ချစ်သက်တမ်း (၄)နှစ်နဲ့ (၂)လပြည့်တဲ့နေ့မှာ ချစ်သူလေးလုပ်ပေးတဲ့ surpriseလေးကြောင့် ပျော်ရွှင်ခဲ့ရတဲ့ ဝါဆိုမိုးဦး

Posted on

ပရိသတ်တွေကြားမှာ ရေပန်းစားပေါ်ပြူလာဖြစ်လို့‌နေတဲ့ အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲကတော့ မင်းသမီးချောလေး ဝါဆိုမိုးဦးနဲ့ အဆိုတော်ဖြိုးလေးတို့ စုံတွဲပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေအခိုင်အမာနဲ့လျှောက်လှမ်းနေကြသူတွေလည်းဖြစ်တဲ့အပြင် တစ်ဦးနဲ့ တစ်ဦး အပေးအယူမျှမျှနဲ့ လက်တွဲလာခဲ့ကြတာဟာ အခုဆိုရင် ချစ်သူသက်တမ်း (၄)နှစ်နဲ့ (၂)လတင်းတင်းပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။

 

နာမည်ကျော်အနုပညာရှင်တွေဖြစ်ပေမယ့် ပရိသတ်တွေကို အရမ်းချစ်ပြီးတော့ အလေးထားတတ်တာကြောင့် ပရိသတ်တွေကလည်း သူမတို့စုံတွဲလေးကို အားကျအချစ်ပိုလို့နေခဲ့ရပါတယ်။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ၊ စိတ်ကောက်လိုက်ပြန်ချော့လိုက်နဲ့ သူမတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးတွေ အမှတ်တရပုံရိပ်လေးတွေကလည်း တင်လိုက်တာနဲ့ ကြည့်ရှုတဲ့ ပရိသတ်တွေအရမ်းပဲများပြားလို့နေခဲ့ပါတယ်။ ဖြိုးလေးဟာ သူတို့နဲ့ အမှတ်တရနေ့လေးတွေ Anniနေ့လေးတွေဆိုရင် ချစ်သူလေး ဝါဆိုမိုးဦးအတွက် အမှတ်တရ‌လေးတွေလုပ်ပေးလေ့ရှိပြီးတော့ အခုတစ်ခါမှာလည်း (၄)နှစ်နဲ့(၂)လပြည့်အတွက် အမှတ်တရလေးတစ်ခုဖန်တီးပေးခဲ့ပြန်ပါတယ်။

 

အလုပ်တွေမအားတဲ့ ကြားကနေချစ်သူလေးအမှတ်တရဖြစ်ပြီး ပျော်ရွှင်နိုင်ဖို့အတွက် ဖြိုးလေးဟာ ညဘက်ကြီးကတည်းက ဝါဆိုရဲ့ အခန်းရှေ့ထိကို ပန်းစည်းတစ်ပွေ့ကြီးနဲ့ သွားကာ Surpriseလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဝါဆိုတစ်ယောက် မထင်မှတ်ဘဲ surpriseအတိုက်ခံလိုက်ရတဲ့အတွက် အရမ်းလည်းပျော်ရွှင်ခဲ့သလို အမှတ်တရလည်းဖြစ်ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်လေးတွေကိုတော့ ဖြိုးလေးရော ဝါဆိုရောနှစ်ယောက်စလုံး သူတို့ရဲ့ Mydayလေးတွေမှာအမှတ်တရတင်ထားခဲ့တာကိုတွေ့ရပါတယ်နော်။ ကဲ… ဒီလိုမျိုးတစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိရှိနဲ့ အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးအတွက် အမှတ်တရနေ့လေးမှာဆုမွန်ကောင်းလေးတောင်းပေးခဲ့ကြပါအုန်း CeleZoneပရိသတ်တို့ရေ….

 

 


;

Source : War So Moe Oo
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

ခ်စ္သက္တမ္း (၄)ႏွစ္နဲ႔ (၂)လျပည့္တဲ့ေန႔မွာ ခ်စ္သူေလးလုပ္ေပးတဲ့ surpriseေလးေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ရတဲ့ ဝါဆိုမိုးဦး

 

ပရိသတ္ေတြၾကားမွာ ေရပန္းစားေပၚျပဴလာျဖစ္လို႔‌ေနတဲ့ အႏုပညာရွင္စုံတြဲေတြထဲက တစ္တြဲကေတာ့ မင္းသမီးေခ်ာေလး ဝါဆိုမိုးဦးနဲ႔ အဆိုေတာ္ၿဖိဳးေလးတို႔ စုံတြဲပဲျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးစလုံးဟာ အႏုပညာလမ္းေၾကာင္းေပၚမွာ ပရိသတ္ေတြအခိုင္အမာနဲ႔ေလွ်ာက္လွမ္းေနၾကသူေတြလည္းျဖစ္တဲ့အျပင္ တစ္ဦးနဲ႔ တစ္ဦး အေပးအယူမွ်မွ်နဲ႔ လက္တြဲလာခဲ့ၾကတာဟာ အခုဆိုရင္ ခ်စ္သူသက္တမ္း (၄)ႏွစ္နဲ႔ (၂)လတင္းတင္းျပည့္သြားခဲ့ၿပီပဲျဖစ္ပါတယ္။

နာမည္ေက်ာ္အႏုပညာရွင္ေတြျဖစ္ေပမယ့္ ပရိသတ္ေတြကို အရမ္းခ်စ္ၿပီးေတာ့ အေလးထားတတ္တာေၾကာင့္ ပရိသတ္ေတြကလည္း သူမတို႔စုံတြဲေလးကို အားက်အခ်စ္ပိုလို႔ေနခဲ့ရပါတယ္။ ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္ ၊ စိတ္ေကာက္လိုက္ျပန္ေခ်ာ့လိုက္နဲ႔ သူမတို႔ႏွစ္ေယာက္ရဲ႕ ဗီဒီယိုေလးေတြ အမွတ္တရပုံရိပ္ေလးေတြကလည္း တင္လိုက္တာနဲ႔ ၾကည့္ရႈတဲ့ ပရိသတ္ေတြအရမ္းပဲမ်ားျပားလို႔ေနခဲ့ပါတယ္။ ၿဖိဳးေလးဟာ သူတို႔နဲ႔ အမွတ္တရေန႔ေလးေတြ Anniေန႔ေလးေတြဆိုရင္ ခ်စ္သူေလး ဝါဆိုမိုးဦးအတြက္ အမွတ္တရ‌ေလးေတြလုပ္ေပးေလ့ရွိၿပီးေတာ့ အခုတစ္ခါမွာလည္း (၄)ႏွစ္နဲ႔(၂)လျပည့္အတြက္ အမွတ္တရေလးတစ္ခုဖန္တီးေပးခဲ့ျပန္ပါတယ္။

အလုပ္ေတြမအားတဲ့ ၾကားကေနခ်စ္သူေလးအမွတ္တရျဖစ္ၿပီး ေပ်ာ္႐ႊင္ႏိုင္ဖို႔အတြက္ ၿဖိဳးေလးဟာ ညဘက္ႀကီးကတည္းက ဝါဆိုရဲ႕ အခန္းေရွ႕ထိကို ပန္းစည္းတစ္ေပြ႕ႀကီးနဲ႔ သြားကာ Surpriseလုပ္ေပးခဲ့တာပဲျဖစ္ပါတယ္။ ဝါဆိုတစ္ေယာက္ မထင္မွတ္ဘဲ surpriseအတိုက္ခံလိုက္ရတဲ့အတြက္ အရမ္းလည္းေပ်ာ္႐ႊင္ခဲ့သလို အမွတ္တရလည္းျဖစ္ခဲ့ပါတယ္။ ဒီဗီဒီယိုဖိုင္ေလးေတြကိုေတာ့ ၿဖိဳးေလးေရာ ဝါဆိုေရာႏွစ္ေယာက္စလုံး သူတို႔ရဲ႕ Mydayေလးေတြမွာအမွတ္တရတင္ထားခဲ့တာကိုေတြ႕ရပါတယ္ေနာ္။ ကဲ… ဒီလိုမ်ိဳးတစ္ေယာက္အေပၚတစ္ေယာက္ သစၥာရွိရွိနဲ႔ အရမ္းခ်စ္ၾကတဲ့ ခ်စ္သူႏွစ္ဦးအတြက္ အမွတ္တရေန႔ေလးမွာဆုမြန္ေကာင္းေလးေတာင္းေပးခဲ့ၾကပါအုန္း CeleZoneပရိသတ္တို႔ေရ….