ဆရာ၀န်နားကြပ်လေးကိုလည်ပင်းမှာဆွဲပြီး သူငယ်ချင်းကို ကျကျနနဆေးကုပေးနေတဲ့ ဒေါက်တာမလေး lvy

Posted on

သမီး lvyလေးဟာ နာမည်ကျော်အဆိုတော် အေသင်ချိုဆွေရဲ့ တစ်ဦးတည်း‌သော အရမ်းချစ်ရတဲ့ သမီးချောလေးပဲဖြစ်ပါတယ်။ lvyလေးရဲ့ မေမေ အေသင်ဟာဆိုရင် ဘယ်သူ့ပေါ်ကိုမှ အမှီခိုမခံဘဲ Single Motherအဖြစ်နဲ့ သမီးလေးကို အဖေလို တစ်မျိုး အမေလိုတစ်မျိုး ချစ်ခြင်းမေတ္တာတွေကိုပေးထားခဲ့ပါတယ်။ သမီးလေးကိုလည်း အမြဲတမ်းနည်းမှန်လမ်းမှန်နဲ့သွန်သင်ဆုံးမတတ်တာကြောင့် မိခင်ပေါင်းများစွာက သူမရဲ့ ပရိသတ်တွေဖြစ်လာခဲ့ရပြန်ပါတယ်။

လက်ရှိမှာဆိုရင် အေသင်ဟာ သားအမိနှစ်ယောက်တည်းနဲ့ပြီးပြည့်စုံတဲ့ မိသားစုကမ္ဘာလေးကိုကြိုးစားတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ သမီးလေးကိုယ်တိုင်ကလည်း မေမေဆုံးမသမျှသွန်သင်သမျှကို လိုက်နာတတ်တဲ့ သင်လွယ်တတ်လွယ်ကလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ lvyလေးကြီးလာရင် မေမေ့အတွက် တကယ့်အားကိုးရမယ့် သမီးကောင်းလေးတစ်ယောက်ဖြစ်ကိုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းဆိုကြပါတယ်။

အခုလည်း lvyလေးဟာ မေမေအားကိုးရမယ့် သင်လွယ်တတ်လွယ်ကလေးပီပီ ကျောင်းမှာ ဆရာ၀န်၀တ်စုံလေး၀တ်ပြီးသူငယ်ချင်း‌တွေနဲ့ ဆရာ၀န်လုပ်တိုင်းကစားနေပြန်ပါတယ်။ ကုဒ်အင်္ကျီ အဖြူကို ကျကျနန‌၀တ်ထားပြီးတော့ ဆရာ၀န်နားကြပ်ကို လည်ပင်းမှာမဆွဲဘဲ အင်္ကျီမှာအဆင်ပြေသလို ထိုးကာ ကစားနေတဲ့lvyလေးကြောင့် ပရိသတ်တွေ အသည်းယားခဲ့ကြရပါတယ်။ တကယ့်ဆရာ၀န်မကြီးလို သူငယ်ချင်းကိုဆေးကုပေးရင်းနဲ့ ကစားနေတဲ့ ဒေါက်တာမလေးlvyရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ရတဲ့CeleZoneပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Athen Cho Swe
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ဆရာ၀န္နားၾကပ္ေလးကိုလည္ပင္းမွာဆြဲၿပီး သူငယ္ခ်င္းကို က်က်နနေဆးကုေပးေနတဲ့ ေဒါက္တာမေလး lvy

 

သမီး lvyေလးဟာ နာမည္ေက်ာ္အဆိုေတာ္ ေအသင္ခ်ိဳေဆြရဲ႕ တစ္ဦးတည္း‌ေသာ အရမ္းခ်စ္ရတဲ့ သမီးေခ်ာေလးပဲျဖစ္ပါတယ္။ lvyေလးရဲ႕ ေမေမ ေအသင္ဟာဆိုရင္ ဘယ္သူ႔ေပၚကိုမွ အမွီခိုမခံဘဲ Single Motherအျဖစ္နဲ႔ သမီးေလးကို အေဖလို တစ္မ်ိဳး အေမလိုတစ္မ်ိဳး ခ်စ္ျခင္းေမတၱာေတြကိုေပးထားခဲ့ပါတယ္။ သမီးေလးကိုလည္း အၿမဲတမ္းနည္းမွန္လမ္းမွန္နဲ႔သြန္သင္ဆုံးမတတ္တာေၾကာင့္ မိခင္ေပါင္းမ်ားစြာက သူမရဲ႕ ပရိသတ္ေတြျဖစ္လာခဲ့ရျပန္ပါတယ္။

လက္ရွိမွာဆိုရင္ ေအသင္ဟာ သားအမိႏွစ္ေယာက္တည္းနဲ႔ၿပီးျပည့္စုံတဲ့ မိသားစုကမာၻေလးကိုႀကိဳးစားတည္ေဆာက္ထားႏိုင္ခဲ့ပါတယ္။ သမီးေလးကိုယ္တိုင္ကလည္း ေမေမဆုံးမသမွ်သြန္သင္သမွ်ကို လိုက္နာတတ္တဲ့ သင္လြယ္တတ္လြယ္ကေလးတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ lvyေလးႀကီးလာရင္ ေမေမ့အတြက္ တကယ့္အားကိုးရမယ့္ သမီးေကာင္းေလးတစ္ေယာက္ျဖစ္ကိုျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္းဆိုၾကပါတယ္။

အခုလည္း lvyေလးဟာ ေမေမအားကိုးရမယ့္ သင္လြယ္တတ္လြယ္ကေလးပီပီ ေက်ာင္းမွာ ဆရာ၀န္၀တ္စုံေလး၀တ္ၿပီးသူငယ္ခ်င္း‌ေတြနဲ႔ ဆရာ၀န္လုပ္တိုင္းကစားေနျပန္ပါတယ္။ ကုဒ္အက်ႌ အျဖဴကို က်က်နန‌၀တ္ထားၿပီးေတာ့ ဆရာ၀န္နားၾကပ္ကို လည္ပင္းမွာမဆြဲဘဲ အက်ႌမွာအဆင္ေျပသလို ထိုးကာ ကစားေနတဲ့lvyေလးေၾကာင့္ ပရိသတ္ေတြ အသည္းယားခဲ့ၾကရပါတယ္။ တကယ့္ဆရာ၀န္မႀကီးလို သူငယ္ခ်င္းကိုေဆးကုေပးရင္းနဲ႔ ကစားေနတဲ့ ေဒါက္တာမေလးlvyရဲ႕ ခ်စ္စရာပုံရိပ္ေလးေတြကို ခ်စ္ရတဲ့CeleZoneပရိသတ္ေတြအတြက္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။