အထာကျကျနဲ့ အိုက်တင်တွေကိုကောင်းကောင်းပေးတတ်နေပြီဖြစ်တဲ့ သားလေး ဂျူနီယာ မြင့်မြတ်

Posted on

ဇာတ်၀င်ခန်းတွေကို သဘာ၀ကျကျ ဇာတ်ရုပ်နဲ့လိုက်အောင်သရုပ်ဆောင်တတ်လွန်းလို့ ပရိသတ်တွေရဲ့ ၀န်းရံ‌အားပေးမှုတွေကို များစွာရရှိထားသူကတော့ သရုပ်ဆောင် မြင့်မြတ်ပဲဖြစ်ပါတယ်။ သူ့ရဲ့ သဘာ၀ကျတဲ့ အနုပညာပြချက်တွေကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုကို ထိုက်ထိုက်တန်တန်နဲ့ပိုင်ဆိုင်ခွင့်ရရှိထားခဲ့ပါတယ်။ လက်ရှိမှာဆိုရင်တော့ သူပါ၀င်သရုပ်ဆောင်ထားတဲ့ ပလေယာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ရုံတင်ပြသလျက်ရှိပြီးတော့ ကြည့်ရှုတဲ့ ပရိသတ်တွေ များစွာရှိလို့နေပါတယ်နော်။

 

ဒီလိုမျိုး အနုပညာနဲ့ပတ်သတ်ရင်ထူးချွန်တဲ့ မြင့်မြတ်ဟာ အခုအချိန်မှာဆိုရင် မင်းသားကောင်းတစ်ယောက်ဖြစ်ယုံတင်သာမကဘဲ ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်ပါ ဖြစ်လို့နေပါပြီနော်။ အဝေးကို အလုပ်ကိစ္စနဲ့သွားရတဲ့အချိန်မှာတောင် ချစ်ရတဲ့ဇနီးချောလေးရယ် ချစ်စရာကောင်းတဲ့သားလေးရယ်ကို အမြဲလွမ်းနေတတ်ပြီးတော့ အဆက်အသွယ်လည်းအပြတ်မခံခဲ့ပါဘူးနော်။ ဒီလို နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ မိသားစုကမ္ဘာလေးကိုတည်ဆောက်ထားတာကြောင့် ပရိသတ်တိုင်းငေးမောအားကျလို့‌နေခဲ့ရပါတယ်။

 

 

ဒါ့အပြင် မျက်စိရှေ့မှာတင်အရွယ်ရောက်လာပြီဖြစ်တဲ့ မြင့်မြတ်ရဲ့သားလေး ဂျူနီယာမြင့်မြတ်ဟာ အခုဆိုရင် ဓာတ်ပုံရိုက်တာကို တောင် အိုက်တင်ကောင်း‌ကောင်းပေးတတ်တဲ့အရွယ်ကိုရောက်နေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် အဖေတူသားလေးပီပီ သူ့ကိုရိုက်နေတဲ့ ကင်မရာကိုတောင် မသိချင်ယောင်ဆောင်ပြီး ပိုစ့်တွေတစ်ခုပြီးတစ်ခုပေးနေတဲ့ သားလေးရဲ့ပုံရိပ်လေးတွေကို လူမှုစာမျက်နှာထက်မှာ မြင်ရသူတိုင်းအသည်းယားစဖွယ်ဖြစ်အောင်မျှဝေထားခဲ့ပြန်ပါတယ်။ ကဲ… သားလေးဂျူနီယာမြင့်မြတ်တစ်ယောက် ဘယ်လိုတောင် အိုက်တင်တွေကောင်းနေလဲကြည့်လိုက်ကြပါအုန်း CeleZone ချစ်ပရိသတ်တို့ရေ…

 

 

Source : Myat Wai Tun

Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 


 


