ချောင်းသာကန်းခြေမှာ ချစ်ဇနီးလေးနဲ့အတူ အပန်းဖြေရင်းနဲ့ ပျော်ရွှင်နေတဲ့ မြင့်မြတ်

Posted on

သရုပ်ဆောင်အရမ်းကောင်းတဲ့ မင်းသားချောမြင့်မြတ်ဟာ ဒီရက်ပိုင်းမှာဆိုရင် သူရဲ့ ချစ်ဇနီးလေးရယ် သားလေးဂျူနီယာ မြင့်မြတ်လေးရယ်နဲ့အတူ မိသားစုအပျော်ခရီးလေးထွက်ဖြစ်နေခဲ့ပါတယ်။ အားလပ်ရက်လေးရတဲ့ အချိန်မှာ ချစ်ရတဲ့ မိသားစုလေးကို အချိန်ပေးပြီးတော့ ချောင်းသာ ကမ်းခြေကိုအပျော်ခရီးလေးထွက်လာခဲ့တာပဲဖြစ်ပါတယ်။

 

မြင့်မြတ်ပါ၀င်ရိုက်ကူးထားတဲ့ ပလေယာဆိုတဲ့ရုင်ရှင်ဇာတ်ကားကြီး ဟာဆိုရင်လည်း အခုရက်ပိုင်းမှာရုံတင်ပြသလျက်ရှိပါတယ်။ ဒီဇာတ်ကားကြီးဟာဆိုရင်လည်း မြင့်မြတ်ရဲ့ သဘာ၀ကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ရုံမတင်ခင်ကတည်းက ၀န်းရံအားပေးတဲ့ ပရိသတ်တွေများစွာရှိနေခဲ့ပါတယ်။ မြင့်မြတ်ဟာ လက်ရှိမှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာနဲ့ ‌ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးနေရတဲ့ ‌အောင်မြင်တဲ့အနုပညာရှင်တွေထဲကတစ်ယောက်လည်းဖြစ်ပါသေးတယ်။

 

အခုလည်း အလုပ်တွေက ခဏနားတဲ့ ရက်ပိုင်းလေးမှာ ချစ်ရတဲ့မိသားစုလေးနဲ့အတူ စိတ်ပြေလက်ပျောက်ခရီးလေးထွက်လာခဲ့တာပဲဖြစ်ပါတယ်။ “Relax Time ” ဆိုတဲ့ Captionလေးနဲ့ အတူ ချစ်ဇနီးချောလေးနဲ့ ရေကူးကန်ထဲမှာ တွဲရိုက်ထားတဲ့ တွေကိုလည်းလူမှုစာမျက်နှာပေါ်မှာတင်ထားတာကိုလည်းတွေ့ရပါတယ်။ အလုပ်ကိစ္စတွေရဲ့ အဝေး စိတ်ဖိစီးမှုတွေရဲ့ အဝေးမှာရောက်နေတဲ့ အတွက် မြင့်မြတ်တစ်ယောက် အရမ်းကိုပျော်ရွှင်ပြီး စိတ်ချမ်းသာနေတဲ့ပုံပါပဲနော်။ကဲ…ဒီတော့ ချစ်ဇနီ‌လေးနဲ့ အတူ ရေကူးကန်လေးထဲမှာ စုံတွဲလေးရိုက်ထားတဲ့ မြင့်မြတ်တို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

 

Source : Myat Wai Tun
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 


 


