လွန်ခဲ့တဲ့ (၅)နှစ် ကြင်စဦးတုန်းက ဥရောပအမှတ်တရပုံရိပ်လေးအချို့နဲ့ Anniအမှတ်တရလေး ပြုလုပ်ခဲ့တဲ့ လင်းလင်း

Posted on

ပရိတ်သတ်တို့ရေ…. အပြောကောင်းအဆိုကောင်းတဲ့ အဆိုတော်လင်းလင်းဟာဆိုရင် အဆိုတော်မင်းသမီးချောလေး ချစ်သုဝေနဲ့ ရွှေလက်တွဲခဲ့တာရတုတွေအဆက်ဆက်တိုင်ခဲ့ပါပြီနော်။ အခုလည်း နှစ်ပတ်လည်အမှတ်တရအနေနဲ့ သူရဲ့လူမှုစာမျက်နှာFacebookအ‌ကောင့်မှာ ၀တ္ထုဆန်ဆန်စာလေးတစ်ချို့ရေးသားပြီးတော့ လွန်ခဲ့တဲ့ ငါးနှစ်က ဥရောပအမှတ်တရ ပုံရိပ်လေးတွေမျှဝေထားခဲ့တာပဲဖြစ်ပါတယ်

လင်းလင်းက ” လွန်ခဲ့သော ၅ နှစ် ဒီလိုနေ့ရက်တွင် ကျနော်တို့သည် ဥရောပဟုခေါ်သော ဒေသတစ်ခုသို့ခရီးသွားနေကြပါသည်။ ကျနော်နှင့်သူမ မင်္ဂလာဆောင်ပြီး ဒုတိယမြောက်နိုင်ငံရပ်ခြားခရီးတစ်ခုဖြစ်ပါသည်။ ကျနော်နှင့်သူမ ရဲ့ ကိုယ်ပိုင်ဘဝနှစ်ခုကို ‘ထောင်’အဖြစ်ပြောင်းလဲပြီးသည့်နောက် လူအများရဲ့ပြောဆိုမှုများကို ပြန်နွေးရအံ့။ အားလုံးနီးပါးနှင့် လူအများစုက သူမကို ကျနော်နှင့်အိမ်ထောင်ကျပြီးသည့်နောက် ပြောဆိုကြသည်မှာအရမ်းကံကောင်းတာဘဲ၊ အရမ်းအားကျတာဘဲ ဟုပြောဆိုကြလေသည်။ တစ်ကယ်လဲမှန်ပါသည်။
သူမတစ်ကယ် ကံအရမ်းကောင်းလွန်းပါသည်။
သွယ်ဝိုက်စွာကျဆင်းလာတဲ့ မေးရိုးနှင့် ဖြောင့်မတ်သော နှာတံလေးသည် ကျနော့်ရဲ့ အဓိကအားသာချက်ဖြစ်ပါသည်။ ရှိသင့်ရှိအပ်သော မျက်ခုံမွှေးတောင်တန်းနှင့် ဉာဏ်ပညာထက်မြက်မှုကိုဖော်ပြနေသော ကျနော်၏ အကြည့်စူးစူးများသည်လဲ ယောင်္ကျားသားတိုင်းထက် နှာတစ်ဖျားသာသော အချက်ဆိုသည်မှာ မည်သူမှငြင်းလို့ရအံ့မထင်ပါ။ ထို့အပြင်သဘာဝတရားရဲ့ ခန့်မှန်းရခက်သော ကောက်ကွေးမှုများကို သရုပ်ဖော်ထားသည့် ကျနော်၏ဆံကေသာ ဒီဇိုင်းများကလဲ နှစ်ယောက်မရှိသော အရည်အချင်းတစ်ခုပင်ဖြစ်ပါသည်။ (ဟိ) ” ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် လင်းလင်းက ဆက်ပြီးတော့ “ကြွက်သားများကို စိတ်ဝမ်းမကွဲစေဘဲ တစ်စုတစ်စည်းထဲထားသော ကျနော်၏ ဝမ်းဗိုက်သည် နဖူးကချွေး ခြေမပေါ်မကျအောင် ကာကွယ်ပေးရုံမျှမက သူမချက်ကျွေးသော ထမင်း၊ဟင်းများကို မကြွင်းမကျန်အောင် တာဝန်ယူပေးသည်မှာလဲ လူအများအားကျဖွယ်ရာပင် ဖြစ်နေပေတော့သည်။ ဤကမ္ဘာပေါ်ကလူသားတိုင်းထက် ကျနော်သည် မှန်ကြည့်ချိန်အလွန်နည်းသော လူသားတစ်ဦးဖြစ်ပါသည်။ အဘယ့်အတွက်ကြောင့် လိုအပ်ချက်မရှိသော သွင်ပြင်ရူပကာကို မှန်ရှေ့တွင်ထိုင်ကြည့်ပြီး အချိန်ကုန်ခံမည်နည်း။ နဂိုကတည်းကပင် မိနစ်မခြား၊ စက္ကန့်မလပ် ဖုန်းကောဝင်နေသော ကြော်ငြာ၊ရုပ်ရှင် ကမ်းလှမ်းမှုပေါင်းများစွာကို ထိုင်ငြင်းဆိုနေရတာနှင့်ပင် တစ်ရက်တစ်ရက် ဘယ်လိုကုန်ဆုံးသွားသည် မသိသော ကျနော့်ဘဝတွင် ,, တွင်,,, တွင်… ” ဟဲ့ ယောင်္ကျား ၊ သွား ခေတ်ခေတ်ကို ဒိုက်ဗာလဲပြီး သစ်သစ်ကို အီအီးတည် ” ကျနော် – ” ဟုတ် ” ၅ နှစ်ပြည့် မမ်မိုရီလေး ပြန်တင်ခြင်းအမှတ်တရ” ဆိုပြီးတော့ ဟာသလေးနှောကာ စနောက်ရေးသားထားခဲ့ပါတယ်

Source : Htwe Lynn Ko
Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)

လြန္ခဲ့တဲ့ (၅)ႏွစ္ ၾကင္စဦးတုန္းက ဥေရာပအမွတ္တရပုံရိပ္ေလးအခ်ိဳ႕နဲ႔ Anniအမွတ္တရေလး ျပဳလုပ္ခဲ့တဲ့ လင္းလင္း

 

ပရိတ္သတ္တို႔ေရ…. အေျပာေကာင္းအဆိုေကာင္းတဲ့ အဆိုေတာ္လင္းလင္းဟာဆိုရင္ အဆိုေတာ္မင္းသမီးေခ်ာေလး ခ်စ္သုေဝနဲ႔ ေ႐ႊလက္တြဲခဲ့တာရတုေတြအဆက္ဆက္တိုင္ခဲ့ပါၿပီေနာ္။ အခုလည္း ႏွစ္ပတ္လည္အမွတ္တရအေနနဲ႔ သူရဲ႕လူမႈစာမ်က္ႏွာFacebookအ‌ေကာင့္မွာ ၀တၳဳဆန္ဆန္စာေလးတစ္ခ်ိဳ႕ေရးသားၿပီးေတာ့ လြန္ခဲ့တဲ့ ငါးႏွစ္က ဥေရာပအမွတ္တရ ပုံရိပ္ေလးေတြမွ်ေဝထားခဲ့တာပဲျဖစ္ပါတယ္။

လင္းလင္းက ” လြန္ခဲ့ေသာ ၅ ႏွစ္ ဒီလိုေန႔ရက္တြင္ က်ေနာ္တို႔သည္ ဥေရာပဟုေခၚေသာ ေဒသတစ္ခုသို႔ခရီးသြားေနၾကပါသည္။ က်ေနာ္ႏွင့္သူမ မဂၤလာေဆာင္ၿပီး ဒုတိယေျမာက္ႏိုင္ငံရပ္ျခားခရီးတစ္ခုျဖစ္ပါသည္။ က်ေနာ္ႏွင့္သူမ ရဲ႕ ကိုယ္ပိုင္ဘဝႏွစ္ခုကို ‘ေထာင္’အျဖစ္ေျပာင္းလဲၿပီးသည့္ေနာက္ လူအမ်ားရဲ႕ေျပာဆိုမႈမ်ားကို ျပန္ေႏြးရအံ့။ အားလုံးနီးပါးႏွင့္ လူအမ်ားစုက သူမကို က်ေနာ္ႏွင့္အိမ္ေထာင္က်ၿပီးသည့္ေနာက္ ေျပာဆိုၾကသည္မွာအရမ္းကံေကာင္းတာဘဲ၊ အရမ္းအားက်တာဘဲ ဟုေျပာဆိုၾကေလသည္။ တစ္ကယ္လဲမွန္ပါသည္။ သူမတစ္ကယ္ ကံအရမ္းေကာင္းလြန္းပါသည္။သြယ္ဝိုက္စြာက်ဆင္းလာတဲ့ ေမး႐ိုးႏွင့္ ေျဖာင့္မတ္ေသာ ႏွာတံေလးသည္ က်ေနာ့္ရဲ႕ အဓိကအားသာခ်က္ျဖစ္ပါသည္။ ရွိသင့္ရွိအပ္ေသာ မ်က္ခုံေမႊးေတာင္တန္းႏွင့္ ဉာဏ္ပညာထက္ျမက္မႈကိုေဖာ္ျပေနေသာ က်ေနာ္၏ အၾကည့္စူးစူးမ်ားသည္လဲ ေယာက်ၤားသားတိုင္းထက္ ႏွာတစ္ဖ်ားသာေသာ အခ်က္ဆိုသည္မွာ မည္သူမွျငင္းလို႔ရအံ့မထင္ပါ။ ထို႔အျပင္သဘာဝတရားရဲ႕ ခန႔္မွန္းရခက္ေသာ ေကာက္ေကြးမႈမ်ားကို သ႐ုပ္ေဖာ္ထားသည့္ က်ေနာ္၏ဆံေကသာ ဒီဇိုင္းမ်ားကလဲ ႏွစ္ေယာက္မရွိေသာ အရည္အခ်င္းတစ္ခုပင္ျဖစ္ပါသည္။ (ဟိ) ” ဆိုၿပီးေတာ့ ေရးသားထားခဲ့ပါတယ္။

ဒါ့အျပင္ လင္းလင္းက ဆက္ၿပီးေတာ့ “ႂကြက္သားမ်ားကို စိတ္ဝမ္းမကြဲေစဘဲ တစ္စုတစ္စည္းထဲထားေသာ က်ေနာ္၏ ဝမ္းဗိုက္သည္ နဖူးကေခြၽး ေျခမေပၚမက်ေအာင္ ကာကြယ္ေပး႐ုံမွ်မက သူမခ်က္ေကြၽးေသာ ထမင္း၊ဟင္းမ်ားကို မႂကြင္းမက်န္ေအာင္ တာဝန္ယူေပးသည္မွာလဲ လူအမ်ားအားက်ဖြယ္ရာပင္ ျဖစ္ေနေပေတာ့သည္။ ဤကမာၻေပၚကလူသားတိုင္းထက္ က်ေနာ္သည္ မွန္ၾကည့္ခ်ိန္အလြန္နည္းေသာ လူသားတစ္ဦးျဖစ္ပါသည္။ အဘယ့္အတြက္ေၾကာင့္ လိုအပ္ခ်က္မရွိေသာ သြင္ျပင္႐ူပကာကို မွန္ေရွ႕တြင္ထိုင္ၾကည့္ၿပီး အခ်ိန္ကုန္ခံမည္နည္း။ နဂိုကတည္းကပင္ မိနစ္မျခား၊ စကၠန႔္မလပ္ ဖုန္းေကာဝင္ေနေသာ ေၾကာ္ျငာ၊႐ုပ္ရွင္ ကမ္းလွမ္းမႈေပါင္းမ်ားစြာကို ထိုင္ျငင္းဆိုေနရတာႏွင့္ပင္ တစ္ရက္တစ္ရက္ ဘယ္လိုကုန္ဆုံးသြားသည္ မသိေသာ က်ေနာ့္ဘဝတြင္ ,, တြင္,,, တြင္… ” ဟဲ့ ေယာက်ၤား ၊ သြား ေခတ္ေခတ္ကို ဒိုက္ဗာလဲၿပီး သစ္သစ္ကို အီအီးတည္ ” က်ေနာ္ – ” ဟုတ္ ” ၅ ႏွစ္ျပည့္ မမ္မိုရီေလး ျပန္တင္ျခင္းအမွတ္တရ” ဆိုၿပီးေတာ့ ဟာသေလးေႏွာကာ စေနာက္ေရးသားထားခဲ့ပါတယ္။