V Dayအတွက် ချစ်ခင်ပွန်းဆီက လက်ဆောင်တောင်းပေးမယ့် ပညာသားပါပါပြန်ဖြေခဲ့တဲ့စကားကြောင့် မှင်သက်သွားခဲ့ရတဲ့ စန္ဒီမြင့်လွင်

Posted on

ချစ်စရာကောင်းတဲ့ သမီးချောလေး Treasureရဲ့ မိခင်မေမေ စန္ဒီမြင့်လွင်ဟာ လက်ရှိမှာဆိုရင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်ခွင့် ရထားသူတစ်ယောက်ပါနော်။ သူမဟာအခုတစ်‌ခါမှာတော့ သူမရဲ့ ချစ်ခင်ပွန်းကို Valentine’s Dayလက်ဆောင်လေးတောင်းကာ ရိုမန့်တစ်ဆန်မလို့ ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူမချစ်ခင်ပွန်းရဲ့ ပညာသားပါပါနဲ့ ပြန်လည်ပြောကြားချက်တွေကြောင့် ဒီးဒီတစ်ယောက် မှင်သက်သွားခဲ့ရပါတယ်။

အပေးအယူမျှမျှနဲ့ တည်ဆောက်ထားခဲ့တဲ့ သူမတို့ရဲ့ မိသားစုဂေဟာလေးဟာ ပရိသတ်အပေါင်းရဲ့ အားကျ ချစ်ခင်ခြင်းကိုခံနေရသလို ချစ်စရာကောင်းတဲ့ သမီးလေးTreasureကလည်း မြင်သူတိုင်းကချစ်ခင်ကြပြီးတော့ ၀န်းရံအားပေးတဲ့ ပရိသတ်တွေ အခိုင်အမာရရှိထားခဲ့ပါတယ်နော်။ ခင်ပွန်းဖြစ်သူကလည်း သူမကိုအရိပ်တစ်ကြည့်ကြည့်နဲ့ ချစ်ခင်စောင့်ရှောက်ခဲ့တာဖြစ်လို့ ဒီးဒီ အတွက်ကတော့ အကောင်းဆုံးလက်တွဲဖော်တစ်ယောက်ဆိုတာထက်ကိုပိုလို့နေပါတယ်။

အခုလည်း Valentine‘s Dayလက်ဆောင်ဘာပေးမလဲလို့ မေးတဲ့ ချစ်ဇနီးလေးကို စနောက်ပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ ” ဖေဖေ ချစ်သူများနေ့မေမေ့ကိုဘာပေးမှာလဲ…ထရက်ရှာလေးနဲ့တစ်ဘ၀လုံးပေးထားတယ်လေ..ဘာလိုချင်လို့လဲ လိုချင်၀ယ်လိုက်လေ…အင်းအင်း…Happy Valentine’s day ” ဆိုပြီးတော့ စန္ဒီမြင့်လွင်က သူမကိုမှင်သက်စေခဲ့တဲ့ ချစ်ခင်ပွန်းရဲ့ အပြောလေးတွေကို ရေးသားပြီးတော့  လူမှုစာမျက်နှာပေါ်မှာ ဟာသအနေနဲ့ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ ကဲ… ဒီလို ချစ်ဖို့ကောင်းတဲ့ ဒီးဒီတို့ဇနီးမောင်နှံကို နောက်နှစ် Valentine’s Dayပေါင်းများစွာတိုင်တဲ့အထိ အတူတူရှိနေနိုင်ဖို့ CeleZoneပရိသတ်တွေလည်း အတူဆုတောင်းပေးခဲ့ကြပါအုန်းနော်။

Source : Sandy Myint Lwin
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 


