ဘုရားရှေ့မှာကားရပ်ပြီးတော့ ထမနဲဘူးတွေကိုကိုယ်တိုင်ဝေရင်း ကုသိုလ်ယူခဲ့တဲ့ မင်းသမီး‌လေး အေးမြတ်သူ

Posted on

ရယ်လိုက်တိုင်း ပါးချိုင့်လေးအထင်သားနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေးကတော့ အေးမြတ်သူပဲဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲလူငယ်အနုပညာရှင်တွေထဲကတစ်ယောက်လည်းဖြစ်သလို လက်ရှိမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကို လက်ခံရိုက်ကူးနေရသူလေးတစ်ယောက်ပါ။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူလေးလည်းဖြစ်တာကြောင့် ပရိသတ်တွေပေးအပ်တဲ့ ရုပ်ရှင်အကယ်ဒမီဆုကြီးကိုလည်းထိုက်ထိုက်တန်တန်ပဲ ရရှိပိုင်ဆိုင်ထားခဲ့ရပါတယ်။

သူမဟာ ဘုရားတရားကိုလည်း ရိုသေကိုင်းရှိုင်းတတ်သူလေးဖြစ်တဲ့အပြင် အားလပ်ချိန်တွေမှာ ဘာသာရေးတွေ ပရဟိတလေးတွေကို လုပ်တတ်ပါတယ်‌နော် ။ ခရီးထွက်ရတာကိုလည်း ဝါသနာပါပြီးတော့ ခရီးသွားရင်တောင် ရောက်တဲ့နေရာမှာ အလှူဒါနလေးတွေကို အထိုက်အလျောက်လုပ်တတ်သူလေးမို့ လူကြီးလူငယ်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုများစွာပိုင်ဆိုင်ရရှိထားခဲ့ရပါတယ်။ ဒီလို ဒါနလေးတွေပြုတတ်တဲ့အကျိုးကြောင့်ပဲ သူမဟာ မြင်သူငေးရလောက်တဲ့ ရှုတိုင်ယဉ်တဲ့အလှတရားကို ပိုင်ဆိုင်ထားရတယ်ဆိုရင် မှားမယ်မထင်ပါဘူးနော်။

အခုလည်း အခါကြီးရက်ကြီး တပို့တွဲ့ လပြည့်နေ့မှာ ထမနဲအလှူလေးကို ကိုယ်တိုင်ပြုလုပ်ခဲ့တာကို တွေ့ရပြန်ပါတယ်။ ”   တပိုတွဲ လပြည့်နေ့ က ….မထင်မှတ်ဘဲ … ထမနဲ အလှူလေး  လှူဖြစ်ခဲ့တယ်ရှင့်… နောင်နှစ်မှာ  ဒီထက်ပိုပြီး ထမနဲတွေ ပိုအလှူချင်တဲ့  ကုသိုလ်စိတ်တွေဖြစ်မိပါတယ် ” ဆိုတဲ့ စာသားလေးနဲ့အတူ သူမအလှူလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကိုသူမရဲ့Official Page‌လေးကနေတဆင့် မျှဝေပေးထားတာကိုတွေ့ရပါတယ်။ မင်းသမီးဆိုတဲ့ ဂုဏ်တွေမပါဘဲ လပြည့်နေ့ ရွှေတိဂုံဘုရားရှေ့မှာ ချစ်ပရိသတ်တွေနဲ့ အတူ တရင်းတနှီး အလှူလေးလုပ်ဖြစ်ခဲ့တဲ့အတွက် သူမကိုယ်တိုင်လည်းအတိုင်းမသိပျော်ရွှင်ခဲ့ရပါတယ်။ ကဲ… ဒီတော့ အလှူဒါနရက်ရောတဲ့ မင်းသမီးလေး အေးမြတ်သူတစ်ယောက် အနုပညာလမ်းခရီးမှာ ဒီ့ထက်ပိုပြီးအောင်မြင်နိုင်စေဖို့ CeleZoneပရိသတ်ကြီးလည်း ဝိုင်းပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါအုန်းနော်….

Source : Aye Myat Thu
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 


