နန်းသူဇာနဲ့ လမ်းခွဲလိုက်ပြီလို့ အတိအလင်းဖွင့်ဟလိုက်တဲ့ ကျော်ထွဋ်ဆွေ
Posted on
လူငယ်စုံတွဲလေးတွေကြားမှာ အရမ်းကိုရေပန်းစားပြီးပေါ်ပြူလာဖြစ်လို့နေတဲ့ အနုပညာရှင်စုံတွဲလေးကတော့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံ‌တွဲလေးပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေကလည်း အချင်းချင်း သဘောတူကြပြီးတော့ တကယ်လည်းလိုက်ဖက်တဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကိုကျော်ကြီးလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ခေါ်နေကြတဲ့ အဆိုတော် ကျော်ထွဋ်ဆွေဟာ ချစ်သူနန်းသူဇာနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်းအတိအကျဖွင့်ဟလာခဲ့ပါတယ်။
ဒီသတင်းကြောင့် ပရိသတ်တွေလည်း အံ့အားသင့်ခဲ့ရသလို အစကတော့နောက်ပြောင်နေခဲ့တာလို့ထင်ခဲ့ကြပေမယ့် ကျော်ထွဋ်ဆွေကိုယ်တိုင် အတိအလင်းဖွင့်ဟခဲ့တာကြောင့် သူတို့နှစ်ယောက်ရဲ့Relationshipက တကယ်ပဲအဆုံးသတ်သွားပြီလို့ လက်ခံခဲ့ကြရပါတယ်။ ဘယ်လိုပြဿနာတွေဖြစ်ခဲ့လို့ ဒီလိုပြတ်ဆဲသွားရလောက် တဲ့ အထိဖြစ်ခဲ့ရလဲဆိုတာကိုတော့ အခုအချိန်မှာ ကျော်ထွဋ်ဆွေရဲ့ဘက်ကနေ ထုတ်ပြောပြထားခြင်းတော့မရှိသေးပါဘူး။
ဒါပေမယ့် သူ့ရဲ့ လူမှု စာမျက်ပေါ်ကနေတစ်ဆင့် ” လမ်းခွဲ လိုက်ပါပြီ။ သွေးအေးသွားတဲ့နေ့ကျ ရှင်းပြပါမယ်။အခုတော့ ဒီလောက်ပါပဲ။ ” ဆိုတဲ့ Captionလေးနဲ့ သူ့ရဲ့ ပရိသတ်တွေကို အသိပေးထားခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူတို့ချစ်တဲ့ အနုပညာရှင်နှစ်ယောက်ရဲ့ နှလုံးသားရေးအခြေအနေအတွက် အတော်လေး စိုးရိမ်ပူပန်နေခဲ့ကြရပါတယ်။ ကဲ… ဒီတော့ ဘယ်လိုတွေပဲဖြစ်ဖြစ် သူတို့နှစ်ယောက် ဒီလို ဆိုးရွားတဲ့အခြေအ‌နေ းမျိုးကြီးကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ မျှော်လင့်ပြီး အားပေးစကားလေးတွေပြောခဲ့ကြပါအုန်း CeleZoneချစ်ပရိသတ်ကြီးရေ….
Source : Kyaw Htut Swe
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။ )
နန်းသူဇာနဲ့ လမ်းခွဲလိုက်ပြီလို့ အတိအလင်းဖွင့်ဟလိုက်ပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေ