မွေးနေ့လေးမှာ မထင်မှတ်ထားတဲ့Surprise လေးတစ်ခုကို ချစ်ခင်ပွန်းဆီကနေရရှိခဲ့တာကြောင့် ပျော်ရွှင်ခဲ့ရတဲ့ ဆန်းသစ်လ

Posted on

ချစ်ဖို့ကောင်းတဲ့ အသံလေးနဲ့ သံစဉ်ချိုချိုလေးတွေကို ပရိသတ်တွေရဲ့ရင်ထဲကို ရောက်အောင် သီဆိုနိုင်သူလေးကတော့ အဆိုတော်မလေးဆန်းသစ်လပဲဖြစ်ပါတယ်နော်။ သူမဟာလက်ရှိမှာဆိုရင် အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ခွင့်ရထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အခုဆိုရင် ရင်သွေးလေးကိုလွယ်ထားရတဲ့ မိခင်လောက်တစ်ယောက်လည်းဖြစ်သလို မကြာခင်မှာလည်း သူမတို့ရဲ့ ဘ၀လေးထဲကို မိသားစု၀င်အသစ်ကလေးလည်းရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ခုလို ကိုယ်၀န်ဆောင်ထားရစဉ်ကာလအတွင်းမှာလည်း သူမရဲ့ ချစ်ခင်ပွန်းက သူမကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးလျက်ရှိပြီးတော့ သူမရဲ့ မွေးနေ့လေးကိုလည်း သတိတရနဲ့ ထူးထူးခြားခြား Surpriseလေးလုပ်ပေးခဲ့ပါဝာယ်။ ဆန်းသစ်လက သူမရဲ့ခင်ပွန်းဖြစ်သူ Surpriseလုပ်ပေးခဲ့တာနဲ့ ပတ်သတ်ပြီးတော့ ” Bean Bed ကြီးထမ်းလာပြီး လက်ထဲမှာလည်း အထုပ်1ထုပ်နဲ့ မိန်းမအတွက်မွေးနေ့လက်ဆောင်တဲ့…. Bean Bedကတော့ မိန်းမကကိုယ်ဝန်နဲ့ဆိုတော့ TVကြည့်ရင် အဆင်ပြေအောင်တဲ့…”ဆိုပြီး သူမကို ပေးခဲ့တဲ့ ပထမလက်ဆောင်အကြောင်းကိုပြောပြခဲ့ပါတယ်။

ဒုတိယလက်ဆောင်နဲ့ တတိယလက်ဆောင်လေးအကြောင်းကိုတော့ သူမက ”  အထုပ်ထဲမှာကျတော့ S11 နဲ့ post card လေး…ဟယ်.. Galaxy S11ကမထွက်သေးပါဝူး သူဘယ်လိုများမှာလိုက်ပါလိမ့်ပေါ့…. မိန်းမကို မွေးနေ့အမှီ S11 ဝယ်ပေးချင်ပေမယ့် သူကမထွက်သေးတော့ ဖုန်းဗူးအလွတ်ပေါ်မှာ သူ့ရဲ့ own creation S11 sticker ကိုကပ်ပြီး မိန်းမကိုsuprise တိုက်တာပါတဲ့? ဗူးထဲမှာတော့… S11ထွက်ရင်ဝယ်ဖို့ ပိုက်ပိုက် ထည့်ပေးထားတာပါတဲ့ရှင်(how sweet he is)…post cardလေးကတော့ ရည်းစားဘဝထဲကခုထိ မွေးနေ့တိုင်းပေးတဲ့ ကျားကျားရဲ့ ချစ်လက်ဆောင်လေး… မွေးနေ့လက်ဆောင်လေးတွေအတွက် ကျေးဇူးတင်သလို  မိန်းမရဲ့မွေးနေ့တိုင်းက မိန်းမအနားယောကျာ်းရှိနေ‌ပေးယုံနဲ့တင် ပြည့်စုံနေပါပြီနော် …love u so much my hubby “ဆိုပြီးတော့ ရေးသားပြီးပြောပြထားခဲ့ပါတယ် CeleZoneချစ်ပရိသတ်တို့ရေ….

Source : San Thit La
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 



