ဖျော်ဖြေပွဲမှာ အမေစုကိုယ်တိုင် လာပြောခဲ့တဲ့ ကျေးဇူးတင်စကားလေးကြောင့် အတိုင်းမသိပျော်ခဲ့ရတဲ့ စိုင်းစိုင်း

Posted on

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် စိုင်းစိုင်းခမ်းလှိုင်ဟာ ဟိုးအရင်အချိန်တွေကတည်းကနေ အခုအချိန်ထိ ပရိသတ်တွေ ချစ်ခင်အားပေးခြင်းကိုတစ်ခဲနက်ပိုင်ဆိုင်ထားခဲ့ရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ယောက်ပါ။သူဟာ အခုအချိန်မှာဆိုရင် သူ့ရဲ့ သူငယ်ချင်း အနုပညာရှင်တွေနဲ့အတူ Franzo Production ကိုတောင်တည်ထောင်ထားခဲ့ပြီပဲဖြစ်ပါတယ်။

 

လက်ရှိမှာဆိုရင်လည်း စိုင်းစိုင်းဟာ ဖျော်ဖြေရေးပွဲတွေဆက်နေခဲ့ပြီးတော့ အခုလည်းရှမ်းပြည်နယ်ဘက်ကို ပြည်ထောင်စုနေ့အတွက် ဂုဏ်ပြုဖျော်ဖြေပေးဖို့ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ စိုင်းစိုင်းနဲ့အတူ အခြားနာမည်ကျော်အနုပညာရှင်တွေလည်း အဆိုပါ ဖျော်ဖြေရေးပွဲကို လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ရှမ်းပြည်နယ် ပြည်ထောင်စုနေ့ဖျော်ဖြေပွဲကိုရောက်ရှိနေခဲ့တာကိုတွေ့ရပါတယ်နော်။

 

” ပြည်ထောင်စုနေ့အမှတ်တရ…ရှမ်းပြည်နယ်ကဖိတ်လို့ ဒီနေ့ညပွဲမှာ မေတ္တာနဲ့ဖျော်ဖြေပါတယ် ညစာစားပွဲပြီးတော့ ကျနော်တို့ဖျော်ဖြေမယ့် စင်ဖက်ကိုကူးလာပြီး Frenzo အဖွဲ့ကို အစအဆုံးထိုင်ကြည့်သွားပါရောဗျာ …လူတွေကိုပျော်ရွှင်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်တဲ့ …နှလုံးပီတိ ဂွမ်းဆီထိပါပဲ ….ထပ်ကြိုးစားဦးမယ်ဗျာ” ဆိုပြီးတော့ အမေစုကိုယ်တိုင် လာရောက်ပြောသွားခဲ့တဲ့ ကျေးဇူးတင်စကားလေးနဲ့ ပတ်သတ်ပြီး ၀မ်းမြောက်ဂုဏ်ယူမိတဲ့အကြောင်းကို လူမှုစာမျက်နှာပေါ်မှာရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် စိုင်းစိုင်းတို့ သူငယ်ချင်းတစ်စု အမေစုနဲ့ အတူအမှတ်တရ ရိုက်ထားခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးထားတာကိုတွေ့ရပါတယ်နော်။ ကဲ… ဒီတော့ စိုင်းစိုင်းတို့ရဲ့ ပြည်ထောင်စုနေ့အမှတ်တရ ပုံရိပ်လေးတွေကို CeleZoneပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…

 

 

Source : Sai Sai Kham Leng
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

ေဖ်ာ္ေျဖပြဲမွာ အေမစုကိုယ္တိုင္ လာေျပာခဲ့တဲ့ ေက်းဇူးတင္စကားေလးေၾကာင့္ အတိုင္းမသိေပ်ာ္ခဲ့ရတဲ့ စိုင္းစိုင္း

 

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ စိုင္းစိုင္းခမ္းလႈိင္ဟာ ဟိုးအရင္အခ်ိန္ေတြကတည္းကေန အခုအခ်ိန္ထိ ပရိသတ္ေတြ ခ်စ္ခင္အားေပးျခင္းကိုတစ္ခဲနက္ပိုင္ဆိုင္ထားခဲ့ရတဲ့ ႏိုင္ငံေက်ာ္အႏုပညာရွင္တစ္ေယာက္ပါ။သူဟာ အခုအခ်ိန္မွာဆိုရင္ သူ႔ရဲ႕ သူငယ္ခ်င္း အႏုပညာရွင္ေတြနဲ႔အတူ Franzo Production ကိုေတာင္တည္ေထာင္ထားခဲ့ၿပီပဲျဖစ္ပါတယ္။

လက္ရွိမွာဆိုရင္လည္း စိုင္းစိုင္းဟာ ေဖ်ာ္ေျဖေရးပြဲေတြဆက္ေနခဲ့ၿပီးေတာ့ အခုလည္းရွမ္းျပည္နယ္ဘက္ကို ျပည္ေထာင္စုေန႔အတြက္ ဂုဏ္ျပဳေဖ်ာ္ေျဖေပးဖို႔ေရာက္ရွိေနခဲ့တာပဲျဖစ္ပါတယ္။ စိုင္းစိုင္းနဲ႔အတူ အျခားနာမည္ေက်ာ္အႏုပညာရွင္ေတြလည္း အဆိုပါ ေဖ်ာ္ေျဖေရးပြဲကို လာေရာက္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ အေမ ေဒၚေအာင္ဆန္းစုၾကည္ဟာလည္း ရွမ္းျပည္နယ္ ျပည္ေထာင္စုေန႔ေဖ်ာ္ေျဖပြဲကိုေရာက္ရွိေနခဲ့တာကိုေတြ႕ရပါတယ္ေနာ္။

” ျပည္ေထာင္စုေန႔အမွတ္တရ…ရွမ္းျပည္နယ္ကဖိတ္လို႔ ဒီေန႔ညပြဲမွာ ေမတၱာနဲ႔ေဖ်ာ္ေျဖပါတယ္ ညစာစားပြဲၿပီးေတာ့ က်ေနာ္တို႔ေဖ်ာ္ေျဖမယ့္ စင္ဖက္ကိုကူးလာၿပီး Frenzo အဖြဲ႕ကို အစအဆုံးထိုင္ၾကည့္သြားပါေရာဗ်ာ …လူေတြကိုေပ်ာ္႐ႊင္ေအာင္လုပ္ေပးလို႔ ေက်းဇူးတင္ပါတယ္တဲ့ …ႏွလုံးပီတိ ဂြမ္းဆီထိပါပဲ ….ထပ္ႀကိဳးစားဦးမယ္ဗ်ာ” ဆိုၿပီးေတာ့ အေမစုကိုယ္တိုင္ လာေရာက္ေျပာသြားခဲ့တဲ့ ေက်းဇူးတင္စကားေလးနဲ႔ ပတ္သတ္ၿပီး ၀မ္းေျမာက္ဂုဏ္ယူမိတဲ့အေၾကာင္းကို လူမႈစာမ်က္ႏွာေပၚမွာေရးသားထားခဲ့ပါတယ္။ ဒါ့အျပင္ စိုင္းစိုင္းတို႔ သူငယ္ခ်င္းတစ္စု အေမစုနဲ႔ အတူအမွတ္တရ ႐ိုက္ထားခဲ့တဲ့ ပုံရိပ္ေလးေတြကိုလည္း မွ်ေဝေပးထားတာကိုေတြ႕ရပါတယ္ေနာ္။ ကဲ… ဒီေတာ့ စိုင္းစိုင္းတို႔ရဲ႕ ျပည္ေထာင္စုေန႔အမွတ္တရ ပုံရိပ္ေလးေတြကို CeleZoneပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…