ချစ်သူလေးကို စိတ်ရှည်လက်ရှည်နဲ့ နေရာအနှံ့လိုက်ပတ်ပြီးတော့ ဓာတ်ပုံရိုက်ပေးနေတဲ့ လွှမ်းပိုင်ရဲ့ဗီဒီယိုဖိုင်

Posted on

ချစ်စရာကောင်းတဲ့ အနုပညာစုံတွဲလေးတွေထဲက Rapperစုံတွဲလေးတစ်တွဲဖြစ်တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxerတို့ဟာ အရမ်းကိုလိုက်ဖက်ညီတဲ့အတွဲလေးပါပဲ။ နှစ်ဦးစလုံးဟာ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေကို အသီးသီးရရှိပိုင်ဆိုင်ထားခဲ့ကြပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိထားခဲ့ကြပါတယ်။ စိတ်တူကိုယ်တူနဲ့ အမြဲတမ်းတစ်ယောက်နဲ့တစ်ယောက်နားလည်မှုယူထားကြတာကြောင့် အခုအချိန်ထိ နှစ်ပေါင်းများစွာလက်တွဲမြဲနေခဲ့ရတာပဲဖြစ်ပါတယ်။

နှစ်ယောက်စလုံးဟာ သီချင်းဆိုတာအပြင်အခြားဝါသနာအနေနဲ့ Gameဆော့ရတာကိုလည်း နှစ်သက်သဘောကျကြပါတယ်။ ဒါကြောင့် ကိုယ်ပိုင်Pageလေးတွေနဲ့ Game လေးတွေကို မကြာခဏဆိုသလို Streamတတ်ပြီး စိတ်တူကိုယ်တူ တွဲဖက်ပြီးလည်း ကစားတတ်ပါသေးတယ်။ အသွင်တူမှပေါင်းလို့ရတယ် ဆိုတဲ့စကားအတိုင်းပဲ တစ်ယောက်တစ်ယောက်ဝါသနာချင်းလည်းတူအကျင့်ချင်းလည်းတူဆိုတော့ ကြီးကြီးမားမာပြဿနာမရှိတဲ့ Relationshipတစ်ခုကို ဖန်တီးထားနိုင်ခဲ့ကြပါတယ်။

အခုလည်း ချစ်သူလေး Bobby Soxerကို ဓာတ်ပုံရိုက်ပေးဖို့အတွက် ဆူးလေဘက်ကို ညနေစောင်း ထွက်ကာ စိတ်ရှည်လက်ရှည်နဲ့ Locationလှလှလေးတွေရှာပြီး ရိုက်ပေးခဲ့ပါတယ်။ ရိုက်ချက်‌လှလှလေးတွေနဲ့ သေသေချာချာ ရိုက်ပေးခဲ့ဝာဖြစ်လို့ ပုံရိပ်လေးတွေကြည့်ပြီးတော့တာင် ပရိသတ်တွေအံ့အားသင့်ခဲ့ရပါတယ်။ အားကျဖို့ကောင်းလောက်အောင် ချစ်တတ်လွန်းတဲ့ လွှမ်းပိုင်ရဲ့ လက်ရာ ပုံလှလှလေးတွေကိုတော့ Vlogဗီဒီယိုလေးလုပ်ကာ သူ့ရဲ့Pageမှာပဲတင်ထားပေးခဲ့ပါတယ်။ ကဲ… လွှမ်းပိုင်တစ်ယောက် ထက်ထက်ကို ဘယ်လို အလန်းစားတွေရိုက်ပေးခဲ့လဲဆိုတာသိရအောင် ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

</p

Source : Hlwan Paing
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ခ်စ္သူေလးကို စိတ္ရွည္လက္ရွည္နဲ႔ ေနရာအႏွံ႔လိုက္ပတ္ၿပီးေတာ့ ဓာတ္ပုံ႐ိုက္ေပးေနတဲ့ လႊမ္းပိုင္ရဲ႕ဗီဒီယိုဖိုင္

 

ခ်စ္စရာေကာင္းတဲ့ အႏုပညာစုံတြဲေလးေတြထဲက Rapperစုံတြဲေလးတစ္တြဲျဖစ္တဲ့ အဆိုေတာ္ လႊမ္းပိုင္နဲ႔ Bobby Soxerတို႔ဟာ အရမ္းကိုလိုက္ဖက္ညီတဲ့အတြဲေလးပါပဲ။ ႏွစ္ဦးစလုံးဟာ အႏုပညာလမ္းေၾကာင္းေပၚမွာ ေအာင္ျမင္မႈေတြကို အသီးသီးရရွိပိုင္ဆိုင္ထားခဲ့ၾကၿပီးေတာ့ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈေတြကို တစ္ခဲနက္ရရွိထားခဲ့ၾကပါတယ္။ စိတ္တူကိုယ္တူနဲ႔ အၿမဲတမ္းတစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈယူထားၾကတာေၾကာင့္ အခုအခ်ိန္ထိ ႏွစ္ေပါင္းမ်ားစြာလက္တြဲၿမဲေနခဲ့ရတာပဲျဖစ္ပါတယ္။

ႏွစ္ေယာက္စလုံးဟာ သီခ်င္းဆိုတာအျပင္အျခားဝါသနာအေနနဲ႔ Gameေဆာ့ရတာကိုလည္း ႏွစ္သက္သေဘာက်ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုင္Pageေလးေတြနဲ႔ Game ေလးေတြကို မၾကာခဏဆိုသလို Streamတတ္ၿပီး စိတ္တူကိုယ္တူ တြဲဖက္ၿပီးလည္း ကစားတတ္ပါေသးတယ္။ အသြင္တူမွေပါင္းလို႔ရတယ္ ဆိုတဲ့စကားအတိုင္းပဲ တစ္ေယာက္တစ္ေယာက္ဝါသနာခ်င္းလည္းတူအက်င့္ခ်င္းလည္းတူဆိုေတာ့ ႀကီးႀကီးမားမားျပႆနာမရွိတဲ့ Relationshipတစ္ခုကို ဖန္တီးထားႏိုင္ခဲ့ၾကပါတယ္။

အခုလည္း ခ်စ္သူေလး Bobby Soxerကို ဓာတ္ပုံ႐ိုက္ေပးဖို႔အတြက္ ဆူးေလဘက္ကို ညေနေစာင္း ထြက္ကာ စိတ္ရွည္လက္ရွည္နဲ႔ Locationလွလွေလးေတြရွာၿပီး ႐ိုက္ေပးခဲ့ပါတယ္။ ႐ိုက္ခ်က္‌လွလွေလးေတြနဲ႔ ေသေသခ်ာခ်ာ ႐ိုက္ေပးခဲ့ဝာာျဖစ္လို႔ ပုံရိပ္ေလးေတြၾကည့္ၿပီးေတာ့တာင္ ပရိသတ္ေတြအံ့အားသင့္ခဲ့ရပါတယ္။ အားက်ဖို႔ေကာင္းေလာက္ေအာင္ ခ်စ္တတ္လြန္းတဲ့ လႊမ္းပိုင္ရဲ႕ လက္ရာ ပုံလွလွေလးေတြကိုေတာ့ Vlogဗီဒီယိုေလးလုပ္ကာ သူ႔ရဲ႕Pageမွာပဲတင္ထားေပးခဲ့ပါတယ္။ ကဲ… လႊမ္းပိုင္တစ္ေယာက္ ထက္ထက္ကို ဘယ္လို အလန္းစားေတြ႐ိုက္ေပးခဲ့လဲဆိုတာသိရေအာင္ ဗီဒီယိုဖိုင္ေလးကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္။