သွယ်လျတဲ့ အမိုက်စား ခန္ဓာကိုယ်လေးကို ထိန်းသိမ်းထားဖို့အတွက် ချွေးသံတရွှဲရွှဲနဲ့ Gymကစားနေတဲ့ ဖွေးစိန်လေး

Posted on

အကယ်ဒမီရွှေစင်ရုပ်ထုတွေကို ထိုက်ထိုက်တန်တန်နဲ့ ရရှိထားပြီးတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကြီးမင်းသမီးတွေထဲက တစ်လက်ဖြစ်တဲ့ သရုပ်ဆောင်ဖွေးဖွေးဟာ ပရိသတ်တွေအခိုင်အမာရရှိထားသူတစ်ယောက်ပါ။ သရုပ်ဆောင်လည်းကောင်းသလို ရှုတိုင်းယဉ်တဲ့အလှတရားလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပုရိသပရိသတ်တွေတင်သာမကဘဲ မိန်းကလေးချင်းတောင် ဒဲ့ကြွေရတဲ့အထိ ချစ်ဖို့ကောင်းလွန်းလှပါတယ်။

 

သူမဟာ မကြာခင်မှာဆိုရင်လည်း “ရွှေဖူးစာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ပိုင်တံခွန် နဲ့ ကောင်းမြတ်စံတို့လည်း ပါ၀င်မှာဖြစ်လို့ ဖွေးစိန်လေးရဲ့ ပရိသတ်တွေက ဒီဇာတ်ကားကြီးအတွက် အရမ်းပဲစိတ်လှုပ်ရှားနေခဲ့ရပါတယ်။ ဒီလိုအလုပ်တွေဆက်တိုက်ရှုပ်နေတတ်တဲ့‌‌ ဖွေးစိန်လေးကို သူမရဲ့ ပရိသတ်တွေကတော့ ကျန်းမာရေးဂရုစိုက်အမြဲ သတိပေးနေခဲ့ရပါသေးတယ်။

 

ဒါပေမယ့် ဖွေးစိန်လေးဟာ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်လေးကို ထိန်းသိမ်းဖို့အတွက် Gymကို အမြဲတမ်းသွားရောက်ကစားတတ်ပြီးတော့ အခုတစ်ခါမှာလည်း Gym ဆော့နေတဲ့ဗီဒီယိုဖိုင်လေးကို သူမရဲ့Mydayလေးမှာတင်ထားခဲ့တာကိုတွေ့ရပြန်ပါတယ်။ ဘားကွင်းနှစ်ကွင်းကို လက်နဲ့ဆွဲခိုပြီး ခန္ဓာကိုယ်ကြွက်သားတွေအတွက် ချွေးသံတရွှဲရွှဲနဲ့ ကြိုးကြိုးစားစား Gymကစားနေတဲ့ဖွေးစိန်လေးကြောင့် ပရိသတ်တွေ အသည်းယားပြီးအချစ်ပိုခဲ့ရပါတယ်။ ကဲ… ပရိသတ်တွေရဲ့ စကားကိုအရမ်းအလေးထားတဲ့ ဖွေးစိန်လေးတစ်ယောက် ပရိသတ်တွေပြောသလို ကျန်းမာဖို့ လှပဖို့အတွက် ဂရုစိုက်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…

 

Source : Phway Phway
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

သြယ္လ်တဲ့ အမိုက္စား ခႏၶာကိုယ္ေလးကို ထိန္းသိမ္းထားဖို႔အတြက္ ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ Gymကစားေနတဲ့ ေဖြးစိန္ေလး

အကယ္ဒမီေ႐ႊစင္႐ုပ္ထုေတြကို ထိုက္ထိုက္တန္တန္နဲ႔ ရရွိထားၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ ဒိတ္ဒိတ္ႀကဲ နာမည္ႀကီးမင္းသမီးေတြထဲက တစ္လက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ေဖြးေဖြးဟာ ပရိသတ္ေတြအခိုင္အမာရရွိထားသူတစ္ေယာက္ပါ။ သ႐ုပ္ေဆာင္လည္းေကာင္းသလို ရႈတိုင္းယဥ္တဲ့အလွတရားေလးကိုလည္း ပိုင္ဆိုင္ထားတာေၾကာင့္ ပုရိသပရိသတ္ေတြတင္သာမကဘဲ မိန္းကေလးခ်င္းေတာင္ ဒဲ့ေႂကြရတဲ့အထိ ခ်စ္ဖို႔ေကာင္းလြန္းလွပါတယ္။

သူမဟာ မၾကာခင္မွာဆိုရင္လည္း “ေ႐ႊဖူးစာ”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို႐ိုက္ကူးေတာ့မွာပဲျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီးထဲမွာေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ ပိုင္တံခြန္ နဲ႔ ေကာင္းျမတ္စံတို႔လည္း ပါ၀င္မွာျဖစ္လို႔ ေဖြးစိန္ေလးရဲ႕ ပရိသတ္ေတြက ဒီဇာတ္ကားႀကီးအတြက္ အရမ္းပဲစိတ္လႈပ္ရွားေနခဲ့ရပါတယ္။ ဒီလိုအလုပ္ေတြဆက္တိုက္ရႈပ္ေနတတ္တဲ့‌‌ ေဖြးစိန္ေလးကို သူမရဲ႕ ပရိသတ္ေတြကေတာ့ က်န္းမာေရးဂ႐ုစိုက္အၿမဲ သတိေပးေနခဲ့ရပါေသးတယ္။

ဒါေပမယ့္ ေဖြးစိန္ေလးဟာ သူမရဲ႕ လွပတဲ့ ခႏၶာကိုယ္ေလးကို ထိန္းသိမ္းဖို႔အတြက္ Gymကို အၿမဲတမ္းသြားေရာက္ကစားတတ္ၿပီးေတာ့ အခုတစ္ခါမွာလည္း Gym ေဆာ့ေနတဲ့ဗီဒီယိုဖိုင္ေလးကို သူမရဲ႕Mydayေလးမွာတင္ထားခဲ့တာကိုေတြ႕ရျပန္ပါတယ္။ ဘားကြင္းႏွစ္ကြင္းကို လက္နဲ႔ဆြဲခိုၿပီး ခႏၶာကိုယ္ႂကြက္သားေတြအတြက္ ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ ႀကိဳးႀကိဳးစားစား Gymကစားေနတဲ့ေဖြးစိန္ေလးေၾကာင့္ ပရိသတ္ေတြ အသည္းယားၿပီးအခ်စ္ပိုခဲ့ရပါတယ္။ ကဲ… ပရိသတ္ေတြရဲ႕ စကားကိုအရမ္းအေလးထားတဲ့ ေဖြးစိန္ေလးတစ္ေယာက္ ပရိသတ္ေတြေျပာသလို က်န္းမာဖို႔ လွပဖို႔အတြက္ ဂ႐ုစိုက္ေနတဲ့ ဗီဒီယိုဖိုင္ေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…