ပရိသတ်ပေါင်း ၁၅၀၀အတွက် အလှူလုပ်ပြီးတဲ့နောက် ဆေးခန်းရောက်ခဲ့ရတဲ့ စမိုင်းလ်
Posted on
မင်းသမီးချော‌လေး စမိုင်းလ်ဟာ အလှူအတန်းရက်ရောတဲ့ သူတစ်ယောက်ဆိုတာ ချစ်ပရိသတ်တွေလည်းအားလုံးသိပြီးသားပါနော်။ သူမဟာ မကြာခဏဆိုသလို အလှူကြီးတွေပေးပြီးတော့ ကုသိုလ်ယူတတ်သလို သူမရဲ့အားလပ်ချိန်တွေမှာလည်း ဘာသာရေးတွေကို လုပ်တတ်ပါသေးတယ်။ ဒီလိုမျိုး ဖြူစင်တဲ့ပရိဟိတနှလုံးသားလေးကို ပိုင်ဆိုင်ထားတဲ့အတွက် ပရိသတ်တွေလည်း သူမကို လေးစားချစ်ခင်လျက်ရှိပါတယ်။
သူမဟာ အခုအချိန်မှာဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပြီးတော့ ဘဝကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းလို့နေပါတယ်။ သူမဟာ ဒီရက်ပိုင်းမှာဆိုရင် သူမရဲ့ ချစ်ပရိသတ်ပေါင်း (၁၅၀၀)အတွက် အကုန်အကျခံကာ ရွှေတိဂုံ၊ကျိုက်ထီးရိုး အဓိဌာန်ကိုစရိတ်ငြိမ်း အကုန်အကျခံပြီး ဦးဆောင်ကာ လိုက်ပို့ပေးခဲ့ပါတယ်။ သူမရဲ့ ချစ်ပရိသတ်တွေကို ကုသိုလ်တွေတိုးပွားအောင် ပါရမီဖြည့်ပေးခဲ့တဲ့ မင်းသမီးချောလေး စမိုလ်းရဲ့ စိတ်ဓာတ်ကတော့လေးစားစရာပါပဲနော်။
ဒါပေမယ့် သူမဟာ ဒီအလှူကြီးအထမြောက်သွားပြီးတဲ့နောက်မှာတော့ စမိုင်းလ်ဟာ ဆေးခန်းကိုသွားပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ အပင်ပန်း အရမ်းမခံနိုင်ပေမယ့် သူမရဲ့ ပရိသတ်တွေကုသိုလ်ရဖို့အတွက် ပင်ပန်းတာတွေကိုမေ့ထားပြီး အလှူကိုပဲအာရုံစိုက်ထားခဲ့တဲ့အတွက် အခုလို ဆေးခန်းရောက်ခဲ့ရတာပဲဖြစ်ပါတယ်။ ” အလှူလည်းအပြီး လူလည်း…”ဆိုတဲ့ Captionလေးနဲ့ အတူ ဆေးခန်းမှာဆေးကုသမှုခံယူနေတဲ့ စမိုင်းလ်ရဲ့ ပုံရိပ်လေးတွေကို CeleZone ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်….
Source : စမိုင်းလ် smile
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။ )