MRTV-4ဇာတ်လမ်းတွဲထဲက မပုန်းရည်ဆိုတဲ့ဇာတ်ကောင်ကြောင့် သူမအပေါ်ဝေဖန်တဲ့သူတွေကိုပညာသားပါပါလေးနဲ့ ဖြေရှင်းပြလိုက်တဲ့ ခိုင်သင်းကြည်

Posted on

ပရိသတ်တို့ရေ…ဒီရက်ပိုင်းမှာဆိုရင် အကယ်ဒမီများရှင် မင်းသမီးချောလေး ခိုင်သင်းကြည်ဟာ MRTV-4ဇာတ်လမ်းတွဲထဲက မပုန်းရည်ဆိုတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့တဲ့နေရာမှာ ပရိသတ်အချို့ရဲ့ဝေဖန်မှုကို ခံနေခဲ့ရပါတယ်နော်။ ဒီဇာတ်လမ်းထဲမှာ မခိုင်လေးဟာ မပုန်းရည်ဆိုတဲ့ဆရာမလေးနေရာကနေပါ၀င်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပြီးတော့ ဒီဇာတ်ကောင်စရိုက်နဲ့ ပတ်သတ်ပြီးဝေဖန်မှုတွေမြင့်တက်နေခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် မခိုင်လေးက သူမရဲ့ လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့် သူမအပေါ်ကို ဝေဖန်တဲ့ ပရိသတ်တွေကို ပညာရှိနည်းနဲ့ ဖြေရှင်းပြခဲ့ပါတယ်။

 

 

” “ ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားထောင်းဆင်” ရုပ်သံဇာတ်လမ်းတွဲဒီနေ့ည ၇နာရီMRTV 4 မှာစတင်ပြသပါပြီရှင်…ဒီဇာတ်လမ်းတွဲကြီးမှာဆရာမလေးမပုန်းရည်အဖြစ်မခိုင်လေးပါဝင်သရုပ်ဆောင်ထားပါတယ်,တချို့တွေကလည်းမပုန်းရည်က၂၀ကျော်အရွယ်လေးဖြစ်ရမှာမခိုင်လေးနဲ့မလိုက်ဘူးလို့ရေးကြတာတွေ့ပါတယ်(ကိုယ့်ပရိတ်သတ်တွေကြတော့လည်းစာအုပ်ဖတ်ပြီးကတည်းကမပုန်းရည်လေးကကိုယ်နဲ့မှအလိုက်ဆုံးတဲ့)သူတို့ရေးကြတာလဲအမှန်ပါဘဲ။ ၂၀အရွယ်သရုပ်ဆောင်နဲ့ဆိုရင်တော့ပိုလိုက်ပါတယ်။ မခိုင်လေးကလည်းကိုခန့်တို့မခိုင်ကြီးတို့ကလုပ်စေချင်လို့ရယ်ကိုယ်တိုင်ကလည်းဒီကာရိုက်တာလေးကိုကြိုက်လို့ရယ်ရိုက်ဖြစ်သွားတာပါ။ဘယ်လိုဘဲဖြစ်ဖြစ်အားသာချက်အားနည်းချက်ဆိုတာရှိစမြဲမို့မခိုင်လေးအတွက်အားနည်းချက်တွေရှိပေမဲ့တခြားသရုပ်ဆောင်နဲ့ဆိုရင်လည်းအားသာချက်အားနည်းချက်တွေရှိမှာပါဘဲ။ သရုပ်ဆောင်တဲ့အပိုင်းကတော့အေးဆေးတည်ငြိမ်ပြီးခါတိုင်းကားတွေလိုအစွာပုံစံမဟုတ်ပေမဲ့ဆရာမဆိုတော့ပြတ်သားတိကျတဲ့အသံအနေအထားနဲ့တော့သရုပ်ဆောင်ပါတယ်ကျန်တဲ့အဝတ်အစားမိတ်ကပ်လည်းဂရုစိုက်ထားပါတယ်(ဒီဓါတ်ပုံထဲကပိတ်ဖောက်ဇာအကျီလေးကဇာတ်ဝင်သီချင်းနဲ့မြို့တက်တဲ့အခန်းမှာမို့ဝတ်တာပါ)” ဆိုပြီးတော့ ပုံလေးတွေနဲ့တကွ သူမချစ်တဲ့ ပရိသတ်တွေကို နားလည်လွယ်အောင်ရှင်းပြထားခဲ့ပါတယ်။

 

ပြီးတော့ သူမတို့အဖွဲ့သားတွေ ဇာတ်ကားရိုက်ရင်း အလှူလေးလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို “ဘာဘဲပြောပြောဒီဇာတ်လမ်းတွဲရိုက်ကူးနေတဲ့အချိန်တွေမှာကိုယ့်အဖွဲ့သားတွေစည်းလုံးပြီးပျော်စရာကောင်းခဲ့သလိုအလှူတွေအများကြီးလုပ်ဖြစ်ခဲ့တာလဲအမှတ်တရပါဘဲ။ ပြီးတော့မခိုင်လေးကလက်ခံထားတဲ့ရုပ်ရှင်ကားကြီးရယ်(ဇာတ်လမ်းတွဲရက်ကနဲနဲရွှေ့သွားလို့)Myanmar’s Got Talent နဲ့ရုံတင်တဲ့ဇာတ်ကား press show,အသံသွင်းတွေအတွက်ရန်ကုန်ပြန်ရတာမို့နဲနဲတော့ပင်ပန်းပါတယ်။တခါတလေ got talent အပြီးတစ်ညလုံးပုပ္ပါးကိုကားမောင်းသွားမနက်ရှုတင်ဝင်ရတာတို့,နေ့ညဆက်တိုက်၉ရက်လောက်ရိုက်ရတာတို့လဲရှိပါတယ်။ကိုယ့်အခန်းတွေကလဲများတော့နေမကောင်းဖြစ်ပြီးဖျားနေလဲအဖွဲ့သားတွေနားရမှာစိုးတာရယ်ရိုက်ရက်စေ့လို့ပြန်ရမဲ့သူတွေရယ်ရှိနေလို့မနားဘဲရိုက်တာလဲရှိပါတယ်(တချို့အခန်းတွေပင်ပန်းပြီးမျက်နှာတွေအရမ်းကျနေတာသီးခံပြီးကြည့်ပေးကြပါနော်)ဒီကားမှာရှိလာတဲ့အခက်အခဲတွေကိုဒိုင်ခံဖြေရှင်းပေးပြီးဇာတ်ကားတကားလုံးပြီးတဲ့အထိ(ပွဲတွေအလုပ်ကိစ္စတွေရှိလည်း)မပြန်ဘဲပုပ္ပါးမှာနေပေးခဲ့တဲ့ချစ်ကိုကြီးကိုခန့်,MRTV 4ကတာဝန်ရှိတဲ့သူများနဲ့ဆူးပန်းခွေတဖွဲ့သားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီးတော့ သူမတို့ရဲ့ ဇာတ်ကားရိုက်ခဲ့စဉ်ကအမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ် ချစ်ပရိသတ်တို့ရေ…

 

 

Source : Khine Thin Kyi
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 


 


