မကြာခင်မှာ ကြည့်ရှူရတော့မယ့် ဒါရိုက်တာနေပိုင်ရိုက်ကူးပုံဖော်ထားတဲ့ အောက်စီဂျင်ရုပ်ရှင်ဇာတ်ကား

Posted on

လတ်တလောမှာ ရိုက်ကူးနေတဲ့ ဒါရိုက်တာ နေပိုင်ရဲ့ အောက်စီဂျင်ရုပ်ရှင်ဇာတ်ကားကြီးက အက်ရှင် ဒရမ်မာကားတစ်ကားဖြစ်တဲ့ အပြင် ပရိသတ်တွေချစ်တဲ့ မင်းသား မင်းသမီးတွေများစွာပါဝင်တာကြောင့် ပရိသတ်တွေက စောင့်ဆိုင်းနေရတဲ့ ကားတစ်ကားပါ။ ပရိသတ်တွေအတွက် ကြိုးစားရိုက်ကူးနေကြတဲ့ ရိုက်ကွင်းပုံရိပ်တွေကို အဆက်မပြတ်တင်ပေးခဲ့ပြီး မကြာခင်အချိန်အတွင်းမှာပဲ ရုပ်ရှင်ပိတ်ကားထက်မှာ ပရိသတ်တွေကြည့်ရှူခံစားရတော့မှာဖြစ်ပါတယ်။

မြင့်မြတ်၊ မိုးအောင်ရင်၊ ရွှေမှုံရတီ နဲ့ နေနော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အပြင် အခြားအနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဘဝပေး အက်ရှင် ဇာတ်ကြမ်းကားတွေနဲ့ အရမ်းလိုက်ဖက်တဲ့ မင်းသားဖြစ်တဲ့ မြင့်မြတ်တဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမယ့်အပြင် အနုပညာလောကမှာ တဖန်ပြန်လည် ခြေချလာတော့မယ့် မင်းသားမိုးအောင်ရင်တို့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ပုံတွေကို ကြည့်ရှူကြရမှာပါ။ ဒါ့ပြင် မင်းသမီးချောလေးဖြစ်တဲ့ ရွှေမှုံရတီကိုလည်း မတူညီတဲ့ ဇာတ်ကောင်ပုံစံလေးနဲ့ မြင်တွေ့ရမှာမို့ အခုကတည်း ပရိသတ်တွေ စိတ်ခုန်နေကြမှာပါ။

ပရိသတ်တွေ‌စောင့်ဆိုင်းနေတဲ့ အောက်စီဂျင်ရုပ်ရှင်ဇာတ်ကားကြီးကတော့ ယခုဆိုရင် ရိုက်ကူးမှုတွေပြီးဆုံးသွားခဲ့ပြပြီဖြစ်ပါတယ်။ ရိုက်ကူးရေးနောက်ဆုံးနေ့မှာ အကောင်းဆုံး ကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့အတူ မြင့်မြတ်၊ မိုးအောင်ရင်၊ ရွှေမှုံရတီ တို့ သုံးယောက်ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒီတော့ ဒါရိုက်တာ နေပိုင်ရဲ့ အောင်စီဂျင် ဇာတ်ကားကြီးက ဘယ်လို ရသမျိုးတွေခံစားချက်တွေပေးနိုင်မလဲဆိုတာကိုတော့ CeleZone ပရိသတ်ကြီးက ဆက်လက်စောင့်ကြည့်အားပေးလိုက်ကြပါအုံးနော်။

Source: Myat Wai Tun

NORA:CeleZone

(Zawgyi ြဖင့်ဖတ်ရန်)

မၾကာခင္မွာ ၾကည့္ရွဴရေတာ့မယ့္ ဒါ႐ိုက္တာေနပိုင္႐ိုက္ကူးပုံေဖာ္ထားတဲ့ ေအာက္စီဂ်င္႐ုပ္ရွင္ဇာတ္ကား

လတ္တေလာမွာ ႐ိုက္ကူးေနတဲ့ ဒါ႐ိုက္တာ ေနပိုင္ရဲ႕ ေအာက္စီဂ်င္႐ုပ္ရွင္ဇာတ္ကားႀကီးက အက္ရွင္ ဒရမ္မာကားတစ္ကားျဖစ္တဲ့ အျပင္ ပရိသတ္ေတြခ်စ္တဲ့ မင္းသား မင္းသမီးေတြမ်ားစြာပါဝင္တာေၾကာင့္ ပရိသတ္ေတြက ေစာင့္ဆိုင္းေနရတဲ့ ကားတစ္ကားပါ။ ပရိသတ္ေတြအတြက္ ႀကိဳးစား႐ိုက္ကူးေနၾကတဲ့ ႐ိုက္ကြင္းပုံရိပ္ေတြကို အဆက္မျပတ္တင္ေပးခဲ့ၿပီး မၾကာခင္အခ်ိန္အတြင္းမွာပဲ ႐ုပ္ရွင္ပိတ္ကားထက္မွာ ပရိသတ္ေတြၾကည့္ရွဴခံစားရေတာ့မွာျဖစ္ပါတယ္။

ျမင့္ျမတ္၊ မိုးေအာင္ရင္၊ ေ႐ႊမႈံရတီ နဲ႔ ေနေနာ္တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အျပင္ အျခားအႏုပညာရွင္မ်ားစြာပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ကားတစ္ကားျဖစ္ပါတယ္။ ဘဝေပး အက္ရွင္ ဇာတ္ၾကမ္းကားေတြနဲ႔ အရမ္းလိုက္ဖက္တဲ့ မင္းသားျဖစ္တဲ့ ျမင့္ျမတ္တဲ့ အေကာင္းဆုံး သ႐ုပ္ေဆာင္ခ်က္ေတြကို ေတြ႕ျမင္ရမယ့္အျပင္ အႏုပညာေလာကမွာ တဖန္ျပန္လည္ ေျခခ်လာေတာ့မယ့္ မင္းသားမိုးေအာင္ရင္တို႔ရဲ႕ ပီျပင္တဲ့ သ႐ုပ္ေဆာင္ပုံေတြကို ၾကည့္ရွဴၾကရမွာပါ။ ဒါ့ျပင္ မင္းသမီးေခ်ာေလးျဖစ္တဲ့ ေ႐ႊမႈံရတီကိုလည္း မတူညီတဲ့ ဇာတ္ေကာင္ပုံစံေလးနဲ႔ ျမင္ေတြ႕ရမွာမို႔ အခုကတည္း ပရိသတ္ေတြ စိတ္ခုန္ေနၾကမွာပါ။

ပရိသတ္ေတြ‌ေစာင့္ဆိုင္းေနတဲ့ ေအာက္စီဂ်င္႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ယခုဆိုရင္ ႐ိုက္ကူးမႈေတြၿပီးဆုံးသြားခဲ့ျပၿပီျဖစ္ပါတယ္။ ႐ိုက္ကူးေရးေနာက္ဆုံးေန႔မွာ အေကာင္းဆုံး ႀကိဳးစားခဲ့ၾကတဲ့ အႏုပညာရွင္ေတြနဲ႔အတူ ျမင့္ျမတ္၊ မိုးေအာင္ရင္၊ ေ႐ႊမႈံရတီ တို႔ သုံးေယာက္ရဲ႕ ႐ိုက္ကြင္းပုံရိပ္ေလးေတြကိုလည္း ျမင္ေတြ႕ရမွာပါ။ ဒီေတာ့ ဒါ႐ိုက္တာ ေနပိုင္ရဲ႕ ေအာင္စီဂ်င္ ဇာတ္ကားႀကီးက ဘယ္လို ရသမ်ိဳးေတြခံစားခ်က္ေတြေပးႏိုင္မလဲဆိုတာကိုေတာ့ CeleZone ပရိသတ္ႀကီးက ဆက္လက္ေစာင့္ၾကည့္အားေပးလိုက္ၾကပါအုံးေနာ္။