ပါးစပ်အဟောင်းသားဖြစ်သွားရလောက်အောင် sexyကျကျနဲ့ အကြမ်းစားကပြလိုက်တဲ့ ချီချီရဲ့ ဗီဒီယိုဖိုင်

Posted on

ချီချီလို့ ပရိတ်သတ်တွေချစ်စနိုးနဲ့ ခေါ်ခေါ်နေကြတဲ့ မင်းသမီးချောလေးနေခြည်ဦးဟာ အခုနောက်ပိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ရှိန်ထိုးရရှိလာခဲ့တဲ့ လူငယ်အနုပညာရှင်တစ်ယောက်ပါ။ သွက်သွက်လက်လက်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ သူမရဲ့ အပြုအမူတွေနဲ့ စကားပြောပုံလေးတွေက သူများတွေနဲ့ မတူပဲ ထူးထူးခြားခြားလေးမို့ ယောက်ျားလေးပရိသတ်တွေထက် မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုအပြည့်အဝပိုင်ဆိုင်ထားခဲ့ရပါတယ်။

သူမဟာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေလျက်ရှိပြီးတော့ ကြော်ငြာတွေလည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေခဲ့ရပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မိုရီဆာကီအ၀င်း ၊ အောင်လေး ၊ အုပ်စိုးခန့် တို့နဲ့အတူ သူမပါ၀င်သရုပ်ဆောင်ထားတဲ့ “အိမ်မက်တွေမိုးထားတဲ့အိမ် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကြီးဟာဆိုရင်လည်း မကြာခင်မှာ Mntv ရုပ်သံလိုင်းကနေပြီးတော့ ထုတ်လွှင့်ပြသပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် ချီချီကို ထူးထူးခြားခြားဇာတ်ကောင်ပုံ‌စံလေးအနေနဲ့ထပ်မံတွေ့မြင်ရအုန်းမှာပါ။

ချီချီဟာ သရုပ်ဆောင်တဲ့အပိုင်းမှာတင်သာမကဘဲ အကလည်းဝါသနာပါသူလေးတစ်ယောက်လည်း ဖြစ်ပါ‌သေးတယ် ။ ဒါကြောင့် သူမဟာ မအားအားတဲ့ကြားကနေ မကြာခဏဆိုသလို အပျော်သဘောနဲ့  Tik Tokလေးတွေရိုက်ပြီး သူမရဲ့အမိုက်စားကကွက် ဗီဒီယိုဖိုင်လေးတွေကို မျှဝေ‌ပေးတတ်ပါသေးတယ်။ အခုလည်း မျက်နှာပြောင်ပြီးတော့ ကွေးနေအောင်ကထားတဲ့ သူမရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်တွေကို ရင်အခုန်မြန်စေပြန်ခဲ့ပါတယ်။ လျှာလေးကိုထုတ်ထုတ်ပြီးတော့ sexyကျကျကကွက်လေးနဲ့ ဒွန့်နေတဲ့ဗီဒီယိုလေးက ပရိသတ်တွေကြားမှာရေပန်းလည်းစားလို့နေခဲ့ပါတယ်။ ကဲ… ချီချီတစ်ယောက်ဘယ်လိုတွေ အမိုက်စားကပြထားပြန်ပြီလည်းဆိုဝာ ကြည့်လိုက်ရအောင် ချစ်ပရိသတ်တို့ရေ….

</
>

Source : Nay Chi Oo
Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)



