ချစ်ခင်ပွန်းနဲ့ ကလေးတွေကို လွမ်းလို့ ရေခြားမြေခြားကနေ Video callလေးခေါ်ပြီးအလွမ်းသယ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

Posted on

လတ်တ‌လောမှာဆိုရင် ပြည်တော်ချစ် မင်းသမီးချောလေး အူဝဲ ဟာ အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းကိုရောက်ရှိလို့နေပါတယ်နော်။ သူမဟာ ရုပ်ရှင်ရိုက်ကူးရေး ကိစ္စနဲ့ တိုင်းတစ်ပါးမြေပေါ်ကို ရောက်ရှိလို့‌နေတာပဲဖြစ်ပြီးတော့ သူမနဲ့အတူ အကယ်ဒမီ မင်းသမီးချောလေး မယ်လိုဒီဟာလည်း ဇာတ်ကားအတူတူရိုက်ကူးဖို့အတွက် လိုက်ပါလာခဲ့တာပဲဖြစ်ပါတယ်။သူမတို့နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချောလေးတွေလည်းဖြစ်ပြီးတော့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးနဲ့ ချစ်ဖို့ကောင်းတဲ့ သားသမီးလေးတွေကို ကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် သူမတို့ဟာ မိုးအရမ်းရွာလို့ Shootingနားခဲ့ရပြီးတော့ အနားရတဲ့နေ့လေးမှာ အကျိုးရှိအောင်နှစ်ယောက်သား ဘာလီကျွန်းအနှံ့Shoppingထွက်ခဲ့ပါသေးတယ်။ အူဝဲဟာ အခုလိုရေခြားမြေခြားကိုရောက်နေတဲ့ အချိန်မှာ ချစ်ရတဲ့ ခင်ပွန်းနဲ့ သူမရဲ့ ကလေးတွေကို အရမ်းပဲလွမ်းလို့နေခဲ့ရပါတယ်။ ဒါကြောင့် သူမအနားယူတဲ့အချိန်လေးမှာတော့ သူမရဲ့ အိမ်ကို ဖုန်းခေါ်ဖြစ်ခဲ့ပြီး ကလေးတွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။

ချစ်ရတဲ့ ခင်ပွန်းနဲ့ ကလေးတွေကို Video Callလေးနဲ့ စကားတွေပြောရင်း မှာတမ်းတွေခြွေကာ အလွမ်းသယ်ခဲ့တာပဲဖြစ်ပါတယ်။ အိမ်ကို လွမ်းနေတဲ့အတွက် သူမရဲ့ ခင်ပွန်းနဲ့ကလေးတွေကို Video Callပြောခဲ့တဲ့ Screenshotလေးကို‌တော့ သူမPage ရဲ့ My dayလေးမှာ တင်ထားခဲ့ပါတယ်။ ကြည်နူးဖို့ကောင်းတဲ့ သူမတို့ မိသားစုဆက်ဆံရေးလေးကြောင့် ပရိသတ်တွေလည်း အချစ်တွေတိုးခဲ့ကြရပါတယ်နော်။ ကဲ… ဒီတော့ အူဝဲတစ်ယောက် မိသားစုလေးနဲ့ အလွမ်းသယ်နေတဲ့ ကြည်နူးဖွယ် screenshotလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaindra Kyaw Zin
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 


