ဇနီးချောလေးကိုယ်တိုင် လုပ်ကျွေးတဲ့ ချောကလက်လေးကိုစားရင်း ကြည်နူးမဆုံးဖြစ်ခဲ့ရတဲ့ အဆိုတော်အာဘွိုင်း

Posted on

လူငယ်ကြိုက်တေးသံရှင် အဆိုတော် အာဘွိုင်းဟာ လက်ရှိမှာဆိုရင် ချစ်ဖို့ကောင်းတဲ့ သမီးလေး Scarlettနဲ့ ဇနီးချောလေး သရုပ်ဆောင်မြတ်ရတနာကျော်တို့ကိုပိုင်ဆိုင်ခွင့်ရထားသူတစ်ယောက်ပါ။ သူဟာ ချစ်ဇနီးလေးကိုလည်း အရမ်းဂရုစိုက်သလို သမီးလေးအပေါ်ကို ဖခင်ကောင်းတစ်ယောက်ရဲ့တာ၀န်ကိုကျေပွန်သူတစ်ယောက်ပါ။ ဒါကြောင့် သူတို့ရဲ့ မိသားစုရိပ်‌မြုံလေးဟာ မိသားစု၀င်(၃)ဦးတည်းနဲ့တင် ပြီးပြည့်စုံ‌လို့နေခဲ့ပါတယ်။

 

အာဘွိုင်းတို့ ဇနီးမောင်နှံဟာ အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာလည်းရရှိထားကြပြီးတော့ ပရိသတ်တိုင်းအားကျရတဲ့ စုံတွဲတစ်တွဲဆိုရင်လည်းမမှားပါဘူး။ တစ်ဉီးနဲ့ တစ်ဦး နားလည်မှုတွေယုံကြည်မှုတွေအပြည့်ပေးထားနိုင်တဲ့အတွက် အခုလိုလက်တွဲတွေခိုင်မြဲနေခဲ့ရတာပဲဖြစ်ပါတယ်။ ဇနီးဖြစ်သူ မြတ်ရတနာကျော်ကလည်း ချစ်ခင်ပွန်းအတွက်ပါရမီဖြည့်‌ဘက်ကောင်းတစ်ယောက်ဖြစ်အောင် အမြဲကြိုးစားနေပြီးတော့ အခုလည်း Valentine’s dayလေးမှာ ချစ်ခင်ပွန်း အာဘွိုင်းအတွက် သူမကိုယ်တိုင်ချောကလတ်လုပ်ပြီးကျွေးခဲ့ပါတယ်။

အာဘွိုင်းအတွက်ကတော့ ဒီလိုမျိုး အဖိုးတန်တဲ့ Valentine’s Dayလက်ဆောင်ကိုရရှိခဲ့လို့ အတိုင်းမသိပျော်နေခဲ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့လူမှုစာမျက်နှာပေါ်ကနေပြီးတော့ ” ရည်းစားဘဝတုန်းက ပထမဆုံးဖြတ်သန်းခဲ့ဖူးတဲ့ Valentines Day မှာ သူမကိုယ်တိုင် လုပ်ထားတဲ့ Chocolate လေးစားခဲ့ရတယ်…ဒီနေ့ အိမ်ထောင်သည်ဘဝကို နှစ်ယောက်အတူဖြတ်သန်းချိန်မှာလည်း သူမကိုယ်တိုင် လုပ်ပေးထားတဲ့ Chocolate လေးနဲ့ပဲ…သိပ်ချစ်ဖို့ကောင်းတဲ့ မိန်းမ… Happy Valentines Day ဆောရီးပါ… မနက်ကတည်းက ရုံးမှာ အစည်းအဝေးနဲ့ အလုပ်တွေရှုပ်နေလို့ ဒီနေ့ ဘာမှ မစီစဉ်ပေးနိုင်တာ နားလည်ပေးပါ… “လို့ရေးသားပြီးတော့ သမီးလေးနဲ့အတူ ချစ်ဇနီးလေးလုပ်ပေးထားတဲ့ ချောကလတ်ကိုစားနေတဲ့အမှတ်တရပုံရိပ်လေးတွေကိုမျှဝေပေးထားခဲ့ပါတယ်။ ကဲ… CeleZoneချစ်ပရိသတ်ကြီးကော အဲ့လို လက်ဆောင်မျိုးလေး လိုချင်ကြလား ‌ပြောခဲ့ပါအုန်းနော်….

 

Source : Kyaw Phyo Tun
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

ဇနီးေခ်ာေလးကိုယ္တိုင္ လုပ္ေကြၽးတဲ့ ေခ်ာကလက္ေလးကိုစားရင္း ၾကည္ႏူးမဆုံးျဖစ္ခဲ့ရတဲ့ အဆိုေတာ္အာဘြိဳင္း

 

လူငယ္ႀကိဳက္ေတးသံရွင္ အဆိုေတာ္ အာဘြိဳင္းဟာ လက္ရွိမွာဆိုရင္ ခ်စ္ဖို႔ေကာင္းတဲ့ သမီးေလး Scarlettနဲ႔ ဇနီးေခ်ာေလး သ႐ုပ္ေဆာင္ျမတ္ရတနာေက်ာ္တို႔ကိုပိုင္ဆိုင္ခြင့္ရထားသူတစ္ေယာက္ပါ။ သူဟာ ခ်စ္ဇနီးေလးကိုလည္း အရမ္းဂ႐ုစိုက္သလို သမီးေလးအေပၚကို ဖခင္ေကာင္းတစ္ေယာက္ရဲ႕တာ၀န္ကိုေက်ပြန္သူတစ္ေယာက္ပါ။ ဒါေၾကာင့္ သူတို႔ရဲ႕ မိသားစုရိပ္‌ၿမဳံေလးဟာ မိသားစု၀င္(၃)ဦးတည္းနဲ႔တင္ ၿပီးျပည့္စုံ‌လို႔ေနခဲ့ပါတယ္။

အာဘြိဳင္းတို႔ ဇနီးေမာင္ႏွံဟာ အႏုပညာေလာကမွာ ပရိသတ္ေတြအခိုင္အမာလည္းရရွိထားၾကၿပီးေတာ့ ပရိသတ္တိုင္းအားက်ရတဲ့ စုံတြဲတစ္တြဲဆိုရင္လည္းမမွားပါဘူး။ တစ္ဉီးနဲ႔ တစ္ဦး နားလည္မႈေတြယုံၾကည္မႈေတြအျပည့္ေပးထားႏိုင္တဲ့အတြက္ အခုလိုလက္တြဲေတြခိုင္ၿမဲေနခဲ့ရတာပဲျဖစ္ပါတယ္။ ဇနီးျဖစ္သူ ျမတ္ရတနာေက်ာ္ကလည္း ခ်စ္ခင္ပြန္းအတြက္ပါရမီျဖည့္‌ဘက္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ အၿမဲႀကိဳးစားေနၿပီးေတာ့ အခုလည္း Valentine’s dayေလးမွာ ခ်စ္ခင္ပြန္း အာဘြိဳင္းအတြက္ သူမကိုယ္တိုင္ေခ်ာကလတ္လုပ္ၿပီးေကြၽးခဲ့ပါတယ္။

အာဘြိဳင္းအတြက္ကေတာ့ ဒီလိုမ်ိဳး အဖိုးတန္တဲ့ Valentine’s Dayလက္ေဆာင္ကိုရရွိခဲ့လို႔ အတိုင္းမသိေပ်ာ္ေနခဲ့ရပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕လူမႈစာမ်က္ႏွာေပၚကေနၿပီးေတာ့ ” ရည္းစားဘဝတုန္းက ပထမဆုံးျဖတ္သန္းခဲ့ဖူးတဲ့ Valentines Day မွာ သူမကိုယ္တိုင္ လုပ္ထားတဲ့ Chocolate ေလးစားခဲ့ရတယ္…ဒီေန႔ အိမ္ေထာင္သည္ဘဝကို ႏွစ္ေယာက္အတူျဖတ္သန္းခ်ိန္မွာလည္း သူမကိုယ္တိုင္ လုပ္ေပးထားတဲ့ Chocolate ေလးနဲ႔ပဲ…သိပ္ခ်စ္ဖို႔ေကာင္းတဲ့ မိန္းမ… Happy Valentines Day ေဆာရီးပါ… မနက္ကတည္းက ႐ုံးမွာ အစည္းအေဝးနဲ႔ အလုပ္ေတြရႈပ္ေနလို႔ ဒီေန႔ ဘာမွ မစီစဥ္ေပးႏိုင္တာ နားလည္ေပးပါ… “လို႔ေရးသားၿပီးေတာ့ သမီးေလးနဲ႔အတူ ခ်စ္ဇနီးေလးလုပ္ေပးထားတဲ့ ေခ်ာကလတ္ကိုစားေနတဲ့အမွတ္တရပုံရိပ္ေလးေတြကိုမွ်ေဝေပးထားခဲ့ပါတယ္။ ကဲ… CeleZoneခ်စ္ပရိသတ္ႀကီးေကာ အဲ့လို လက္ေဆာင္မ်ိဳးေလး လိုခ်င္ၾကလား ‌ေျပာခဲ့ပါအုန္းေနာ္….