချင်းဆင်တယ်လို့အမြဲပြောခံရတဲ့နာမည်ကြီးမင်းသမီးကတော့ သူမလို ပါးချိုင့်လေးနဲ့အပြုံးချိုတဲ့ အေးမြတ်သူပဲဖြစ်ပါတယ် ။ ” ငယ်ငယ်ကဆိုမမအေးမြတ်သူနဲ့ ရုပ်ချင်းဆင်လို့ဆိုပြီး..”ညီအစ်မတော်လား” မေးကြတယ် ။ ကြီးလာတော့ Yoonကပါးဖောင်းလာလို့ တူတော့ဘူး ” ဆိုတဲ့စာသားလေးနဲ့အတူ အေးမြတ်သူနဲ့သူမရဲ့အမှတ်တရပုံရိပ်တွေကို ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကတဆင့် မျှဝေပေးခဲ့ပါသေးတယ် ။

 

 

အသက်ရွယ်ကွာခြားမှုအရ အနည်းငယ် ကွဲပြားသွားတာတွေရှိပေမယ့် သူမတို့နှစ်ယောက်လုံးမှာ ပါးချိုင့်ခွက်ခွက်လေးတွေနဲ့ လှပတဲ့အပြုံးတွေ ရှိတာခြင်းတေ့ာတူညီကြဆဲပါ ။ CeleZone ပရိသတ်ကြီးရော ယွန်းနဲ့ အေးမြတ်သူတို့ကို ရုပ်ဆင်တယ်ထင်လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Yoon Yoon
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 

ငယ္ငယ္ထဲက နာမည္ၾကီး မင္းသမီးတစ္ေယာက္နဲ႔ရုပ္ခ်င္းဆင္တယ္လုိ႕ အျမဲေျပာခံရတဲ့ ယြန္းယြန္း

 

ကေလးသရုပ္ေဆာင္ေလး ယြန္းယြန္းအျဖစ္ ပရိသတ္ေတြခ်စ္ခင္ခဲ့ရတဲ့ ေကာင္မေလးကေတာ့ အခုဆိုရင္အပ်ိဳေပါက္အရြယ္ကိုေရာက္ျပီး လူၾကီးေလးျဖစ္ေနခဲ့ပါျပီ ။ ငယ္ငယ္ထဲက သရုပ္ေဆာင္ေကာင္းလြန္းတဲ့ ယြန္းယြန္းရဲ႕ အနုပညာေတြကို ပရိသတ္ေတြက ထပ္မံျမင္ေတြ႕ခ်င္ေနၾကေပမယ့္ ယြန္းယြန္းကေတာ့ ဇာတ္ကားေတြကို စီစစ္ျပီးေရြးခ်ယ္ေနတဲ့အတြက္ ရုပ္ရွင္ကားၾကီးေတြမွာထပ္မံ ေတြ႕ျမင္ရျခင္းမရွိပါဘူး ။ ေနာက္ဆံုးရိုက္ကူးခဲ့တဲ့ ဇာတ္လမ္းတြဲျဖစ္တဲ့ မေန႕ကျဖစ္သည္ကေတာ့ သူမအတြက္ေနာက္ဆံုး အနုပညာလႈပ္ရွားမႈလုိ႕ေတာင္ဆိုရမွာပါ ။

ယြန္းရဲ႕ ထူးျခားမႈတစ္ခုကေတာ့ ပါးခ်ိဳင့္ေလးနဲ႕ လွပတဲ့ အျပံဳးေလးေတြကို ပိုင္ဆိုင္ထားတာပါ ။ သူမရဲ႕ ဆံနြယ္ရွည္ရွည္ ပါးခ်ိဳင့္ခြက္ခြက္ေလးနဲ႕ နန္းဆန္တဲ့အလွေတြကေတာ့ ပရိသတ္ရင္ကို လြႊမ္းမိုးထားတဲ့ အဓိက အခ်က္လို႕ေတာင္ဆိုရမွာပါ ။ ယြန္းနဲ႕ငယ္ငယ္ထဲက ရုပ္ခ်င္းဆင္တယ္လုိ႕အျမဲေျပာခံရတဲ့နာမည္ၾကီးမင္းသမီးကေတာ့ သူမလို ပါးခ်ဳိင့္ေလးနဲ႕အျပံဳးခ်ိဳတဲ့ ေအးျမတ္သူပဲျဖစ္ပါတယ္ ။ ” ငယ္ငယ္ကဆို
မမေအးျမတ္သူနဲ႔ ႐ုပ္ခ်င္းဆင္လို႔ဆိုၿပီး..”ညီအစ္မေတာ္လား” ေမးၾကတယ္ ။ ႀကီးလာေတာ့ Yoonကပါးေဖာင္းလာလို႔ တူေတာ့ဘူး ” ဆိုတဲ့စာသားေလးနဲ႔အတူ ေအးျမတ္သူနဲ႕သူမရဲ႕အမွတ္တရပံုရိပ္ေတြကို ပရိသတ္ေတြကို လူမႈကြန္ရက္စာမ်က္နွာကတဆင့္ မွ်ေ၀ေပးခဲ့ပါေသးတယ္ ။

အသက္ရြယ္ကြာျခားမႈအရ အနည္းငယ္ ကြဲျပားသြားတာေတြရွိေပမယ့္ သူမတို႕နွစ္ေယာက္လံုးမွာ ပါးခ်ိဳင့္ခြက္ခြက္ေလးေတြနဲ႕ လွပတဲ့အျပံဳးေတြ ရွိတာျခင္းေတ့ာတူညီၾကဆဲပါ ။ CeleZone ပရိသတ္ၾကီးေရာ ယြန္းနဲ႕ ေအးျမတ္သူတို႕ကို ရုပ္ဆင္တယ္ထင္လား မွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ။

Source : Yoon Yoon
Emily ( Cele Zone)