မီးကိုယ်တိုင်‌မွှေးပြီး ထမနဲကို ကိုယ်တိုင်ထိုးရင်းနဲ့ ပျော်နေတဲ့ ခေးလေးခင်၀င့်ဝါ

Posted on

မျက်နှာခပ်ဝိုင်းဝိုင်း‌လေးနဲ့ အရုပ်မလေးတစ်ရုပ်လိုချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး ခင်၀င့်ဝါဟာ လက်ရှိအောင်မြင်နေတဲ့ လူငယ်အနုပညာရှင်တွေထဲကတစ်ယောက်ပါပဲနော်။ သူမရဲ့ ချစ်ပရိသတ်တွေက တော့ ချစ်စနိုးနဲ့ ခေးလေးလို့ ကင်ပွန်းတပ်ပြီး ခေါ်ကြပါတယ်။ ခေးလေးဟာ လက်ရှိမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးနေရပါတယ်နော်။

 

ဒီလို အောင်မြင်တွေရရှိထားပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ ခေးလေးဟာ မာနလည်း မကြီးသလိုနာမည်လေးနဲ့ လိုက်အောင် ကလေးတစ်ယောက်လိုဖြူစင်ပြီးချစ်ဖို့ကောင်းလွန်းသူလေးပါ။ ဒါကြောင့် အခုတစ်ခါမှာလည်း သူမဟာ မင်းသမီးဆိုတဲ့ ဂုဏ်ပကာသဏတွေကို မေးထားပြီး မြန်မာ့ရိုးရာပွဲတွေထဲကတစ်ခုဖြစ်တဲ့ ထမနဲပွဲမှာ လုပ်အားပေးနေတဲ့ အကို အမတွေနဲ့ အတူ ပျော်ပျော်ပါးပါးနဲ့ ထမနဲ ဝိုင်းထိုးရင်းပါ၀င်ဆင်နွှဲခဲ့တာကိုတွေ့ရပါတယ်။

 

သူမဟာ မြန်မာမုန့်တွေထဲမှာဆိုရင် ထမနဲ ကိုလည်း ကြိုက်တတ်သူတစ်ယောက်ဖြစ်တဲ့အတွက် ဒီပွဲလေးမှာ ယောက်မကြီးကို မနိုင်တနိုင်နဲ့ ကိုင်ပြီး ကိုယ်တိုင်ကိုယ်ကျ ၀င်‌ရောက်ပြီးထမနဲ ထိုးခဲ့တာပဲဖြစ်ပါတယ်။ ” ထမနဲထိုး ပွဲ မှာ ခေးက မီးမွှေးတယ် မွှေတယ် ဆရာလုပ်တယ် နှမ်းဖြူးတယ် မေးသမျှ ဖြေပြီး အိမ်အတွက် ပါဆယ် ထုတ်တယ် ” ဆိုပြီးတော့ သူမရဲ့ Pageလေးက‌နေတဆင့်အမှတ်တရလေးရေးပြီးတင်ထားခဲ့ပါတယ်။ ကဲ…. ဒီတော့ ကိုယ်တိုင် အိုးသူကြီးလေးလုပ်ပြီးထမနဲကူထိုးနေတဲ့ ခင်၀င့်ဝါရဲ့ ချစ်စရာပုံရိပ်လေးတွေကို CeleZoneက ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

 

Source : Khin Wint Wah
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

မီးကိုယ္တိုင္‌ေမႊးၿပီး ထမနဲကို ကိုယ္တိုင္ထိုးရင္းနဲ႔ ေပ်ာ္ေနတဲ့ ေခးေလးခင္၀င့္ဝါ

 


မ်က္ႏွာခပ္ဝိုင္းဝိုင္း‌ေလးနဲ႔ အ႐ုပ္မေလးတစ္႐ုပ္လိုခ်စ္ဖို႔ေကာင္းတဲ့ မင္းသမီးေခ်ာေလး ခင္၀င့္ဝါဟာ လက္ရွိေအာင္ျမင္ေနတဲ့ လူငယ္အႏုပညာရွင္ေတြထဲကတစ္ေယာက္ပါပဲေနာ္။ သူမရဲ႕ ခ်စ္ပရိသတ္ေတြက ေတာ့ ခ်စ္စႏိုးနဲ႔ ေခးေလးလို႔ ကင္ပြန္းတပ္ၿပီး ေခၚၾကပါတယ္။ ေခးေလးဟာ လက္ရွိမွာဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ေၾကာ္ျငာေတြကို ဆက္တိုက္ဆိုသလို လက္ခံ႐ိုက္ကူးေနရပါတယ္ေနာ္။

ဒီလို ေအာင္ျမင္ေတြရရွိထားၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ပိုင္ဆိုင္ထားတဲ့ ေခးေလးဟာ မာနလည္း မႀကီးသလိုနာမည္ေလးနဲ႔ လိုက္ေအာင္ ကေလးတစ္ေယာက္လိုျဖဴစင္ၿပီးခ်စ္ဖို႔ေကာင္းလြန္းသူေလးပါ။ ဒါေၾကာင့္ အခုတစ္ခါမွာလည္း သူမဟာ မင္းသမီးဆိုတဲ့ ဂုဏ္ပကာသဏေတြကို ေမးထားၿပီး ျမန္မာ့႐ိုးရာပြဲေတြထဲကတစ္ခုျဖစ္တဲ့ ထမနဲပြဲမွာ လုပ္အားေပးေနတဲ့ အကို အမေတြနဲ႔ အတူ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ ထမနဲ ဝိုင္းထိုးရင္းပါ၀င္ဆင္ႏႊဲခဲ့တာကိုေတြ႕ရပါတယ္။

သူမဟာ ျမန္မာမုန႔္ေတြထဲမွာဆိုရင္ ထမနဲ ကိုလည္း ႀကိဳက္တတ္သူတစ္ေယာက္ျဖစ္တဲ့အတြက္ ဒီပြဲေလးမွာ ေယာက္မႀကီးကို မႏိုင္တႏိုင္နဲ႔ ကိုင္ၿပီး ကိုယ္တိုင္ကိုယ္က် ၀င္‌ေရာက္ၿပီးထမနဲ ထိုးခဲ့တာပဲျဖစ္ပါတယ္။ ” ထမနဲထိုး ပြဲ မွာ ေခးက မီးေမႊးတယ္ ေမႊတယ္ ဆရာလုပ္တယ္ ႏွမ္းျဖဴးတယ္ ေမးသမွ် ေျဖၿပီး အိမ္အတြက္ ပါဆယ္ ထုတ္တယ္ ” ဆိုၿပီးေတာ့ သူမရဲ႕ Pageေလးက‌ေနတဆင့္အမွတ္တရေလးေရးၿပီးတင္ထားခဲ့ပါတယ္။ ကဲ…. ဒီေတာ့ ကိုယ္တိုင္ အိုးသူႀကီးေလးလုပ္ၿပီးထမနဲကူထိုးေနတဲ့ ခင္၀င့္ဝါရဲ႕ ခ်စ္စရာပုံရိပ္ေလးေတြကို CeleZoneက ခ်စ္ပရိသတ္ေတြအတြက္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။