မိုးအရမ်းရွာပြီး ရှုတင်ပျက်သွားခဲ့တဲ့အတွက် အချိန်ကို အကျိုးရှိရှိ ဘယ်လိုအသုံးချခဲ့သလဲဆိုတာကို ပြောပြခဲ့တဲ့အူဝဲနဲ့မယ်လိုဒီ

Posted on

ချစ်ပရိတ်သတ်တို့ရေ… သရုပ်ဆောင်တာအရမ်းတော် အရမ်းကောင်းလွန်းတဲ့အတွက် အကယ်ဒမီဆုတွေကို အသီးသီးပိုင်ဆိုင်ခွင့်ရထားကြတဲ့ မင်းသမီးချောလေး အူဝဲနဲ့ မယ်လိုဒီတို့ကို မသိတဲ့သူမရှိပါဘူးနော်။ သူမတို့ဟာ လက်ရှိမှာ ချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးလေးကိုလည်း ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ နာမည်ကျော်အနုပညာရှင်လေးတွေလည်းဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ မင်းသမီးကောင်းလည်း ပီသသလို အိမ်ထောင်ရှင်မကောင်းလည်း ပီသကြတာကြောင့် ပရိသတ်တွေအရမ်းပဲ အချစ်ပိုနေခဲ့ရပါတယ်။

သူမတို့ရဲ့ သားသမီးလေးတွေဟာလည်း ထူးချွန်ထက်မြက်သူလေးတွေဖြစ်ကြတဲ့အတွက် ၀န်းရံအားပေးတဲ့ ပရိသတ်တွေအများအပြားရှိပြီး ဘယ်သွားသွားမျက်နှာပွင့်လို့နေခဲ့ရပါဝာယ်။ ဒီလိုဒိတ်ဒိတ်ကြဲ မင်းသမီးချောနှစ်ယောက်ဟာ အခုတစ်ခါမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို နှစ်ဦးသားပုံဖော်နေခဲ့ကြပါတယ်။ လက်ရှိမှာတော့ သူမတို့နှစ်ဦးဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကိုရောက်ရှိလို့နေခဲ့ပြီးတော့ သူမတို့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာကိုတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ သူမတို့နှစ်‌ယောက်ဟာ ရိုက်ကူးရေးလုပ်ရင်းနဲ့ မိုးရွားလာတဲ့ အတွက် Shootingနားပြီး ညီအမနှစ်ယောက်သား အချိန်ကိုအကျိုးရှိရှိအသုံးချခဲ့တာလေး‌တွေကိုပြောပြခဲ့ပါတယ် ။ ” မနေ့က မိုးတွေရွာလို့ ရှုတင်ပျက်သွားတော့ shopping လေးထွက်လိုက်ပါတယ်ကွယ်…”ဆိုတဲ့ Captionလေးနဲ့အတူ အူဝဲကတော့ သူမတို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့pageမှာတင်ထားပေးခဲ့သလို မယ်လိုဒီကလည်း “မိုးတွေရွာ shooting နား shopping ထွက် အစားတွေစား မင်းကိုလွမ်း ချာတိတ်ကိုချစ်တဲ့မ”ဆိုပြီးတော့စနောက်ရေးသားခဲ့ပြန်ပါတယ်။ ဒါ့အပြင် မယ်လိုဒီကိုလည်း အူဝဲကိုယ်တိုင် ဓာတ်ပုံဆရာမကြီးလုပ်ကာ စိတ်ရှည်လက်ရှည်နဲ့ ဓာတ်ပုံလိုက်ရိုက်ပေးရင်း ပျော်ပျော်ရွှင်ရွှင်လည်ပတ်ခဲ့ကြပါတယ်။ကဲ… အူဝဲတို့ရဲ့ ဘာလီကျွန်းအမှတ်တရပုံရိပ်လေးတွေကို CeleZoneပရိသတ်တွေအတွက် အခုပဲပြန်လည်မျှ‌ဝေပေးလိုက်ပါတယ်နော်။

Source : Eaindra Kyaw Zin
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

မိုးအရမ္း႐ြာၿပီး ရႈတင္ပ်က္သြားခဲ့တဲ့အတြက္ အခ်ိန္ကို အက်ိဳးရွိရွိ ဘယ္လိုအသုံးခ်ခဲ့သလဲဆိုတာကို ေျပာျပခဲ့တဲ့အူဝဲနဲ႔မယ္လိုဒီ

 

ခ်စ္ပရိတ္သတ္တို႔ေရ… သ႐ုပ္ေဆာင္တာအရမ္းေတာ္ အရမ္းေကာင္းလြန္းတဲ့အတြက္ အကယ္ဒမီဆုေတြကို အသီးသီးပိုင္ဆိုင္ခြင့္ရထားၾကတဲ့ မင္းသမီးေခ်ာေလး အူဝဲနဲ႔ မယ္လိုဒီတို႔ကို မသိတဲ့သူမရွိပါဘူးေနာ္။ သူမတို႔ဟာ လက္ရွိမွာ ခ်မ္းေျမ့ေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးေလးကိုလည္း ကိုယ္စီပိုင္ဆိုင္ထားၾကတဲ့ နာမည္ေက်ာ္အႏုပညာရွင္ေလးေတြလည္းျဖစ္ပါတယ္။ ႏွစ္ေယာက္စလုံးဟာ မင္းသမီးေကာင္းလည္း ပီသသလို အိမ္ေထာင္ရွင္မေကာင္းလည္း ပီသၾကတာေၾကာင့္ ပရိသတ္ေတြအရမ္းပဲ အခ်စ္ပိုေနခဲ့ရပါတယ္။

သူမတို႔ရဲ႕ သားသမီးေလးေတြဟာလည္း ထူးခြၽန္ထက္ျမက္သူေလးေတြျဖစ္ၾကတဲ့အတြက္ ဝန္းရံအားေပးတဲ့ ပရိသတ္ေတြအမ်ားအျပားရွိၿပီး ဘယ္သြားသြားမ်က္ႏွာပြင့္လို႔ေနခဲ့ရပါဝာယ္။ ဒီလိုဒိတ္ဒိတ္ႀကဲ မင္းသမီးေခ်ာႏွစ္ေယာက္ဟာ အခုတစ္ခါမွာေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကားကို ႏွစ္ဦးသားပုံေဖာ္ေနခဲ့ၾကပါတယ္။ လက္ရွိမွာေတာ့ သူမတို႔ႏွစ္ဦးဟာ ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးေရးအတြက္ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္းကိုေရာက္ရွိလို႔ေနခဲ့ၿပီးေတာ့ သူမတို႔ရဲ႕ လႈပ္ရွားမႈပုံရိပ္ေလးေတြကို လူမႈစာမ်က္ႏွာေပၚမွာတင္ထားခဲ့တာကိုေတြ႕ရပါတယ္။

ဒီတစ္ခါမွာေတာ့ သူမတို႔ႏွစ္‌ေယာက္ဟာ ႐ိုက္ကူးေရးလုပ္ရင္းနဲ႔ မိုး႐ြားလာတဲ့ အတြက္ Shootingနားၿပီး ညီအမႏွစ္ေယာက္သား အခ်ိန္ကိုအက်ိဳးရွိရွိအသုံးခ်ခဲ့တာေလး‌ေတြကိုေျပာျပခဲ့ပါတယ္ ။ ” မေန႔က မိုးေတြ႐ြာလို႔ ရႈတင္ပ်က္သြားေတာ့ shopping ေလးထြက္လိုက္ပါတယ္ကြယ္…”ဆိုတဲ့ Captionေလးနဲ႔အတူ အူဝဲကေတာ့ သူမတို႔ရဲ႕ အမွတ္တရပုံရိပ္ေလးေတြကို သူမရဲ႕pageမွာတင္ထားေပးခဲ့သလို မယ္လိုဒီကလည္း “မိုးေတြ႐ြာ shooting နား shopping ထြက္ အစားေတြစား မင္းကိုလြမ္း ခ်ာတိတ္ကိုခ်စ္တဲ့မ”ဆိုၿပီးေတာ့စေနာက္ေရးသားခဲ့ျပန္ပါတယ္။ ဒါ့အျပင္ မယ္လိုဒီကိုလည္း အူဝဲကိုယ္တိုင္ ဓာတ္ပုံဆရာမႀကီးလုပ္ကာ စိတ္ရွည္လက္ရွည္နဲ႔ ဓာတ္ပုံလိုက္႐ိုက္ေပးရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လည္ပတ္ခဲ့ၾကပါတယ္။ကဲ… အူဝဲတို႔ရဲ႕ ဘာလီကြၽန္းအမွတ္တရပုံရိပ္ေလးေတြကို CeleZoneပရိသတ္ေတြအတြက္ အခုပဲျပန္လည္မွ်‌ေဝေပးလိုက္ပါတယ္ေနာ္။