ပေသီးလေးခေါက်ပြီး ကြိုးစားပမ်းစားနဲ့ စာလုပ်နေတဲ့ သမီးလေးမဒီကိုကြည့်ပြီး ကြည်နူးနေခဲ့ရတဲ့ နန္ဒာလှိုင်

Posted on

တစ်ချိန်က အနုပညာလောကမှာ နေရာတစ်နေရာကိုရရှိပိုင်ဆိုင်ထားခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ဟာဆိုရင် လက်ရှိမှာသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစု ကမ္ဘာလေးကို ရရှိပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ အရင်ကလို အနုပညာအလုပ်တွေကို မလုပ်ဖြစ်တော့ဘဲ အလှမ်းကွာနေခဲ့ရပါတယ်။ ယခုဆိုရင် သူမဟာ ချစ်စရာကောင်းတဲ့ သမီးချော‌လေး (၃)ယောက်ကိုလည်းပိုင်ဆိုင်ထားရပြီး အသက်(၄၅)နှစ်လို့တောင်မထင်ရလောက်အောင် နုပျို‌ချောမောနေဆဲပါပဲနော်။

လက်ရှိမှာ သူမဟာ မိသားစုကိုအချိန်ပေးဖြစ်နေပြီးတော့ အိမ်မှာနေရင်းနဲ့ misshaအလုပ်ကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ချီတဲ့ မိသားစုစီးပွားရေးကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတွေကလည်း ပညာရေးမှာထူးချွန်ထက်မြတ်ကြပြီး မေမေ့စကားဆိုရင် မြေ၀ယ်မကျနားထောင်တတ်ကြပါတယ်။ ဒါကြောင့်လည်း နန္ဒာလှိုင်ဟာ ဘယ်နေရာသွားသွား ဒီသမီးချောလေးတွေကြောင့် မျက်နှာပန်းလှနေခဲ့ရပါတယ်။

အခုလည်း သူမရဲ့ သမီးအငယ်ဆုံးလေးဟာ အမဖြစ်သူတွေရဲ့ ခြေရာကိုလိုက်နင်းပြီးတော့စာတွေကြိုးစားနေတဲ့ ပုံရိပ်လေးတွေကို မေမေနန္ဒာလှိုင်ကအသည်းယားပြီး သူမရဲ့ လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့ပါတယ်။ ပေသီးလေးကိုခေါက်ခေါက်ပြီးတော့ စိတ်၀င်တစားနဲ့ သင်္ချာလေးတွေတွက်ရင်း စာလုပ်နေတဲ့  သမီးလေး မဒီရဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးထားတာပဲဖြစ်ပါတယ်။ ကဲ… နန္ဒာလှိုင်ရဲ့ အထွေးဆုံးသမီးလေး မဒီတစ်ယောက်ဘယ်လိုတွေတောင်စာကြိုးစားနေလဲဆိုတာ ကြည့်လိုက်ကြပါအုန်း CeleZoneချစ်ပရိသတ်တို့ရေ…

Source : Nandar Hlaing
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )